ကန်စွန်းဥရွှေချီ

by တင်တင်ဦး for Food Magazine

ပါဝင်ပစ္စည်းများ

ရွှေချီအမှုန့်-  ၁၅၀ ဂရမ်

ကန်စွန်းဥ-  ၃၅၀ ဂရမ် (ပြုတ်ထားပါ)

သကြား-  ၂ဝဝ ဂရမ်

အုန်းနို့-  ၄ဝဝ ဂရမ်

ဘိန်းစေ့-  စားပွဲဇွန်း ၂ ဇွန်း

ရေ-  ၃ဝဝ မီလီလီတာ

ဆား-  စားပွဲဇွန်း ၁/၂ ဇွန်း

ထောပတ်-  ၁ဝဝ ဂရမ်

ပြုလုပ်နည်း

၁။        ဦးစွာ ရွှေချီအမှုန့်ကို အနံ့မွှေးပြီး အရောင်ပြောင်းလာသည်အထိ လှော်ပါ။ လှော်ပြီးလျှင် ခဏအအေးခံထားပါ။

၂။         ဇလုံတစ်လုံးထဲ ပြုတ်ထားတဲ့ ကန်စွန်းဥကို ထည့်၍ သကြားထည့်ပြီး နယ်ပါ။ နောက်ထပ် ဆားထည့်၊ လှော်ထားတဲ့ ရွှေချီမှုန့် ထည့်၊ အုန်းနို့ထည့်ပြီး နယ်ပါ။ အုန်းနို့ကို အနည်းငယ် ချန်ထားပါ။

၃။        ဒယ်အိုးတစ်လုံးထဲ  ထောပတ်ထည့်ပြီး အရည်ဖျော်ပါ။ ပြီးလျှင် ခုနက ရောနယ်ထားတဲ့ ရွှေချီမုန့်နှစ်သားတွေကို ထည့်ပါ။

၄။        ပြီးလျှင် မုန့်နှစ်သားတွေကို ရေခန်းပြီး ဖုတ်ဖို့ အသင့်အနေအထားရပြီဆိုလျှင် မီးဖိုပေါ်က ချကာ မိမိတို့လိုချင်တဲ့ ပုံစံခွက်လေးတွေထဲ ထည့်ပြီး အနည်းငယ်ချန်ထားတဲ့ အုန်းနို့လေး ဆမ်း၊ ဘိန်းစေ့လေး ဖြူးပြီး အပေါ်မီး၊ အောက်မီးပေး၍ မိနစ် ၂၀ ခန့် ဖုတ်လိုက်လျှင် အရသာရှိတဲ့ ကန်စွန်းဥရွှေချီလေး ရပါပြီ။

Facebook Comments