
ကြက်သားကို ပုံစံတစ်မျိုးဖြင့် ခံတွင်းတွေ့အောင် ချက်ထားတဲ့ ဟင်းလျာတစ်မျိုးပါ။ အသီးအရွက် စုံစုံလင်လင်ဖြင့် စားချင်စဖွယ်ဖြစ်အောင် ချက်ထားပြီး ထမင်းနဲ့လိုက်ဖက်မှု ရှိအောင်၊ အရသာကို ခံတွင်းတွေ့အောင် ချက်ထားတဲ့ ဟင်းလျာပါ။
by Htin Lin Maung for Food Magazine
ပါ၀င္ပစၥည္းမ်ား
ကြက်သား- ၃ဝဝ ဂရမ်
ကြာစွယ်- ၅၀ ဂရမ်
မုန်လာဥနီ- ၇၀ ဂရမ်
ငရုတ်ပွ- ၄၀ ဂရမ်
မှို- ၃၀ ဂရမ်
ခရမ်းချဉ်သီး- ၅၀ ဂရမ်
ချင်း- ၁၀ ဂရမ်
စပါးလင်- ၁ ပင်
ကြက်သွန်ဖြူ- ၁၀ ဂရမ်
ဆီ- စားပွဲဇွန်း ၂ ဇွန်း
ခရုဆီ- စားပွဲဇွန်း ၂ ဇွန်း
ဆား- လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အရသာမှုန့်- လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ခ်က္နည္း
၁။ ကြက်သား၊ မုန်လာဥနီ၊ မှိုနှင့် ခရမ်းချဉ်သီးတို့ကို လေးထောင့် အတုံးပုံစံလေးများ လှီးပါ။ ကြာစွယ် ကို အဝိုင်းပုံလေးများလှီးပါ။ ကြက်သွန်ဖြူ၊ ချင်းနှင့် စပါးလင်တို့ကို အချောင်းပုံစံပါးပါးလေးများ လှီးပါ။
၂။ အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ချင်းနှင့် စပါးလင်တို့ကို ဆီသတ်ပါ။
၃။ ကြက်သားကို ဆား၊ အရသာမှုန့်တို့နှင့် နယ်၍ အိုးထဲထည့်ပြီး ၃ မိနစ်ခန့် ကြော်ပါ။ လှီးထားသော အသီးအရွက်များကို ထည့်ပါ။ ခရုဆီနှင့် ရေအနည်းငယ်ထည့်ပြီး အသီးအရွက်များကျက်အောင် ချက်ပါ။ အရသာမြည်းပြီး ထမင်းနှင့် တွဲဖက် စားသုံးနိုင်ပါပြီ။