ပဲထမင်းနှင့် ဆိတ်သားဟင်း

Facebook Comments

by တင်တင်ဦး for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကုလားပဲ-  ၁ ခွက်

နနွင်းမှုန့်-  လက်ဖက်ဇွန်း ၁ ဇွန်း

ရေ –  ၇ ခွက်

ဆား-  လက်ဖက်ဇွန်း ၁ ဇွန်း

ဆီ-  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူ-  စားပွဲဇွန်း ၁ ဇွန်း (ထောင်းထားပါ)

ချင်း-  စားပွဲဇွန်း ၁ ဇွန်း (ထောင်းထားပါ)

ကရ‌‌‌ဝေးရွက်-  ၄ ရွက်

ကြက်သွန်နီ-  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်သီးအစိမ်းမှုန့်-  လက်ဖက်ဇွန်း ၂ ဇွန်း

ဆိတ်သား-  ၃၂၀ ဂရမ်

သကြား-  လက်ဖက်ဇွန်း ၂ ဇွန်း

ပဲငံပြာရည် –  စားပွဲဇွန်း ၁ ဇွန်း

သံပရာသီး-  ၁ လုံး

မဆလာ-  စားပွဲဇွန်း ၁ ဇွန်း

ထောပတ် –  စားပွဲဇွန်း ၂ ဇွန်း

ဖာလာစေ့ –  ၅ စေ့

သစ်ကြံပိုးခေါက် –  လက်တစ်ဆစ်

ဇီရာ-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆန် –  ၃ ခွက်

နို့စိမ်း-  စားပွဲဇွန်း ၂ ဇွန်း

ခ်က္နည္း

၁။        ဒယ်အိုးထဲမှာ နနွင်းမှုန့်အနည်းငယ်၊ ရေစိမ်ထားတဲ့ ကုလားပဲ၊ ဆား အနည်းငယ်နှင့် ရေတစ်ခွက်တို့ကို ထည့်ပြီး ရေခန်းအောင် တည်ပါ။

၂။         ထောပတ်၊ ဖာလာစေ့၊ သစ်ကြံပိုးခေါက်၊ ဇီရာ၊ ကရဝေးရွက် ၂ ရွက် ၊ ဆန်၊ သကြားနှင့် ဆား အနည်းငယ်တို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ။

၃။        ထမင်းပေါင်းအိုးထဲ ဆီသတ်ထားတဲ့ ဆန်နှင့် ပြုတ်ထားတဲ့ ကုလားပဲ၊ ရေ  ၅  ၁/၂ ခွက်နှင့် နို့စိမ်းတို့ကို ထည့်ပြီး တည်ထားပါ။

၄။        ဆိတ်သားဟင်းချက်ဖို့အတွက် ဒယ်အိုးထဲမှာ ဆီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ကရဝေးရွက် ၂ ရွက်၊ ကြက်သွန်နီ၊ နနွင်းမှုန့် အနည်းငယ်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆိတ်သား၊ သကြား၊ ဆား၊ ပဲငံပြာရည်၊ သံပရာရည်၊ မဆလာနှင့် ကြက်သွန်ကြော်တို့ကို ထည့်၍ နယ်ပြီး ရေ ၁ ခွက်ထည့်၍ ဆီပြန်လာသည်အထိ တည်ထားပါ။ ထမင်းပေါင်းအိုးလည်း ကျက်ပြီ၊

ဟင်းလည်း ဆီပြန်ပြီး ကျက်ပြီဆိုလျှင် သုံးဆောင်နိုင်ပါပြီ။