ခရမ်းချဉ်သီးထမင်းနှင့် ကြက်သားကြော်

Facebook Comments

by တင်တင်ဦး for Food Magazine

ပါ၀င္ပစၥည္းမ်ား

ဆန်-  ၂ ဘူး

ခရမ်းချဉ်သီးအနှစ် –  ၃ဝဝ ဂရမ်

သစ်ကြံပိုးခေါက် –  လက်တစ်ဆစ်

ပဲနံ့သာစေ့-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဇီရာ-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်သီးအခြောက်တောင့် –  ၁၀ တောင့်

ဘိန်းစေ့-  ၄၀ ဂရမ်

အုန်းသီးမှုန့် –  ၅၀ ဂရမ်

ရေ –  အနည်းငယ်

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်နီ –  ၂ လုံး

ကြက်သွန်ဖြူ –  ၁၀ ဂရမ်

ငရုတ်သီးအစိမ်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သီဟိုဠ်စေ့ –  ၁၅ ဂရမ်

ဆား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မဆလာ –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နံနံပင် –  အနည်းငယ်

ကြက်သားကြော်အတွက် ပါဝင်ပစ္စည်းများ

ကြက်သား-  ၄၅၀ ဂရမ်

ဆီ –  အလုံအလောက်

Curry Powder –  လက်ဖက်ဇွန်း ၁  ၁/၂ ဇွန်း

ဆား-  လက်ဖက်ဇွန်း ၁/၂ ဇွန်း

သကြား-  လက်ဖက်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်-  လက်ဖက်ဇွန်း ၁/၂ ဇွန်း

ပဲငံပြာရည် –  လက်ဖက်ဇွန်း ၁ ဇွန်း

ပြောင်းဖူးမှုန့်-  လက်ဖက်ဇွန်း ၁ ဇွန်း

ကြက်ဥ-  ၁ လုံး

တန်ပူရာမှုန့် –  ၃၀ ဂရမ်

ခ်က္နည္း

၁။        ထမင်းပေါင်းအိုးနဲ့ ဆန် ၂ ဘူးကို တည်ပါ။ ပြီးလျှင် ဒယ်အိုးတစ်လုံးထဲ သစ်ကြံပိုးခေါက်၊ ပဲနံ့သာစေ့၊ ဇီရာ၊ ငရုတ်သီးအခြောက်တောင့်၊ ဘိန်းစေ့နှင့် အုန်းသီးမှုန့်တို့ကို ထည့်ပြီး လှော်ပါ။

၂။         ကြိတ်စက်ထဲ လှော်ထားတာတွေနဲ့ ရေအနည်းငယ်ထည့်ပြီး ကြိတ်ပါ။ ဒယ်အိုးတစ်လုံး ထဲ ဆီ ၃ ဇွန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအစိမ်းမှုန့်၊ သီဟိုဠ်စေ့နှင့် ခရမ်းချဉ် သီးအနှစ်တို့ကို ထည့်ပြီး မွှေပါ။ ပြီးလျှင် ကြိတ်ထားတဲ့အနှစ်ထည့်၍ ဆားနှင့် မဆလာ ထည့်ပြီး ဆီပြန်အောင် ချက်ပြီးလျှင် ချက်ထားတဲ့ ထမင်းထဲ ရောပြီး နံနံပင်အုပ်ကာ

၅ မိနစ်ခန့် ပြန်နှပ်ထားလိုက်လျှင် ရပါပြီ။

၃။        ခရမ်းချဉ်သီးထမင်းနဲ့ တွဲစားဖို့အတွက် ကြက်သားကြော်ပါမယ်။ ကြက်သားထဲ Curry Powder, ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ပြောင်းဖူးမှုန့်နှင့် ကြက်ဥတို့ကို ထည့်ပြီး သမအောင်မွှေပါ။

၄။        ပြီးလျှင် တန်ပူရာမှုန့်ကို Curry Powder အနည်းငယ်ရော၍ ကြက်သားကို ကပ်ပြီး အပူချိန် ၁၈၀ ဒီဂရီနဲ့ ၁၀ မိနစ်ခန့် ကြော်လိုက်လျှင် ရပါပြီ။

၅။        ခရမ်းချဉ်သီးထမင်းနှင့်အတူ ကြက်သားကြော် ြွကပ်ြွကပ်လေးကလည်း အရမ်း လိုက်ဖက်ပါတယ်။