ထားဝယ်သနပ်နှင့် မုန့်ဖတ်သုပ်

အသီးအရွက်တွေကို အချဉ်လေးဖြင့်ပြုတ်ပြီး ဆီချက်လေးနှင့် တွဲသုပ်တဲ့ အသုပ်ပုံစံမျိုးလေးပါ။ ထမင်းပူပူနှင့် တွဲစားရသလိုပဲ မုန့်ဖတ်လေးဖြင့် တွဲစားရင်လည်း လိုက်ဖက် ပါတယ်။ အချဉ်ကို မန်ကျည်းအနှစ် အသုံးပြုပြီးလည်း ပြုလုပ်လို့ရပါတယ်။ ထားဝယ်တွေ ပြုလုပ်လေ့ရှိတဲ့ သနပ်ပုံစံမျိုးလေး ဖြစ်ပါတယ်။

Facebook Comments

by Htain Lin Maung

ပါ၀င္ပစၥည္းမ်ား

ပဲတောင့်ရှည်-  ၃ဝဝ ဂရမ်

ပန်းဂေါ်ဖီ-  ၂ဝဝ ဂရမ်

မျှစ်-  ၂ဝဝ ဂရမ်

ကြက်သွန်နီ-  ၂ဝဝ ဂရမ်

မုန့်ဖတ်-  ၈ဝဝ ဂရမ်

မန်ကျည်းနှစ်အရည်-  ၁၀ မီလီလီတာ

ပအုံးရည်-  ၁၀ မီလီလီတာ

နနွင်းမှုန့်-  အနည်းငယ်

ဆား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့်-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ-  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူ-  ၁ လုံး

ကြက်သွန်နီ-  ၁ လုံး

ငရုတ်သီး အစိမ်းမှုန့်-  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ကြက်သွန်ကြော်-  အနည်းငယ်

ငရုတ်သီးတောင့် အခြောက်ကြော်-  အနည်းငယ်

ခ်က္နည္း

၁။        ပဲတောင့်ရှည်၊ ပန်းဂေါ်ဖီနှင့် မျှစ်တို့ကို အနေတော်အရွယ်ကလေးများ လှီးထားပါ။ ကြက်သွန်နီကို လေးစိတ် စိတ်ပါ။

၂။         အိုးတစ်လုံးထဲ လှီးထားသောအသီးအရွက်များကို ထည့်ပြီး  မန်ကျည်းနှစ်အရည်၊ ပအုံးရည်၊ ရေ၊ သကြား၊ ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီး ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြုတ်ထားသော အသီးအရွက်များကို ဆန်ခါဖြင့်ထည့်ပြီး အအေးခံထားပါ။

၃။        ဆီချက်အတွက် အိုးထဲ ဆီထည့်ပြီး ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပြီး ဆီသတ်ပါ။ အရသာအတွက် ဆားနှင့် အရသာမှုန့် ကို ထည့်ပါ။

၄။        အအေးခံထားသော ဟင်းသီးဟင်းရွက်များထဲ ချက်ထားသော ဆီချက်ကို ထည့်ပြီး သမအောင် နယ်ပါ။

၅။        ပန်းကန်ထဲ မုန့်ဖတ်နှင့် သုပ်ထားသော သနပ်တို့ကို ထည့်ပြီး ကြက်သွန်ကြော်၊ ငရုတ်သီးတောင့် အခြောက်ကြော်တို့နှင့် တွဲဖက်စားသုံးနိုင်ပါပြီ။