
by Shwe Min Eain
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ရွှေဖရုံသီး – ၈၀၀ ဂရမ် (အခွံခွာထားပါ)
ကြက်သွန်နီ – ၃၀ ဂရမ်
သံလွင်ဆီ – စားပွဲဇွန်း ၂ ဇွန်း
အသီးအရွက်ပြုတ်ရည် – ၇၀၀ မီလီလီတာ
ဟင်းချက်ခရင်မ် – ၁၅၀ မီလီလီတာ
Dry Thyme Leaves – အနည်းငယ်
ခ်က္နည္း
ပြုလုပ်နည်း
အိုးတစ်လုံးထဲကို သံလွင်ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလာရင် ကြက်သွန်နီ ထည့်ပြီး ဆီသတ်ပါ။ ဆီသတ်ထားတဲ့အထဲကို ရွှေဖရုံသီး၊ အသီးအရွက်ပြုတ်ရည်တို့ထည့်ပြီး ၁၀ မိနစ်လောက် တည်ထားပါ။ ပြီးလျှင် ဟင်းချက်ခရင်မ် ထည့်ပြီး ဆူလာအောင် ထပ်တည်ထားပါ။ ပြီးလျှင် အနည်းငယ် အေးအောင်စောင့်ပြီး ကြိတ်စက်ထဲ ထည့်ပြီး ကြိတ်ပါ။ အကုန်လုံး ကြေညက်ပြီး သမသွားပြီဆိုရင် အိုးထဲကို ပြန်ထည့်ပြီး ဆား အနည်းငယ်ထည့်၍ ခဏတည်ပါ။ အရသာလေးမြည်းလိုက်လို့ အနေတော်ဆိုရင် ရပါပြီ။ ပန်းကန်လုံးတစ်ခုထဲကို ထည့်ပြီး အပေါ်မှ Dry Thyme Leaves အနည်းငယ်ဖြူးလိုက်ရင် သုံးဆောင်နိုင်ပါပြီ။