ပြောင်းဖူးစွပ်ပြုတ်

အသားတွေရှိမှ စွပ်ပြုတ်ချက်လို့ရတာမျိုးမဟုတ်ဘဲ အခုလိုမျိုး အသီးအရွက်လေးတွေကို အသုံးပြုပြီးလည်း စွပ်ပြုတ်ချက်လို့ရပါတယ်။ ကလေးရော၊ လူကြီးပါ ကြိုက်နှစ်သက်စေမယ့် ဒီပြောင်းဖူးစွပ်ပြုတ်ချက်နည်းလေးကိုတော့ ဒီလမှာ တင်ဆက်ပေးလိုက်ပါတယ်။

Facebook Comments

Shwe Min Eain

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

ပြောင်းဖူး       – ၅၅ ဂရမ်

မုန်လာဥနီ      – ၁၅ ဂရမ်

ကြက်သွန်မြိတ်       – ၂ ဂရမ်

ပဲသီး       – ၁၀ ဂရမ်

ဆီ         – စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ       – ၃ ဂရမ်

ချင်း         – ၂ ဂရမ်

ဆား             – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြား         – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်          – စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်       – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်ပြုတ်ရည်          – ၆၀၀ မီလီလီတာ

ကော်ရည်        – စားပွဲဇွန်း ၂ ဇွန်း

ခ်က္နည္း

ပြုလုပ်နည်း

‌       ပြောင်းဖူးကို သုံးပုံတစ်ပုံခွဲပြီး ခြွေထားပါ။ ကျန်တဲ့နှစ်ပုံကို ကြိတ်ထားပါ။ မုန်လာဥနီ၊ ပဲသီး၊ ကြက်သွန်မြိတ်တို့ကိုတော့ အတုံးသေးသေးအနေအထား လှီးထားပါ။ ကြက်သွန်ဖြူ၊ ချင်းကို နုပ်နုပ်စဉ်းထားပါ။

အကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ စချက်လို့ရပါပြီ။ စချက်တဲ့နေရာမှာ ရေထက် ကြက်ပြုတ်ရည်ရှိရင်တော့ ပိုပြီးကောင်းပါတယ်။ ဒယ်အိုးတစ်လုံးထဲကို ဆီ၊ ကြက်သွန်ဖြူ၊ ချင်း၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ပဲသီးတို့ကို ထည့်ပြီး အနည်းငယ် မွှေပါ။ ပြီးလျှင် ကြက်ပြုတ်ရည်၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့် ထည့်ပြီး တည်ပါ။ ရေဆူလာရင် ကြိတ်ထားတဲ့ ပြောင်းဖူးအနှစ်ကို ထည့်ပြီး ဆက်တည်ထားပါ။ တည်ထားချိန်မှာ ခြွေထားတဲ့ ပြောင်းဖူးလေးတွေ ထည့်ပါ။ ဟင်းရည်အိုးဆူလာရင် ကော်ရည်လေးထည့်ပြီးလျှင်တော့ အရသာရှိလှတဲ့ ပြောင်းဖူးစွပ်ပြုတ်လေးကို ရပါပြီ။