
ဒါပေမဲ့ အင်္ဂလန်မှာက ကြက်အူကို လုံးဝမရောင်းပေးပါဘူးနော်။ ကျန်းမာရေးဥပဒေအရတွေဘာတွေနဲ့ တောင်းတောင်းပန်ပန် ၀ယ်တာတောင် မရပါဘူး။ ဒီဟင်းပွဲလေးကတော့ ကျွန်မ မြန်မာပြည်ပြန်တုန်း အဖေ့ဆိုင်မှာ ကျွန်မအစ်မတစ်ဝမ်းကွဲ (လှည်းတန်းဓနုဖြူ စတင်တည်ထောင်စဉ်ကစလို့ အမေ့နားမှာ အတူ လုပ်ကိုင်ပေးခဲ့တဲ့ အမေ့တူမ) မလှလှမိုးကသင်ပြပြီးအတူ ချက်ခဲ့ကြတဲ့ အမှတ်တရဟင်းလေးပါ။ ဒီအစ်မက ကျွန်မ အမေရဲ့ လက်ထွက်ဖြစ်ပြီး အမေ့ရဲ့လက်ရာကို သမီးတွေထက် ပိုမှီတယ်လို့ဆိုကြပါစို့။ မပြန်ခင်တစ်ရက်က ချက်တဲ့ဟင်း။ ဒီဟင်းမှမစားရရင် အင်္ဂလန်မပြန်သေးဘူးလို့ ပြောလိုက်တာ နဲ့ ချက်ချင်းကို ထချက်ကြဖို့ပြင်တဲ့ အစ်မပါ။ အဲဒီလိုမပြန်မှာ ကြောက်ကြတာပါ။ ကြက်အူက မချက်တတ်ရင် အလွန်ညှီပါ တယ်နော်။ မညှီအောင်ချက်ရအောင် . . . ။
ပါဝင်ပစ္စည်းများ……………• ကြက်အူ – ၁ ပိသာ (၆၅ကီလို)• ခရမ်းချဉ်သီး – ၂ လုံးခွဲ• ချင်း – လက်တစ်စစ်• ကြက်သွန်နီ – ၄ လုံး (အသေး)• ကြက်သွန်ဖြူ – ၁ လုံး
• ငရုတ်သီးခွဲကြမ်း – အစပ် နှစ်သက်သလို • နနွင်း – အနည်းငယ် • အရောင်တင်မှုန့် • စပါးလင် – ၁ ချောင်း • ဆား • ငရုတ်သီးစိမ်း – လက်တစ်ဆုပ်ခန့် • နံနံပင် |
ပြုလုပ်နည်း…………….၁။ စစချင်း ကြက်အူလေးများကို ဓားသေးလေးဖြင့် ခွဲ၍ ဖြစ်စေ၊ ကတ်ကြေးဖြင့် ထိုးခွဲ၍ဖြစ်စေ ခွဲကာ ဆားများများဖြင့် သေချာသန့်စင်အောင် ထပ်ကာထပ်ကာ ဆေးကြော ပေးပါ။ အနေတော် ဖြတ်တောက်ထားပေးပါ။ ပြီးရင် ချင်း ထောင်းပြီးသား အနည်းငယ်၊ ကြက်သွန်ထောင်းပြီးသား အနည်းငယ်တို့ဖြင့် ဆား၊ ကြက်သားမှုန့်တို့ဖြင့် ဆုပ်နယ် ထားပါ။၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးကြမ်းတို့ကို ညက်နေအောင်ထောင်းထားပါ။ ဆီပူတွင် ထောင်းထားသော ငရုတ်သီးကြက်သွန်ကို စပါးလင်ဖြင့်ဆီသတ်ပေးပါ။ ကြက်သွန်အရော ကြွပ်လာပြီဆိုရင် ကြက်အူများကို ထည့်ပြီး ကြာကြာလုံးပေးပါ။ ဆီပြန်လာရင် ရေအနည်း ငယ်စီ အကြိမ်ကြိမ်ထည့် အဖုံးအုပ်လိုက်ဖြင့် နူးသည် အထိ အဖုံးအုပ်ထားပါ။ ကြက်အူများ နူးအိလာရင် ငရုတ်သီးများ၊ နံနံပင်များ အပေါ်ကအုပ်ကာ အဆုံးသတ်နိုင်ပြီ။ |
…………………………….
Htet Family’s Creation
…………………………….