Lentil Soup (ပဲနီလေးဟင်းချို)

Lentil Soup ကတော့ ဥရောပတိုက် အရှေ့အလယ်ပိုင်းမှာ ချက်စားလေ့ရှိတဲ့ ပဲနီလေးဟင်းချိုတစ်မျိုးပါ။ ပဲနီလေးကို အသီးအရွက်နှင့် အမွှေးအကြိုင်များထည့်ပြီး ခရမ်းချဉ်သီး  အချဉ်အရသာဖြင့် မျှတသောအရသာပုံစံရှိတဲ့ ဟင်းချိုတစ်မျိုးပါ။ ပဲနီလေးဟင်းချိုကို အသားများထည့်ပြီးလည်း ချက်ပြုတ်နိုင်ပါတယ်။ Lentil Soup ကို ဆောင်းရာသီမှာ ချက်ပြုတ် လေ့ရှိပါတယ်။

Facebook Comments

by Htain Lin Maung for Food Magazine

ပါ၀င္ပစၥည္းမ်ား

ပဲနီလေး-  ၁၅၀ ဂရမ်

ကြက်သွန်နီဥကြီး-  ၁ဝဝ ဂရမ်

ခရမ်းချဉ်သီး-  ၁ဝဝ ဂရမ်

အာလူး-  ၁ဝဝ ဂရမ်

မုန်လာဥနီ-  ၁ဝဝ ဂရမ်

ကရဝေးရွက်-  ၁ ရွက်

သံလွင်ဆီ-  စားပွဲဇွန်း ၂ ဇွန်း

တရုတ်နံနံ –  ၁၀ ဂရမ်

ကြက်သွန်ဖြူ-  ၁၅ ဂရမ်

ဆား –  လက်ဖက်ရည်ဇွန်း ၁/ ၂ ဇွန်း

ငရုတ်ကောင်းမှုန့်-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပင်စိမ်းရွက်-  ၂ ဂရမ်

ရေ –  ၁ လီတာ

ခ်က္နည္း

ပဲနီလေးကို သေချာစွာ ဆေးကြောသန့်စင်ပြီး ရေစိမ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီနှင့် အာလူးတို့ကို အခွံနွှာပြီး အတုံးသေးသေးလေးများတုံးပါ။ တရုတ်နံနံကိုလည်း အနေတော်အပိုင်းလေးတွေ ဖြတ်ထားပါ။ ခရမ်းချဉ်သီးကို နုပ်နုပ်စဉ်းထားပါ။

အိုးထဲ သံလွင်ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကရဝေးရွက်နှင့် တရုတ်နံနံတို့ကို ထည့်ပြီး ဆီသတ်ပါ။ ပဲနီလေး၊ အာလူး၊ ပင်စိမ်းရွက် မုန်လာဥနီနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပြီး ခဏမွှေပေးပါ။ ရေထည့်ပြီး ပဲများနူးသည်အထိ တည်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်၍ အရသာမြည်းပြီး သုံးဆောင်နိုင်ပါပြီ။