
Taste Window Magazine
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ရှမ်းဆန်ချက်ပြီးသား – ထမင်းစားပန်းကန်လုံး ၁ လုံး
အာလူး – ၂ လုံး
နနွင်းမှုန့် – အနည်းငယ်
ကြက်သွန်ဖြူ – ၅ မြွှာ (နုပ်နုပ်စဉ်းပါ)
ဆီ – စားပွဲဇွန်း ၂ ဇွန်း
အရသာမှုန့် – အနည်းငယ်
ဆား -အနည်းငယ်
ငရုတ်သီးထောင်း – အနည်းငယ်
မြေပဲလှော် -အနည်းငယ်
ခ်က္နည္း
ပြုလုပ်နည်း
ရေနွေးအိုးဆူဆူထဲမှာ အာလူးကို နူးသည်အထိ ပြုတ်ထားပါ။ ဆီချက်ချက်ရန် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူလာရင် နနွင်းမှုန့်နှင့် ကြက်သွန်ဖြူ နုပ်နုပ်စဉ်းထားတာကို ထည့်ပါ။ အနံ့မွှေးပြီး အရောင်ရလာပြီဆို ပန်းကန်လုံးတစ်လံဒးထဲ ထည့်ထားပါ။ အာလူးရပြီဆိုလျှင် အခွံခွာပြီး ခြေပါ။
ထမင်းနယ်ရန် ဇလုံတစ်လုံးထဲ ထမင်း၊ အာလူး၊ ဆား၊ အရသာမှုန့်၊ ဆီချက်တို့နဲ့ စေးလာသည်အထိ နယ်ပါ။ အရသာအနေအထားပြည့်စုံပြီဆိုလျှင် ပန်းကန်ပြင်ပြီး နယ်ထားတဲ့ ထမင်းထည့်ပါ။ ပြီးလျှင် အပေါ်မှ ကြက်သွန်ဖြူဆီချက်ဖတ်လေးတင်ပြီး ငရုတ်သီးထောင်း၊ မြေပဲလှော်တို့နဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။