
by တင်တင်ဦး for Food Magazine
ပါ၀င္ပစၥည္းမ်ား
ကြက်သားအတွက် ပါဝင်ပစ္စည်းများ
ကြက်ကောင်လုံး- ၁ ကောင် (၁၆ဝဝ ဂရမ်)
ချင်း- ၁၅ ဂရမ်
အရသာမှုန့်- စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ်- ၃ ပင်
ကြက်သွန်နီ- ၂ လုံး
ကြက်သွန်ဖြူ- ၂၀ ဂရမ်
ဆား- စားပွဲဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကြည်- စားပွဲဇွန်း ၂ ဇွန်း
ရေ- ၃ လီတာ (ပြုတ်ရန်)
ကြက်ဆီထမင်းအတွက် ပါဝင်ပစ္စည်းများ
ကြက်အဆီ- ၂ဝဝ ဂရမ်
ချင်း- ၅ ဂရမ်
ကြက်သွန်မြိတ်- ၂ ပင်
ကြက်သွန်ဖြူ- ၁၅ ဂရမ်
ဆန် – ၂ ဘူး
ကောက်ညှင်း- ၁/၂ ဘူး
နှမ်းဆီ- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ- ၃ ဘူး
အချဉ်ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ- ၁၅ ဂရမ်
ချင်း- ၅ ဂရမ်
ငရုတ်သီးအနီ- ၇ ဂရမ်
သံပရာသီး- ၂ လုံး
ငံပြာရည်- စားပွဲဇွန်း ၁ ဇွန်း
လိမ္မော်ရည်- စားပွဲဇွန်း ၇ ဇွန်း
ကြက်သွန်မြိတ်ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
ကြက်သွန်မြိတ်- ၃ ပင်
ဆီ- စားပွဲဇွန်း ၄ ဇွန်း
ဆား – အနည်းငယ်
ပဲငံပြာရည်ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
ပဲငံပြာရည်အကြည်- စားပွဲဇွန်း ၂ ဇွန်း
နှမ်းဆီ- စားပွဲဇွန်း ၁ ဇွန်း
ကြက်ပြုတ်ရည်- စားပွဲဇွန်း ၃ ဇွန်း
ခ်က္နည္း
၁။ ကြက်ကောင်လုံးကို ဆားနှင့် သေချာစွာနယ်၍
၅ မိနစ်ခန့်ထားပြီး ရေနှင့် သေချာစွာ ပြန်ဆေးပါ။ ကြက်သားဝမ်းဗိုက်အတွင်းကို ချင်း၊ ကြက်သွန် မြိတ်၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အဆာ သွတ်ပါ။ အိုးထဲ ရေထည့်ပြီး ဆား၊ အရသာမှုန့်နှင့်
ပဲငံပြာရည်အကြည်တို့ကို ထည့်ပြီး ဆူအောင် တည်ပါ။ ရေဆူလာလျှင် ကြက်ကောင်လုံးကို ထည့်ပြီး ၄၅ မိနစ်ခန့် ပြုတ်ပါ။
၂။ ကြက်ဆီထမင်းအတွက် ကြက်သားအဆီကို အိုးထဲ ထည့်ပြီး မီးအေးအေးဖြင့် အဆီထုတ်ပါ။ ရလာ သော ကြက်အဆီထဲ ချင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို ထည့်၍ ဆီသတ်ပြီး ဆန်၊ ကောက်ညှင်း၊ နှမ်းဆီနှင့် ဆားတို့ကို ထည့်၍ သမအောင် မွှေပါ။
၃။ ကြက်ဆီဖြင့် ဆီသတ်ထားသော ဆန်ကို ချက်မည့် ထမင်းပေါင်းအိုးထဲ ထည့်၍ ရေထည့်ပြီး ချက်ပါ။
၄။ ကြက်ဆီထမင်းနှင့် တွဲစားမည့် အချဉ်ဆော့စ် အတွက် ကြက်သွန်ဖြူ၊ ချင်း၊ သံပရာသီး၊ ငရုတ်သီး အနီ၊ လိမ္မော်ရည်နှင့် ငံပြာရည်တို့ကို ရောကြိတ်ပါ။
၅။ ကြက်သွန်မြိတ်ဆော့စ်အတွက် ပါးပါးလှီးထား သော ကြက်သွန်မြိတ်ထဲ ဆား အနည်းငယ်နှင့် ဆီပူပူကို လောင်းထည့်ပါ။
၆။ ပဲငံပြာရည်ဆော့စ်အတွက် ပဲငံပြာရည်အကြည်၊ နှမ်းဆီနှင့် ကြက်ပြုတ်ရည်တို့ကို ထည့်ပြီး မွှေပါ။
၇။ ပြုတ်ထားသော ကြက်သားကို လှီးပြီး ချက်ထားသော ထမင်းဖြင့် အချဉ်ဆော့စ်၊ ကြက်သွန်မြိတ်ဆော့စ်၊ ပဲငံပြာရည်ဆော့စ်တို့နှင့် တွဲဖက်စားသုံးနိုင်ပါပြီ။