စင်ကာပူကြက်သားပြားပေါင်မုန့်ညှပ်

မနက်စာအတွက်ရော၊ အဆာပြေစားဖို့အတွက်ပါ သင့်လျော်တဲ့ ဒီစင်ကာပူ ကြက်သားပြား ပေါင်မုန့်ညှပ်လေးကို ကလေးရော၊ လူကြီးပါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်

ပါတယ်။

Facebook Comments

by ပန်းခရေ for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကြက်သားကြိတ်သား-  ၃ဝဝ ဂရမ်

သကြား-  အနည်းငယ်

ဆား-  အနည်းငယ်

ဆန်အရက်-  အနည်းငယ်

ပျားရည်-  အနည်းငယ်

Food Color –  ၂ စက်

ဆီစိမ်စက္ကူ-  ၁ ချပ်

ကြက်ဥ-  ၂ လုံး

ပေါင်မုန့်  –  ၄ ချပ်

အသီးအရွက်-  အနည်းငယ်

ဆီ-  အနည်းငယ်

ခ်က္နည္း

၁။        ဇလုံတစ်လုံးထဲ ကြိတ်ထားသော ကြက်သား၊ သကြား၊ ဆား၊ ဆန်အရက်၊ ပျားရည်နှင့် Food Color အနည်းငယ်တို့ကို ထည့်ပြီး သမအောင် နယ်ပါ။ နယ်ထားသော ကြက်သားကို ၃ နာရီခန့် နှပ်ထားပါ။

၂။         နှပ်ထားသော ကြက်သားကို ဆီစိမ်စက္ကူပေါ်မှာ ဖြန့်ခင်း၍ အပေါ်မှာ ဆီစိမ်စက္ကူ ထပ်အုပ်ပြီး

ကြက်သားကို ပြားပြားလေးဖြစ်သည်အထိ တလိမ့်တုံးဖြင့် ဖြည်းဖြည်းချင်း လှိမ့်ပါ။

၃။        ပါးပါးလေးလှိမ့်ထားသော ကြက်သားအပြားကို Oven ထဲ 100˚ F အပေါ်မီး၊ အောက်မီးဖြင့် ၅ မိနစ်ခန့် ကင်ပါ။ ကင်ပြီး ရလာသောကြက်သားအပြားကို လိုချင်တဲ့ အရွယ်အစားပုံစံ လှီးပါ။

၄။        ပေါင်မုန့်ကြက်သားပြားညှပ်အတွက် အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သားပြားကို ထည့်ကြော်ပါ။ ပေါင်မုန့်ကိုလည်း ထည့်ပြီး အပူပေးပါ။ ကြက်ဥကို အသီးအရွက်ထည့်ပြီး ခေါက်ကြော်ပါ။ အပူပေး ထားသော ပေါင်မုန့်အပေါ်မှာ ကြော်ထားသော ကြက်ဥနှင့် ကြက်သားပြားများ တင်၍ ပေါင်မုန့်

ထပ်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။