
by Win Zaw @ Mario Win Zaw for Food Magazine
မုန့်ဟင်းခါးကိုတော့ လူတိုင်းကြိုက်ကြပါတယ်။ ပြီးတော့ မြန်မာနိုင်ငံအနှံ့အပြား ပြုလုပ်ပုံတွေကလည်း မတူညီကြပါဘူး။ ယခု ကျွန်တော်လုပ်ပြမှာက ရန်ကုန်မုန့်ဟင်းခါးပါ။ မုန့်ဖတ် ၁ ပိဿာချက် ချက်မှာပါ။
ပါဝင်ပစ္စည်းများ
ငါးခူ – ၅၀ ကျပ်သား
စပါးလင် – ၁ စည်း
ငံပြာရည် – ၁၀ဝ ဂရမ်
နနွင်းမှုန့် – ၂၀ ဂရမ်
ကုလားပဲပြုတ် – ၅၀ဝ ဂရမ်
ကြက်သွန်နီထောင်း – ၅၀ ဂရမ်
ကြက်သွန်နီဥသေး – ၆၀ လုံး
ကြက်သွန်ဖြူ – ၃၀ ဂရမ်
မုန့်ဖတ် – ၁ ပိဿာ
ငရုတ်အနှစ် – ၃၀ ဂရမ်
အချိုမှုန့် – ၂၀ ဂရမ်
သကြား – ၂၀ ဂရမ်
ဆား – သင့်တော်ရုံ
နံနံပင် – ၁ စည်း
ပဲတောင့်ရှည် – ၁ စည်း
ဘဲဥပြုတ် – ၁၀ လုံး
ငှက်ပျောအူ – ၁ တုံး
ငရုတ်အကျက်မှုန့် – လိုသလောက်
ပြုလုပ်နည်း
၁။ ကုလားပဲကို ပြုတ်၍ ခြေထားပါ။
၂။ ငှက်ပျောအူကို အကြောခွာ၍ လှီးပြီး နနွင်းမှုန့်ထည့်ထားသော ရေခွက်ထဲမှာ ထည့်ထားပါ။
၃။ ငါးခူကို စပါးလင်၊ နနွင်းမှုန့်၊ ငံပြာရည်တို့နှင့် ပြုတ်ပြီး အသားနွှင်ထားပါ။
၎။ စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်နှစ်တို့ကို ရောပြီး ဆီသတ်ပါ။ ပြီးလျှင် ငါးခူများ ရောထည့်ပါ။
၅။ ပြုတ်ထားသောအရည်များ ရောထည့်ပါ။ ခြေထားသောပဲနှင့် ငှက်ပျောအူကို ရောထည့်ပါ။
၆။ အရသာမြည်း၍ ကောင်းသွားပါက ကြက်သွန်နီဥသေးများ ရောထည့်ပါ။ ပြီးလျှင် မုန့်ဖတ်၊ နံနံပင်၊ ပဲတောင့်ရှည်နှင့် ဘဲဥတို့ကို ထည့်ပြီး စားသုံးနိုင်ပါပြီ။