ကြက်သားပလာတာ (ပွဲ ၁၀ဝ စာ)

by ပန်းခရေ for Food Magazine

အလှူအတန်းဆို ကြက်သားပလာတာကလည်း တည်ခင်း ဧည့်ခံလို့ အဆင်ပြေပါတယ်။ ကြက်သားပလာတာမှာ ဟင်း ရည်ရွှဲရွှဲနဲ့ စားတာနဲ့ ဟင်းအနှစ်နဲ့ စားတာ ၂ မျိုးမှာ အခု ပန်းခရေ တင်ပြပေးထားတာက အနှစ်နဲ့စားတဲ့ နည်းလေးပါ။ ကုလားပဲ၊ အာလူးဟင်းရည်လေးနဲ့ ကြက်သွန်ချဉ်၊ ပူဒီနာလေးနဲ့မို့ စားရ တာလည်း မအီစေဘဲ စားကောင်းစေလို့ တည်ခင်းဧည့်ခံရင် အဆင်ပြေပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

ပလာတာ –  အချပ် ၂၀ဝ

ကြက်သားဟင်းအတွက် ပါဝင်ပစ္စည်းမျာ

ကြက်သား –  ၇ ပိဿာ

(ပိုပြီးကျွေးချင်ရင် ကြက်သား ၁၀ ပိဿာပါ)

ကြက်သွန်နီ –  ၄ ပိဿာ

ကြက်သွန်ဖြူ –  ၁၀ ကျပ်သား

ချင်း –  ၁၀ ကျပ်သား

အသားမဆလာ –  ၁၀  ၁/၂ ကျပ်သား

ဆီ –  ၁  ၁/၂ ပိဿာ

ငရုတ်သီး အရောင်တင်မှုန့် –  ၁၅ ကျပ်သား

သကြား –  စားပွဲဇွန်း ၃ ဇွန်း

အရသာမှုန့် –  စားပွဲဇွန်း ၃ ဇွန်း

ဆား –  စားပွဲဇွန်း ၆ ဇွန်း

နနွင်းမှုန့် –  စားပွဲဇွန်း ၁ ဇွန်း

ကုလားပဲ၊ အာလူးဟင်းရည်အတွက်

ပျဉ်းတော်သိမ်ရွက် –  ၅၀ဝ ကျပ်ဖိုး

ကုလားပဲ –  ၁  ၁/၂ ပိဿာ

အာလူး –  ၁  ၁/၂ ပိဿာ

ဆီ –  ၁၅ ကျပ်သား

ကြက်သွန်နီ –  ၅ ဥ

သကြား –  စားပွဲဇွန်း ၂ ဇွန်း

အရသာမှုန့် –  စားပွဲဇွန်း ၁ ဇွန်း

ဆား –  စားပွဲဇွန်း ၃ ဇွန်း

အသားမဆလာ –  ၂  ၁/၂ ကျပ်သား

နနွင်းမှုန့် –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ချဉ်အတွက်

ကြက်သွန်နီ –  ၁ ပိဿာ

(ပါးပါးလှီး)

သခွားသီး –  ၁၅ လုံး

ငရုတ်သီးစိမ်း –  ၅၀ဝ ကျပ်ဖိုး

ပူဒီနာ –  ၅၀ဝ ကျပ်ဖိုး

သံပရာသီး –  ၂၀ လုံး

ဆား၊ အရသာမှုန့် –  သင့်ရုံ

ပြုလုပ်နည်း (ကြက်သားဟင်းအတွက်)

ကြက်သားကို လက်တစ်ဆစ်အရွယ်ညီညီ တုံး၍ ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ရေစစ်လျှင် ချက်မည့်အိုးထဲ ကြက်သားနှင့်အတူ ဆား စားပွဲဇွန်း ၄ ဇွန်း၊ သကြား စားပွဲဇွန်း ၂ ဇွန်း၊ အရသာမှုန့် စားပွဲဇွန်း

၁ ဇွန်း၊ မဆလာ ၅ ကျပ်သား၊ နနွင်းမှုန့် စားပွဲဇွန်း ၁/၂ ဇွန်းနှင့် ပိုင်နိုင်စွာ နယ်နှပ်ထားပါ။ ကြက်သွန်နီပါးပါးလှီး၍ ကြော်ပြီးြွကပ်လာလျှင် ဆယ်ယူ၍ မဆလာ ၅ ကျပ်သားထည့်ပြီး ခြေထားပါ။ ငရုတ်သီးအရောင်တင်မှုန့်၊

ချင်း ၁၀ ကျပ်သား၊ ကြက်သွန်ဖြူ ၁၀ ကျပ်သားကို ညက်အောင် ထောင်းပြီး နှပ်ထားသော ကြက်သားထဲ ထည့်၍ နယ်ပါ။ နနွင်းမှုန့် စားပွဲဇွန်း ၁/၂ ဇွန်း ထပ်၍ထည့်ပါ။ ပြီးလျှင် ကြက်သွန်ကြော်ထားသော ဆီနှင့်အတူ ဆီ ၁၅ ကျပ်သားခန့် ချန်၍ အချိုးပါ ဆီအားလုံး လောင်းပြီး မီးရှိန်မှန်မှန်နှင့်တည်ပါ။ ကြက်သားများ မွှေးလာပြီ၊ ကျက်လာပြီ၊ ရေခန်းခါနီးပြီဆိုလျှင် ခြေထားသော ကြက်သွန်ကြော်၊ ကျန်တဲ့ ဆား၊ အရသာမှုန့်နှင့် သကြား ထည့်၍ မီးအရှိန်လျှော့ချပြီး ဆီပြန်ရေကျန် အနေအထားရအောင် တည်ပြီးလျှင် ကြက်သားချက်တာ ပြီးပါပြီ။

 

ပြုလုပ်နည်း (ကုလားပဲ၊ အာလူးဟင်းရည်အတွက်)

ကုလားပဲကို ပွလာအောင် ရေစိမ်ပြီး ပြုတ်ထားပါ။ အာလူးကိုလည်း ပြုတ်ပြီး လက်နှင့် အတုံးပုံစံ ဖျစ်ထားပါ။ ဆီပူလာလျှင် ကြက်သွန်နီပါးပါးလှီးထားတာထည့်ပြီး ဆီသတ်ပါ။ ပျဉ်းတော်သိမ်ရွက်ြွေခထည့် ပြီး နနွင်းမှုန့်ခတ်ပါ။ြွကပ်ရွလာလျှင် မဆလာထည့်ပါ။ ပဲအိုးဆူအောင် တည်ထားပြီး ဆူလာလျှင် အာလူး ထည့်၍ ဆီသတ်ထားသော မဆလာနှင့် အရသာထည့်ပါ။ ဟင်းရည်မပျစ်မကျဲ အနေတော်အနေအထားရ လျှင် အိုးချလို့ ရပါပြီ။ ကြက်သွန်ချဉ်သုပ်ရန်မှာ ကြက်သွန်နီ၊ သခွားသီး၊ ငရုတ်သီးစိမ်း၊ ပူဒီနာ ပါးပါးလှီးပါ။ ဆား၊ အရသာမှုန့်ထည့်ပြီး သံပရာရည်ညှစ်လိုက်လျှင် ရပါပြီ။

Facebook Comments