
Jenny
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ပုစွန် – ၃၀၀ ဂရမ်
ဆန် – ၁၂၀ ဂရမ် (ရေဆေးထားပါ)
ဆီ – စားပွဲဇွန်း ၃ ဇွန်း
စပါးလင် – စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်နီ – စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ချင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးအနှစ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပတဲကော – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နံနံမြစ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
မှို – ၁၀ ဂရမ်
ရေ – ၂၀၀ မီလီလီတာ
ခ်က္နည္း
ပြုလုပ်နည်း
ပထမဆုံး ကြက်သွန်နီ၊ စပါးလင်၊ ချင်း၊ ပတဲကော၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအနှစ်တို့ကိုရောပြီး ထောင်းထားပါ။ ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် ထောင်းထားတဲ့ အနှစ်တွေ ထည့်ပြီး ဆီသတ်ပါ။ ဆီသတ်လို့မွှေးလာရင် ရေဆေးထားတဲ့ ဆန်ကိုထည့်ပြီး မွှေပါ။ ပြီးလျှင် ငရုတ်ကောင်းမှုန့်၊ မှို၊ ရေတို့ထည့်ပြီး အဖုံးအုပ်တည်ထားပါ။ ပြီးလျှင် အိုးတစ်ခုထဲကို ဆီထည့်ပါ။ ဆီပူလာရင် ပုစွန်ကို ငရုတ်ကောင်းမှုန့်နဲ့ ဆားဖြူးပြီး အရောင်ပြောင်းလာတဲ့အထိ ကင်ပါ။ ထမင်းလည်း ရေခန်းပြီး နှပ်လာပြီဆိုရင် ပုစွန်ကင်လေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။