ရှမ်းပဲပုပ်ထမင်းကြော်နှင့် ဝက်သားဂျူးမြစ်ထောင်း

by Jenny for Food Magazine

ပါဝင်ပစ္စည်းများ

ပဲပုပ်ခြောက်အပြား (အမှုန့်) –  ၃ ခု

ပဲပုပ်အစို –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူ –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း –  ၂ တောင့်

မြေပဲခွဲခြမ်း (လှော်) –  စားပွဲဇွန်း ၁ ဇွန်း

ဂျူးဖူး –  ၁ ဖူး

နနွင်းမှုန့် –  အနည်းငယ်

ဆား –  အနည်းငယ်

ဆီ –  စားပွဲဇွန်း ၂ ဇွန်း

ထမင်း –  ပန်းကန်လုံး ၁ လုံး

ဝက်သားဂျူးမြစ်ထောင်းအတွက် ပါဝင်ပစ္စည်းများ

ဂျူးမြစ် –  ၁၀ ကျပ်သား

မြေပဲလှော် –  စားပွဲဇွန်း ၃ ဇွန်း

ဝက်သား –  အနည်းငယ်

ငရုတ်သီးစိမ်း –  ၇ တောင့်

သံပရာသီး

ဆား –  အနည်းငယ်

ပြုလုပ်နည်း

၁။        ဦးစွာ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းနှင့် နနွင်းမှုန့်တို့ကို ဆီသတ်ပါ။

၂။         အနံ့မွှေးလာလျှင် ပဲပုပ်အစိုနှင့် မြေပဲ ထည့်ပါ။ ပြီးလျှင် ထမင်းထည့်ပါ။

၃။        ပဲပုပ်မှုန့်ထည့်၊ ဂျူးဖူးထည့်ပြီး ဆားထည့်ပါ။

၄။        ဂျူးမြစ်ထောင်းရန် ငရုတ်သီးစိမ်းနှင့် မြေပဲလှော်ကို ထောင်းပါ။ ပြီးလျှင် ဝက်သား ပြုတ်ပြီးသား

ထည့်ပြီး ဆားထည့်ပါ။ သံပရာသီးကို ညှစ်ပါ။

Facebook Comments