
ဗီယက်နမ်မှာ ချက်စားလေ့ရှိတဲ့ ဒီဗီယက်နမ် အမဲသားခေါက်ဆွဲပြုတ်ဟင်းရည်ကို ဒီတစ်လရဲ့ စိတ်ဝင်စားစရာ အစားအစာတစ်ခုအဖြစ် ဖော်ပြလိုက်ပါတယ်။ အရိုးပြုတ်ရည်ကို အဓိကသုံးပြီး ခေါက်ဆွဲ၊ အသားလွှာတွေ ထည့်ကာ စားရတဲ့ အစားအစာတစ်မျိုးပါ။ အရသာကလည်း သင့်တင့်မျှတပြီး ခံတွင်းတွေ့စေမယ့် အစားအစားတစ်မျိုးပါ။ မိမိကြိုက်နှစ်သက် တဲ့ အရိုးပြုတ်ရည်များဖြင့်လည်း ချက်ပြုတ်နိုင်ပါတယ်။
by Htain Lin Maung for Food Magazine
ပါ၀င္ပစၥည္းမ်ား
အမဲရိုး- ၁ ကီလိုဂရမ်
အမဲပေါင်သား- ၆ဝဝ ဂရမ်
ကြက်သွန်ဖြူ- ၂၀ ဂရမ်
ကြက်သွန်နီ- ၂ လုံး
ချင်း- ၂၀ ဂရမ်
သစ်ကြံပိုးခေါက်- ၁၀ ဂရမ်
နာနတ်ပွင့်- ၄ ပွင့်
ငရုတ်ကောင်းစေ့- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငါးငံပြာရည်- စားပွဲဇွန်း ၅ ဇွန်း
သကြား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်းတောင့်ရှည်- ၂ တောင့်
ပဲပင်ပေါက်- ၃၀ ဂရမ်
သံပရာသီး- ၂ လုံး
ထိုင်းပင်စိမ်းရွက်- ၁ စည်း
ဆန်စီးခေါက်ဆွဲ- ရဝဝ ဂရမ်
ရေ- ၃ လီတာ
ခ်က္နည္း
၁။ အမဲရိုးကို သေချာစွာဆေးပြီး မီးအေးအေးဖြင့် ဦးစွာ ၅ မိနစ်ခန့် ပြုတ်ပါ။ အရိုးပြုတ်ရည်ကို ဆန်ခါဖြင့် စစ်ပြီး အရိုးများကို သီးသန့်ဖယ်ထားပါ။
၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းတို့ကို ထက်ခြမ်းခြမ်းပြီး မီးအေးအေးဖြင့် ကင်ပါ။
၃။ သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်နှင့် ငရုတ်ကောင်းစေ့တို့ကို လှော်ပါ။
၄။ အရိုးပြုတ်ရည်ချက်မည့်အိုးထဲ ဆန်ခါဖြင့် စစ်ထားသော အရိုးများထည့်ပါ။ ကင်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ လှော်ထားသော သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်နှင့် ငရုတ် ကောင်းတို့ကိုထည့်ပါ။ ရေကို အရိုးမြုပ်သည်အထိ ထည့်ပါ။ ဟင်းရည်ထဲ ထည့်စားမည့် အမဲပေါင်သားကိုပါ ထည့်ပြုတ်ပါ။
၅။ အရိုးပြုတ်ရည်ကို အနည်းဆုံး ၁ နာရီခန့် ပြုတ်ပြီးပါက ထည့်ပြုတ်ထားသော အမဲသားကို ဆယ်ယူပါ။ အရိုးပြုတ်ရည် ပိုမိုကောင်းမွန်စေရန် နောက်ထပ် မိနစ် ၃၀ ခန့် ထပ်မံပြုတ်ပါ။ အရိုးပြုတ်ရည်ကို အနည်းဆုံး ၁ နာရီခွဲ၊ ၂ နာရီခန့် ပြုတ်ပြီးပါက ဆန်ခါဖြင့် ပြုတ်ရည်ကို စစ်ယူပါ။ စစ်ယူထားသော အရိုးပြုတ်ရည်ထဲ ငါးငံပြာရည်နှင့် သကြားကို ထည့်မွှေပြီးပါက ခေါက်ဆွဲနှင့် တွဲဖက်စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။
၆။ ပြုတ်ထားသောအမဲသားကို ပါးပါးလှီးပါ။ ပြီးလျှင် ပန်းကန်ထဲ ခေါက်ဆွဲထည့်ပါ။ ပါးပါးလှီး ထားသော အသားလွှာများထည့်ပါ။ အသားလွှာပေါ်မှာ ပြုတ်ရည်ပူပူကို လောင်းထည့်ပါ။ ပဲပင်ပေါက်၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ပါးပါးလှီးထားသော ငရုတ်သီးတောင့်နှင့် ထိုင်းပင်စိမ်းရွက်တို့ကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။