နှမ်းထမင်း

Facebook Comments

by တင်တင်ဦး for Food Magazine

ပါ၀င္ပစၥည္းမ်ား

ထမင်းအတွက် ပါဝင်ပစ္စည်းများ

နှမ်းမည်း-  စားပွဲဇွန်း ၂ ဇွန်း

ဆန်-  ၂ ဘူး

ဆီ-  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ-  ၁၅ ဂရမ်

ဆား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ-  ၃ ဘူး

ကြက်သားဟင်းအတွက် ပါဝင်ပစ္စည်းများ

ကြက်သား-  ၅ဝဝ ဂရမ်

ခရမ်းချဉ်သီး-  ၄ လုံး

ငရုတ်သီးအစိမ်းမှုန့်-  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်-  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်နီ-  ၁ လုံး

ကြက်သွန်ဖြူ-  ၁၀ ဂရမ်

ဆီ-  စားပွဲဇွန်း ၃ ဇွန်း

ငံပြာရည်-  စားပွဲဇွန်း ၁ ဇွန်း

သကြား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ကြော် –  ၁၀ ဂရမ်

မဆလာ-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခ်က္နည္း

၁။        အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ နှမ်းမည်းနှင့် ဆန်တို့ကို ဆီသတ်ပါ။ ချက်မည့် ပေါင်းအိုးထဲ ဆီသတ်ထားသော ဆန်ထည့်၍ ဆားနှင့် ရေထည့်ပြီး ချက်ပါ။

၂။         ကြက်သားကို ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့်၊ ဆားတို့နှင့် နယ်ပြီး ၁၀ မိနစ်ခန့် နှပ်ထားပါ။ နှပ်ထားသော ကြက်သားကို ဆီပူပူဖြင့် ၅ မိနစ်ဖြင့် ကြော်ပါ။ အိုးထဲ ဆီအနည်းငယ်ထည့်၍ ထောင်းထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ပြီး ဆီသတ်ပါ။ ငရုတ်သီးအစိမ်းမှုန့်နှင့် ခရမ်းချဉ်သီးကို ထည့်ပြီး အနှစ်ရသည်အထိ ဆက်၍မွှေပါ။ ကြော်ထားသော ကြက်သား၊ ငံပြာရည်၊ သကြားနှင့် ကြက်သွန်ကြော် တို့ကို ထည့်ပြီး မီးအေးအေးဖြင့် ချက်ပါ။ ကြက်သားကျက်ပြီဆိုလျှင် မဆလာကို ကြက်သားအပေါ်မှာ ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

၃။        ချက်ထားသော နှမ်းထမင်းနှင့် ကြက်သားဟင်းကို တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။