ပဲနီလေးကြက်ကြာဆံဟင်းချို

by ပန်းခရေ for Food Magazine

ကလေးတွေအတွက် ထမင်းမြိန်စေပြီး အာဟာရပြည့်စေမယ့် ပဲနီလေးကြက်ကြာဆံဟင်းချို ချက်နည်းလေးကို ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲနီလေး –  ၁၀ ကျပ်သား (နူးအောင် ပြုတ်ထားပါ)

ပဲကြာဆံ –  ၁  ၁/၂ ကျပ်သား

ကြက်သား –  ၃၀ ကျပ်သား

အရသာမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သကြား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ –  ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ချင်း –  လက်တစ်ဆစ် (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း

၁။        ဇလုံတစ်လုံးထဲ ကြက်သား၊ အရသာမှုန့်၊ ဆား၊ သကြားနှင့် နနွင်းမှုန့်တို့ကို ထည့်ပြီး သမအောင် နယ်ထားပါ။

၂။         ချက်မည့်အိုးထဲ ကြက်သား၊ ဆီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်ပါ။ ရေကို ကြက်သားမြုပ်ရုံ ထည့်ပြီး ဆူအောင် တည်ထားပါ။ ကြက်သားနူးလာပြီဆိုလျှင် ပြုတ်ထားသော ပဲနီလေးကို ထည့်ပါ။ ထို့နောက် ဟင်းအိုးပွက်ပွက်ဆူလာပြီဆိုလျှင် ပဲကြာဆံကို ထည့်ပါ။ ပြီးလျှင် ဟင်းအိုးဆူလာပြီး အရသာအနေတော်ရပြီဆိုလျှင် ပဲနီလေး ကြက်ကြာဆံဟင်းချို ရပါပြီ။

Facebook Comments