ကြက်သားအုန်းနို့ချက်

ဒီဟင်းလျာလေးကလည်း ပုံမှန်ချက်နည်းလေးအတိုင်း ချက်တာပါပဲ။ ပြီးမှ အုန်းနို့ လေးထည့်လိုက်တာပါ။ အုန်းထမင်းကြိုက်ပြီး အချိန်မပေးနိုင်သေးတဲ့ အချိန်မှာ ဟင်း အနှစ်နဲ့ နယ်စားရင် အုန်းထမင်းအရသာလေးရစေလို့ အချိန်ကုန်လည်း သက်သာပြီး စားကောင်း စေတဲ့ ဟင်းတစ်မည်ပါ။

Facebook Comments

by ပန်းခရေ for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကြက်ရင်ပုံသား-  ၂၅ ကျပ်သား

ကြက်သွန်နီ-  ၁၀  ကျပ်သား

ကြက်သွန်ဖြူအမြွှာသေးသေး-  ၃ မြွှာခန့်

အုန်းနို့-  ပန်းကန်လုံးအသေး ၁ လုံး

ဆီ-  ၅ ကျပ်သား

နနွင်းမှုန့်-  အနည်းငယ်

အရောင်တင်မှုန့်-  စားပွဲဇွန်း ၁/၂ ဇွန်း

ငရုတ်ခြောက်တောင့်သေးသေး-  ၁၀ တောင့်ခန့်

ဆား-  လက်ဖက်ရည်ဇွန်း ၂  ဇွန်း

သကြား-  စားပွဲဇွန်း ၁/၂ ဇွန်း

ခ်က္နည္း

ကြက်သားကို ရေဆေး၍ သန့်စင်ပြီး လက်တစ်ဆစ် အတုံးလေးများလှီး၍ ဆား၊ နနွင်းမှုန့်နှင့် နယ်ထားပါ။ ကြက်သွန်နီတစ်ဝက်နှင့် အရောင်တင်မှုန့်၊ ကြက်သွန်ဖြူ

တို့နှင့် ရောထောင်းထားပါ။ ကျန်ကြက်သွန်နီတစ်ဝက်ကို ၄ စိတ် လှီးထားပါ။ ဆီပူလာ

လျှင် ငရုတ်ခြောက်တောင့်များကို ကြော်ပြီး ဆယ်ယူထားပါ။ ကျန်ဆီထဲ ထောင်းထား

သော ငရုတ်နှစ်များကို ထည့်ပြီး ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ကြက်သား ထည့်ပြီး ဆီသတ်ပါ။ ရေနွေးအနည်းငယ်ထည့်ပြီး ကြက်သားနူးအောင် တည်ပါ။ စိတ်ထားသော ကြက်သွန်ဥများထည့်ပါ။ ရေခန်းလာလျှင် အုန်းနို့၊သကြားနှင့် ဆားခတ် ပြီး မီးလျှော့ကာ မီးအေးအေးနှင့် ဆီပြန်လာအောင် တည်ပါ။ ဆီပြန်ခါနီးလျှင် ငရုတ် ခြောက်တောင့်များကို ခတ်ပါ။