ဒူးရင်းယို

by ပန်းခရေ for Food Magazine

          ဒူးရင်းယိုထိုးရတာ လွယ်ကူရိုးရှင်းပါတယ်။ ကြိုက်ရင် ထောပတ်ထည့်ထိုးလို့ ရပေမယ့် ပန်းခရေကတော့ ဒူးရင်းသီးအနံ့လေးပဲ နှစ်သက်တာမို့ ပဲဆီတစ်မျိုးတည်းသာ သုံးထားပါတယ်။ ဒူးရင်းသီးပေါတဲ့ရာသီမှာ သကြား၊ တာရှည်ခံဆေးကြောက်ရင် ဒီနည်းလေးနဲ့ ထိုးလို့ အတော်လေးအဆင်ပြေပါတယ်။ ပြီးတော့ သကြားကိုလည်း ကိုယ့်စိတ်ကြိုက် ပေါ့ပေါ့လေးထည့်နိုင်တော့ ခပ်ဆိမ့်ဆိမ့် ဒူးရင်းယိုလေးရပါမယ်ရှင်။

ပါဝင်ပစ္စည်းများ

ဒူးရင်းသီး  –  ၁ လုံး (အသားပေါပေါ)

ဆီ  –  ၂  ၁/၂ ကျပ်သား

ဆား  –  လက်ဖက်ဇွန်းဖျားနှင့် အနည်းငယ်

သကြား  –  စတီးဇွန်း ၂ ဇွန်းခန့်

(သကြားကို လျှော့ထည့်ပြီး လိုအပ်မှ ထပ်လိုက်ပါ။ အသီးရဲ့ အချိုပေါ်မူတည်ပြီး သကြားလိုအပ်ချက် ကွာခြားနိုင်ပါတယ်။)

ပြုလုပ်နည်း

          ဆီကို အပူပေးပြီး ဆီပူလာလျှင် ဒူးရင်းသီး၊ ဆားနှင့် သကြားတို့ကို တစ်ခါတည်း ထည့်၍ အိုးမကပ်တော့တဲ့အထိ အဆက်မပြတ် ထိုးပေးရပါတယ်။ အပျော့၊ အမာက မိမိ စိတ်ကြိုက်ပါ။ ဓားနဲ့လှီးလို့ရတဲ့ အနေအထိလည်း ထိုးလို့ရသလို ပျော့ပျော့ပျောင်းပျောင်း အိအိစက်စက်လည်း စားကောင်းလှပါတယ်ရှင်။

Facebook Comments