
ဝက်နံရိုး၊ ပိန္နဲသီး၊ ဆူးပုပ်အရည်သောက်ဆမ်းချက်ပါ။ အဲဒီဟင်းလေးကတော့ မွှေးမွှေးလေးနဲ့ စားကောင်းပါတယ်။ အရည်သောက်ဆမ်းလေးမို့ ကလေးတွေအတွက်
ဆိုရင် ငရုတ်သီးရှောင်ရင်လည်း ရပါတယ်။ နှမ်းဖတ်ချဉ်သုပ်လေးနဲ့ လိုက်ဖက်ပါတယ်။
by ပန်းခရေ for Food Magazine
ပါ၀င္ပစၥည္းမ်ား
ဝက်နံရိုး- ၂၅ ကျပ်သား
ပိန္နဲကွင်း- ၂ ကွင်း
ဆူးပုပ်ရွက်- ၂ စည်း
ကြက်သွန်နီ- ၁ လုံး
ကြက်သွန်ဖြူ- ၂ လုံး
ချင်း- လက်တစ်ဆစ်
နနွင်းမှုန့်- အနည်းငယ်
ငရုတ်အရောင်တင်- စားပွဲဇွန်း ၁/၂ ဇွန်း
ဆား- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း- အနည်းငယ်
ခ်က္နည္း
ဦးစွာ ပိန္နဲကွင်းကို ဆားရည်နဲ့ ၁၅ မိနစ်ခန့်စိမ်ပြီး ပြုတ်၍ ဆယ်ယူပြီး အတုံးကြီးကြီး တုံးထားပါ။ ကြက်သွန်ဖြူ/နီ၊ ချင်းနှင့် ငရုတ်အရောင်တင်ကို ထောင်းထားပါ။ ဝက်နံရိုးကို ရေဆေး၍ သန့်စင်ပြီး ဆား၊ နနွင်းမှုန့်၊ သကြားတို့နှင့် နယ်ထားပါ။ ငရုတ်အနှစ်ထည့်လုံးပါ။ ဆီမထည့်ပါနဲ့။ လုံးချက်မို့ ဝက်သားထဲက ထွက်လာမည့်ဆီနဲ့ လုံလောက်ပါတယ်။ ဝက်သားလုံးပြီးလျှင် ရေနွေးမြုပ်အောင်လောင်းပြီး တည်ပါ။ ဝက်နံရိုးနူးစပြုလာလျှင် လှီးထားတဲ့ ပိန္နဲကွင်း ထည့်ပါ။ ရေနွေး အနည်းငယ်ထည့်ပါ။ အဖုံးဖုံးပြီး တည်ပါ။ ပိန္နဲကွင်း လည်း နူးအိနေရပါမယ်။ အရသာလည်းမှန်၊ အသား၊ ပိန္နဲလည်း နူးပြီဆိုလျှင် ဆူးပုပ်
ရွက်နှင့် ငရုတ်သီးစိမ်းလေးအုပ်ပါ။ စားကောင်း နှုတ်မြိန်စေတဲ့ ဟင်းလျာလေးပါ။