ကြက်ခြေထောက်စွန်တန်ဟင်းချို

by တင်တင်ဦး for Food Magazine

ကြက်ခြေထောက်ဟင်းချိုလေးကို စွန်တန်လေးခတ်၊ ငရုတ်သီးစိမ်းလေးထည့်ရင် ပူပူစပ်စပ်လေးနဲ့ သောက်လို့ကောင်းပြီး ရာသီဥတုနဲ့လည်း လိုက်တာမို့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ခြေထောက် –  ၅ ချောင်း

စွန်တန် –  ၁ ထုပ် (အသေး)

ခရမ်းချဉ်သီး –  ၂ လုံး

ကြက်သွန်ဖြူ –  ၃ မြွှာ

ငရုတ်သီးစိမ်း –  ၃ တောင့်

ပြုလုပ်နည်း

၁။       ကြက်ခြေထောက်ကို ဆားဖြင့် သေချာနယ်ပြီး ဆေးထားပါ။

၂။       ရေနွေးဆူဆူထဲ ကြက်ခြေထောက် ထည့်ပြီး ပြုတ်ပါ။ နူးလျှင် ဆယ်ယူပြီး  ရေခဲရေ ထဲမှာ စိမ်ထားပါ။

၃။       ဟင်းရည်အိုးတည်ပါမယ်။ ဟင်းရည် ပန်းကန်လုံးတစ်လုံးခွဲစာ ရေထည့်၍ ကြက်သွန်ဖြူဓားပြား ရိုက်ထည့်ပါ။

၎။       ရေဆူလျှင် ကြက်ခြေထောက်၊ စွန်တန်၊ အရသာအတွက် ဆား၊ ကြက်သားမှုန့်ထည့်ပါ။ ဟင်းရည်အရသာ အနေတော်လျှင် ခရမ်းချဉ်သီးလှီးထည့် ၍ အိုးချခါနီးမှာ အစပ်သောက် လိုလျှင် ငရုတ်သီးစိမ်းဓားပြားရိုက်ထည့်ပြီး နံနံပင်အုပ်ပါ။

Facebook Comments