
by တင္တင္ဦး for Food Magazine
ပါဝင်ပစ္စည်းများ
အမဲကြိတ်သား – ၁၀ ကျပ်သား
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်ဖြူ – ၁ လုံး
မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဇီရာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းချက်အနှစ် – စားပွဲဇွန်း ၁/၂ ဇွန်း
ငရုတ်ပွ – ၁ လုံး
ခရမ်းချဉ်သီး – ၂ လုံး
ချင်း – အနည်းငယ်
ဆား – အနည်းငယ်
ကြက်သားမှုန့် – အနည်းငယ်
ဆီ – အနည်းငယ်
ပြုလုပ်နည်း
၁။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်ပွကို လေးထောင့်အရွယ်လေးများ လှီးထားပါ။ ချင်းကို အခွံနွှာပြီး တောက်တောက်စဉ်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။
၂။ ကြော်မည့်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာလျှင် ဇီရာကို ထည့်၍ ကြော်ပါ။ တောက် တောက်စဉ်းထားတဲ့ ချင်းကို ထည့်ပါ။ အနံ့မွှေးလာသည့်အခါ အမဲကြိတ်သားကို ထည့်ကြော် ပါ။ ၃ မိနစ်ခန့်ကြာချိန်မှာ မဆလာ၊ ကြက်သွန်နီ/ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွနှင့် အရသာ
အားလုံးကို ထည့်ပြီး ကြော်ပါ။