Bolognese Spaghetti

Facebook Comments

by jenny

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

စပါကတီ        – ၄၅၀ ဂရမ်

ကြက်သွန်နီ     – ၄၅ ဂရမ်

မုန်လာဥနီ         – ၄၀ ဂရမ်

တရုတ်နံနံအကြီး       – ၂၀ ဂရမ်

ကရဝေးရွက်      – ၁ ရွက်

ခရမ်းချဉ်သီး        – ၅၀ ဂရမ်

ခရမ်းချဉ်သီးအနှစ်        – ၄၀၀ ဂရမ်

ဟင်းချက်ဝိုင်အနီ         – စားပွဲဇွန်း ၂ ဇွန်း

ဆား       – အနည်းငယ်

သကြား       – အနည်းငယ်

အရသာမှုန့်         – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အမဲသား     – ၄၀၀ ဂရမ် (ကြိတ်သား)

အော်ရီဂါးနိုးအမှုန့်             – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အီတလီပင်စိမ်း          – အနည်းငယ်

ရေ          – ၂၀ မီလီလီတာ

ခ်က္နည္း

ပြုလုပ်နည်း

ရေနွေးအိုးကို ဆား အနည်းငယ် ထည့်ပြီး ဆူအောင် တည်ပါ။ ရေဆူလာရင် စပါကတီခေါက်ဆွဲကို ၁၂ မိနစ်လောက် ထည့်ပြုတ်ထားပါ။ ဒယ်အိုးတစ်ခုထဲကို ဆီ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံအကြီးတို့ကို ထည့်ပြီး ၁၅ မိနစ်လောက် မီးအေးအေးနဲ့ ချက်ထားပါ။ ပြီးလျှင် ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ်၊ ကရဝေးရွက်၊ ဟင်းချက်ဝိုင်အနီ၊ အမဲသား၊ အရသာမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ အော်ရီဂါးနိုးအမှုန့်တို့ကို ထည့်၍ နောက်ဆုံးမှာ ရေထည့်ပြီး တည်ထားပါ။ ရေခန်းသွားပြီဆိုရင် ပြုတ်ထားတဲ့ စပါကတီခေါက်ဆွဲကို ထည့်မွှေပြီး အီတလီပင်စိမ်း အုပ်ကာ သုံးဆောင်နိုင်ပါပြီ။