
by တင်တင်ဦး for Food Magazine
ပါ၀င္ပစၥည္းမ်ား
ဆန်- ၂ ဘူး
ရေ – ၃ ဘူး
ဆီ- စားပွဲဇွန်း ၇ ဇွန်း
ချင်း- လက်ဖက်ဇွန်း ၂ ဇွန်း
နနွင်းမှုန့်- လက်ဖက်ဇွန်း ၁ ဇွန်း
ပျဉ်းတော်သိမ်- ၅ ခက်
ကြက်သွန်နီ- ၄ လုံး
မြေပဲလှော်- စားပွဲဇွန်း ၁ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံပရာရည်- ၂ လုံးစာ
ကြက်သွန်ဖြူ- ၂၀ ဂရမ်
စပါးလင်- ၁ ချောင်း
နံနံစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးအစိမ်းမှုန့်- စားပွဲဇွန်း ၁ ဇွန်း
အမဲသား- ၅ဝဝ ဂရမ်
မဆလာ- စားပွဲဇွန်း ၂ ဇွန်း
ဒိန်ချဉ်- ၁၈၀ ဂရမ်
ကြက်သွန်ကြော်- ၃၀ ဂရမ်
ရေ – ၅၀ မီလီလီတာ
ခ်က္နည္း
၁။ ဦးစွာ ဆန် ၂ ဘူးကို ပေါင်းအိုးနဲ့ တည်ပါ။ ချက်ပြီးသားထမင်းနဲ့ ရောဖို့အတွက် လီမွန် အနှစ်ချက်ပါမယ်။ ဒယ်အိုးထဲမှာ ဆီ ၂ ဇွန်း၊ ချင်း အနည်းငယ်၊ နနွင်းမှုန့် အနည်းငယ်၊ ပျဉ်းတော်သိမ် ၃ ခက်နှင့် လှီးထားသော ကြက်သွန်နီ ၂ လုံးတို့ကို ထည့်ပြီးလျှင် မြေပဲ၊ ဆား၊ သကြားနှင့် သံပရာရည်တို့ကို ထည့်ပြီး ဆီသတ်ပါ။ လီမွန်အနှစ်ရပြီဆိုလျှင် ထမင်းကျက်အောင် ခဏစောင့်ပါ။
၂။ ထမင်းကျက်ဖို့ စောင့်နေချိန်မှာ တွဲစားဖို့ အမဲသားနှပ်လေးကို ချက်ပါမယ်။ ကြက်သွန် ဖြူ၊ စပါးလင်၊ ချင်း၊ နံနံစေ့၊ ငရုတ်သီးအစိမ်းမှုန့်နှင့် ကြက်သွန်နီ ၂ လုံးတို့ကို ရောပြီး ကြိတ်ပါ။
၃။ ပြီးလျှင် အမဲသားထဲ နနွင်းမှုန့်၊ မဆလာ၊ ဒိန်ချဉ်၊ သကြား၊ ဆားနှင့် ကြက်သွန်ကြော် တို့ကို ထည့်၍ သမအောင်နယ်ပြီး မိနစ် ၂၀ ခန့် နှပ်ထားပါ။
၄။ အိုးတစ်လုံးထဲ ဆီထည့်ပြီး ဆူလာလျှင် ကြိတ်ထားတဲ့ ငရုတ်အနှစ်၊ နှပ်ထားတဲ့ အမဲသားနှင့် ရေတို့ကို ထည့်ပြီး တည်ထားပါ။ (၄၅ မိနစ်ခန့်) ဆီပြန်လာပြီဆိုလျှင် ပျဉ်းတော်သိမ်အုပ်ပြီးလျှင် ရပါပြီ။
၅။ ထမင်းရပြီဆိုလျှင် ထမင်းအိုးထဲ ခုနက ချက်ထားတဲ့ လီမွန်အနှစ်လေးကို ရော၍ သမအောင်နယ်ပြီး ပြန်နှပ်ထားပါ။ ခဏကြာလျှင် လီမွန်နံ့သင်းနေတဲ့ ထမင်းလေးကို ရပါပြီ။
၆။ လီမွန်ထမင်းလေးနဲ့ အမဲသားနှပ်ကလည်း အရမ်းလိုက်ဖက်တာမို့ လိုက်လုပ်စား ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။