
by တင်တင်ဦး for Food Magazine
ပထမဆုံးအနေနဲ့ ဂျူးမြစ်အချဉ်ဟင်းရည်လေးနဲ့ မိတ်ဆက်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ဂျူးမြစ် – ၄ ပင် (၁ စည်း)
ငါးခေါင်း – ၁ လုံး
ဟင်းချက်အနှစ် – ၁ ဇွန်း
ကြက်သွန်ဖြူ – ၃ မြွှာ
ကိုင်းခရမ်းချဉ်သီး – ၂ လုံး
ဆူကာသီး – ၁ လုံး
ကြက်သွန်နီ – ၁ လုံး
ဆား – အနည်းငယ်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ – ၁ ၁/၂ လီတာ
ငံပြာရည် – စားပွဲဇွန်း ၃ ဇွန်း
မျှင်ငါးပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မန်ကျည်းသီးအနှစ် – စားပွဲဇွန်း ၂ ဇွန်း
ချင်း – လက်တစ်ဆစ်ခန့် (ထောင်းပြီး အရည်ညှစ်ယူထားပါ)
နနွင်းမှုန့် – အနည်းငယ်
ပြုလုပ်နည်း
၁။ ငါးခေါင်းကို စင်ကြယ်အောင်ဆေးပြီး ပါးဟက်ထုတ်ထားပါ။ ဆား၊ ချင်းအရည်၊ နနွင်းမှုန့်တို့နှင့် နယ်ထားပါ။
၂။ ဆူကာသီး၊ ဂျူးမြစ်၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ (ပါးပါးလှီး) တို့ကို လှီးဖြတ်ထားပါ။
၃။ အိုးထဲမှာ ငါးခေါင်းကို ဟင်းချက်အနှစ်နှင့် အနံ့မွှေးသည်အထိ ဆီသတ်ပါ။ ၎င်းငါးခေါင်းကို ပြန်ထုတ်ထားပါ။
၎။ ၎င်းအိုးထဲ လှီးဖြတ်ထားတဲ့ ဟင်းသီးဟင်းရွက်အားလုံးနှင့် အရသာထည့်ပြီး ချက်ပါ။ ရေထည့်ပြီး မန်ကျည်းရည်ထည့်ပါ။ ပြီးလျှင် ငါးခေါင်းကို ပြန်၍ ဟင်းရည်အိုးထဲ ထည့်ပါ။ ၅ မိနစ်ကြာလျှင် ဟင်းရည်အဆင်သင့်ဖြစ်ပါပြီ။