
for ပန်းခရေ for Food Magazine
ဆိတ်ခြင်ဆီရိုးစွပ်ပြုတ်က အညှီနံ့ကင်းပြီး အားလည်းရှိစေပါတယ်။ နံပြားနဲ့စားလည်း ကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
ဆိတ်ခြင်ဆီရိုး- ၂၅ ကျပ်သား
မဆလာ- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချင်း- လက်တစ်ဆစ်
ကြက်သွန်ဖြူဥသေး- ၁ လုံး
ပျဉ်းတော်သိမ်ရွက်- ၂၀ ရွက်ခန့်
ဆား- လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
နနွင်းမှုန့်- အနည်းငယ်
အရသာမှုန့်- အနည်းငယ် (ဇွန်းဖျားခန့်)
သံပရာသီး- ၁ စိတ်
ပြုလုပ်နည်း
(ပါယား) ဆိတ်ရိုးကို ရေ ၃ ထပ်လောက် ပြောင်အောင် ဆေးပါ။ ပြီးလျှင် ဂျုံမှုန့်ကို ရေဖျော်ပြီး ၅ မိနစ်ခန့် စိမ်ထားပါ။ ရေပြန်ဆေး၍ ရေနွေးဆူဆူထဲ အရိုးကို ၂ မိနစ် ထည့်ပြုတ်ပြီး ရေအေးနှင့် ပြန်ဆေးထားပါ။ ပါဝင်ပစ္စည်းများနှင့် ဆိတ်ရိုးကို ပိုင်နိုင်စွာနယ်ပြီး အနည်းဆုံး ၁၅ မိနစ်ခန့် နှပ် ထားပါ။ တည်ခါနီး ဆိတ်ရိုးထဲ ရေနွေးလောင်းပြီး တည်ပါ။ တည်တာလွန်သွားလျှင် ခြင်ဆီများ အပြင်ထွက်လာတတ်လို့ အနေတော်လေးပြုတ်၍ ချခါနီးမှာ မဆလာအနည်းငယ်ထပ်အုပ်ပြီး သောက်လို့ရပါပြီ။ ဒီအတိုင်းလည်း သောက်လို့ ကောင်းသလို ပျစ်ပျစ်သောက်ချင်လျှင် ကုလားပဲ အနည်းငယ် ထည့်ပြုတ်ပါ။ အစေ့ပျောက်ပြီး နူးအိသည်အထိ တည်ပါ။