
ဆန်ပြုတ်လို့ပြောပေမယ့် ဆန်စိမ်းကို အကြာကြီ ပွလာအောင် ပြုတ်ပြီး အချိန်အများကြီးပေး ပြုတ်ရတာမျိုး မဟုတ်ပါဘူး။ မနက်ခင်း အဆာပြေစာအနေနဲ့ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူလုပ်စားနိုင်တဲ့ အရာမျိုးလေးပါ။ ထမင်းအေးနေလို့ မစားချင်ဘူးဆိုရင်လည်း အခုလုပ်ပြတဲ့ မနက်စာဆန်ပြုတ်ချက်နည်းက အလွန်အသုံးဝင်မှာပါနော်။
Shwe Min Eain
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ထမင်း – ၈၀ ဂရမ်
ပုစွန် – ၄၀၀ ဂရမ်
ကြက်သွန်ဖြူ – ၅ ဂရမ်
ကြက်ပြုတ်ရည် – ၇၀၀ မီလီလီတာ
ဆီ – စားပွဲဇွန်း ၁ ဇွန်း
နံနံပင် – အနည်းငယ်
ကြက်သွန်မြိတ် – ၂ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်သီးစိမ်း – ၂ တောင့်
ကြက်သွန်ဖြူဆီချက် – အနည်းငယ်
ကြက်သွန်နီကြော် – အနည်းငယ်
ခ်က္နည္း
ပြုလုပ်နည်း
ပထမဆုံး အခုပြုလုပ်ပြပေးမယ့် ဆန်ပြုတ်လေးအတွက်ကိုတော့ အဓိက ပါဝင်ပစ္စည်းအနေနဲ့ ထမင်းလိုအပ်ပါတယ်။ ပြီးတော့ ကြက်သားပြုတ်ရည်လေးရှိရင်လည်း ပိုကောင်းပါတယ်။ ငရုတ်ဆုံတစ်ခုထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ထည့်ပြီး ညက်နေအောင် ထောင်းပေးပါ။ ပုစွန်လေးကို အခွံခွာထားပြီးတော့ ရေဆေးသန့်စင်ထားပေးပါ။
ဒယ်အိုးတစ်လုံးထဲကို ဆီထည့်ပါ။ ဆီပူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း တစ်ဝက်ခန့်ကို ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာရင်တော့ ပုစွန်ထည့်ကာ ကျက်အောင် ကြော်ပေးပြီး ခဏဖယ်ထားပါ။ ပြီးလျှင် အိုးတစ်လုံးထဲ ကြက်ပြုတ်ရည်၊ ထမင်းတို့ကို ထည့်ပြီး မိနစ် ၃၀ လောက် တည်ထားပါ။ အချိန်စေ့ပြီဆိုရင် ပုစွန်ကြော်ထားတာလေးကို ထည့်ပြီ နောက်ထပ်မိနစ်အနည်းငယ်လောက် ထပ်တည်ထားပါ။ ဆူလာရင် ဆားနဲ့ ငရုတ်ကောင်းမှုန့် ထည့်ပြီး အရသာအနေတော်ဆိုရင်တော့ မီးဖိုပေါ်က ချလို့ရပါပြီ။ ပန်းကန်တစ်ခုထဲကို ဆန်ပြုတ် ခပ်ထည့်ပြီး ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီကြော်၊ ကြက်သွန်မြိတ်တို့ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။