
by Win Zaw @ Mario Win Zaw for Food Magazine
ဒီအစားအစာကတော့ ခံတွင်းမြိန်စာလေး ဖြစ်ပါတယ်။ မက္ကဆီကန်က ဆင်းသက်လာတာဖြစ်ပါတယ်။ တချို့က ချစ်ဒါချိစ်ကို သုံးကြပါတယ်။ ဒီနေရာမှာ ကျွန်တော်ကတော့ မိုဇရဲလားချိစ်ကို သုံးထားပါတယ်။ Taco Shell ကို City Mart တွေမှာ ဝယ်ယူလို့ရပါတယ်။
ပါဝင်ပစ္စည်းများ
အမဲသားကြိတ်သား – ၁ဝဝ ဂရမ်
ပါပရီကာမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဇီရာမှုန့် – အနည်းငယ်
ဆား၊ ငရုတ်ကောင်း – အနည်းငယ်
ပန်းငရုတ်ပွ – အနည်းငယ်
ကြက်သွန်ဝါ – ၁/၂ လုံး
ခရမ်းချဉ်သီး – ၁ လုံး
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရိုမိန်းဆလတ်ရွက် – ၃၀ ဂရမ်
မိုဇရဲလားချိစ် – ၆၀ ဂရမ်
ခရမ်းချဉ်သီးဆော့စ် – ၅၀ ဂရမ်
Taco Shell – ၄ ချပ်
မရောနိစ် – သင့်တော်ရုံ
ပြုလုပ်နည်း
၁။ ဦးစွာ အမဲသားကြိတ်သားကို ဆော့တေးထိုးပါ။ ပြီးလျှင် အရသာနှင့် ပန်းငရုတ်ပွ၊ ကြက်သွန်ဝါ နှင့် ခရမ်းချဉ်သီးဆော့စ်တို့ကို ထည့်ပါ။
၂။ ပြီးလျှင် Taco Shell ထဲ ထည့်ပါ။ အပေါ်မှ ခရမ်းချဉ်သီး၊ ရိုမိန်းဆလတ်ရွက်နှင့် မိုဇရဲလားချိစ် တို့ကို တင်ပြီး အာဗင်ထဲ ၂ မိနစ်ခန့် ထည့်ပါ။
၃။ ပြီးလျှင် ပုံထဲကအတိုင်း Tomato Salsa, Pickled Chilli တို့နှင့် တွဲပေးပါ။ အမဲသားတာကို အပေါ်မှာ မရောနိစ်တင်ပေးပါ။