ဝက်သားကုန်းဘောင်ကြီးကြော်

Facebook Comments

by နှင်းဦးဝေ for Food Magazine

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

ဝက်သား-  ၃ဝဝ ဂရမ်

ကြက်သွန်ဖြူ-  ၅ မြွှာ (ဓားပြားရိုက်ပါ)

ချင်း-  ၅ ပြား (ပါးပါးလှီးပါ)

ကြက်သွန်နီ-  ၂ လုံး

(၄ စိတ်စိတ်ပြီး အဖတ်လေးများ နွှာထားပါ)

ကြက်သွန်မြိတ်-  ၃ ပင်

(အနေတော်အရွယ်လှီးပါ)

မှိုမည်း –  ၂ ပွင့် (ပါးပါးလှီးပါ)

ဆီ-  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးခြောက်ကြော်-  ၁၀ တောင့်

သီဟိုဠ်စေ့-  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ဆော့စ်ချက်ရန်အတွက် ပါဝင်ပစ္စည်းများ

ပဲငံပြာရည်အနောက်-  စားပွဲဇွန်း ၃ ဇွန်း

ခရုဆီ-  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ပဲငံပြာရည်အကြည်-  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ရှလကာရည်-  စားပွဲဇွန်း ၁ ဇွန်း

ရေ-  စားပွဲဇွန်း ၄ ဇွန်း

နာနတ်ပွင့်-  ၆ ပွင့်

သကြား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆော့စ်ချက်ရန်မှာ ဒယ်အိုးတစ်အိုးထဲ ပါဝင်ပစ္စည်းများအားလုံး ထည့်၍ မီးအေးအေး ဖြင့် သမအောင်မွှေပြီး ဆူပွက်သည်အထိ တည်ထားပါ။

ခ်က္နည္း

၁။        ဒယ်အိုးထဲ ဆီထည့်ပြီး ပူအောင် တည်ပါ။  ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ချင်းကို ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၂။         ပြီးလျှင် ဝက်သား၊ ငရုတ်သီးခြောက်ကြော်၊ မှိုမည်း၊ သီဟိုဠ်စေ့နှင့် ကြက်သွန်နီတို့ကို ထည့်ပြီး ကြော်ပါ။ ငရုတ်ကောင်းမှုန့်ထည့်ပြီး သမအောင် မွှေပါ။

၃။        ပြီးလျှင် ချက်ထားသော ဆော့စ်ရည်နှင့် ကော်ရည်ကို ထည့်ပြီး သမအောင် မွှေပါ။ ဝက်သားကျက်ပြီဆိုလျှင် ကြက်သွန်မြိတ်ထည့်ပြီး ခဏနေလျှင် ရပါပြီ။