Beef Ball Pasta Soup

မိုးအေးအေးနဲ့ လိုက်ဖက်တဲ့ ဟင်းလျာပါ။ အသားကတော့ မိမိကြိုက်နှစ်သက်တဲ့ အသားနဲ့ အစားထိုးလို့ရသလို အသားလုံးကို အရသာသွင်းရင်လည်း နှစ်သက်သလို ဟင်းခတ်ရွက်၊ အမွှေးအကြိုင်တွေကို သုံးလို့ရပါတယ်။ လုပ်ကြည့်ရအောင်…။

ပါဝင်ပစ္စည်းများ

အမဲသားလုံးနယ်ရန်

အမဲကြိတ်သား –  ၃၀ဝ ဂရမ်

စပါးလင် –  ၁၀ ဂရမ် (နုပ်နုပ်စဉ်း)

ကြက်သွန်နီ –  ၁၀ ဂရမ် (နုပ်နုပ်စဉ်း)

ကြက်သွန်ဖြူ –  ၅ ဂရမ် (နုပ်နုပ်စဉ်း)

ချင်း –  ၅ ဂရမ် (နုပ်နုပ်စဉ်း)

ဆား –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကော်မှုန့် –  ၁၅ ဂရမ်

သံလွင်ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ပါစတာဟင်းရည်လုပ်ရန်

Pasta Saucec  –  ၃၀ဝ ဂရမ်

ပါစတာ –  ၂၀ဝ ဂရမ်

ကြက်သွန်နီ –  ၁၀ ဂရမ် (နုပ်နုပ်စဉ်း)

ကြက်သွန်ဖြူ –  ၅ ဂရမ် (နုပ်နုပ်စဉ်း)

ချင်း –  ၅ ဂရမ် (နုပ်နုပ်စဉ်း)

ပင်စိမ်း –  ၁၀ ဂရမ်

ဆား –  လက်ဖက်ဇွန်း ၂ ဇွန်း

သံလွင်ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ရေ –  ၄၀ဝ မီလီလီတာ (သို့) လိုအပ်သလောက်

ပြုလုပ်နည်း

၁။       ဇလုံတစ်လုံးထဲ အမဲကြိတ်သား၊ စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆားနှင့် ကော်မှုန့်တို့ကို ထည့်၍ စေးလာပြီး သမတဲ့ အထိ နယ်ပါ။ ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်ခန့် နှပ်ထားပါ။ ပြီးလျှင် အနေတော်အသားလုံး လေးများ လုံးပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး မီး အနေတော်နှင့် တည်ပါ။ ပူလာလျှင် အမဲသား လုံးများ ထည့်ပြီး အနံ့သင်း၍ အရောင်ပြောင်း လာပြီး အပေါ်ကြော်တင်းလာလျှင် ရပါပြီ။

၂။       ပါစတာဟင်းရည်ချက်ရန်မှာ အိုးပူလာတဲ့

အခါ သံလွင်ဆီထည့်ပါ။ ကြက်သွန်ဖြူ/နီ၊ ချင်း နှင့် ပင်စိမ်းထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာ တဲ့အခါ ပါစတာဆော့စ်ထည့်ပြီး  ဆားထည့်ပါ။ အပေါ်ကြောတင်းအောင် ကြော်ထားသော အမဲသားလုံးများထည့်ပါ။ ရေထည့်ပြီး ဆူ အောင် တည်ပါ။ မီးမျှဉ်းမျှဉ်းဖြင့် အသားလုံးထဲ အရသာများ ဝင်အောင် မိနစ် ၃၀ ခန့် ချက်ပါ။ ထို့နောက် ပါစတာခေါက်ဆွဲထည့်ပြီး အထုပ်ပါ အညွှန်းအတိုင်း ပါစတာများ ကျက်အောင် ချက်ပါ။ ပြီးလျှင် အရသာမြည်းပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Facebook Comments