မန်ကျည်းသီး (ချိုချဉ်အရသာရှိသည့် ဟင်းခတ်အမွှေးအကြိုင်)

အာဖရိကအပူပိုင်းတွင် စတင်ပေါက်ရောက်သည့် အမြဲစိမ်းအပင်ကြီးမျိုးဖြစ်သော မန်ကျည်းပင်သည် အတောင့်ပုံသဏ္ဌာန်ရှိပြီး စားသုံးနိုင်သည့် အသီးများ ရှိခြင်းကြောင့် အဖိုးတန်သည့် အပင်တစ်မျိုး ဖြစ်သည်။

“အိန္ဒိယ၏ ရက်စွဲ” ဆိုသည့် အာရပ်စာသားမှ ဆင်းသက် လာသည့် တော်ဝင်မန်ကျည်းသီးအဖြစ် အမည်တွင်

သော ၄င်း၏ ကျယ်ပြန့်သည့် အမြစ်စနစ်ကြောင့် မိုးခေါင် ခြင်းနှင့် လေပြင်းတိုက်ခြင်းများကို ခံနိုင်ရည်ရှိသော် လည်း နှင်းခဲခြင်းကိုမူ ခံနိုင်ရည်မရှိပေ။ ゞင်းသည်  အပူပိုင်း ဒေသများနှင့် အပူလျော့ပိုင်း ဒေသများအားလုံးနီးပါး

တွင် ပေါက်ရောက်သည်။ အကိုင်းအခက်များတွင် စုပြုံ နေတတ်သော အညိုရောင်အတောင့်ရှည်ရှည်ဖြင့် အစု အဝေးလိုက် တွေ့ရတတ်ပြီး ရင့်မှည့်လာပါက ခူးဆွတ်ကြ သည်။ မီတာ ၄၀ မှ ၇၅ မီတာ (၁၃၁ ပေမှ ၂၄၆ ပေ) အမြင့် ရှိသည့် မန်ကျည်းပင် တစ်ပင်သည် အသီး ၂ဝဝ ကီလို ဂရမ် (ပေါင် ၄၄၀) ခန့်အထိ အသီးထွက်ရှိနိုင်သည်။ ဆီးသီးအသားကဲ့သို့ ချဉ်သည့်အရသာရှိသော အသား များဖြင့် ဝန်းရံပါရှိသည့် အစေ့များကို မြင်သာအောင် အသီးတောင့်များကို အခွံချွတ်၍ မှန်ကြည်စက္ကူဖြင့် ထုပ်ပိုးပြီး ကမ္ဘာတစ်ဝန်းသို့ မပို့ဆောင်မီ ထု ၂.၅ စင်တီ မီတာ(၁ လက်မ)ခန့်ရှိ အတုံးထူထူများအဖြစ် တင်းကျပ် အောင် ဖိသိပ်ရသည်။ မန်ကျည်းသီးကို အနှစ်အနေဖြင့် သော် လည်းကောင်း၊ အမှုန့်အဖြစ်သော်လည်းကောင်း ရရှိနိုင်သည်။

မန်ကျည်းသီး၏ ချဉ်သောအရသာနှင့် အညိုရင့်ရင့် ရှိသော အသားကို  ရေနှင့်ဖျော်၍ (ရေ ၄ ဆ၊ မန်ကျည်းသား ၁ ဆ) မန်ကျည်းရည် (သို့) မန်ကျည်းဖျော်ရည် ပြုလုပ် နိုင်သည်။ မန်ကျည်းရည်အဆီကို မန်ကျည်းရည်တွင် သကြားထည့်ဖျော်၍ မက္ကဆီကို၌ လူကြိုက်များသော ‘‘Ague De Fresca Tamarindo” တွင် အသုံးပြုပြီး ချိုချဉ် အရသာရှိသည့် လန်းဆန်းစေသော အပူပိုင်းကော့တေး များတွင်လည်း အသုံးပြုကြသည်။ “အရှေ့ပိုင်းဒေသ၏ သံပရိုသီး” ဟု လိုက်ဖက်စွာ အမည်ရသော မန်ကျည်းသီး ကို မဆလာဟင်း၊ ချတ္တနီ (အိန္ဒိယအစားအစာများနှင့် တွဲဖက်သုံးဆောင်ရသော ဆော့စ်တစ်မျိုး)၊ စွပ်ပြုတ်ပူ၍ ချဉ်သည့်အရသာရှိသည့် စွပ်ပြုတ်များနှင့် စမူဆာနှင့် သုံးဆောင်သည့် အချဉ်ရည်များ အပါအဝင် မြောက်မြား စွာသော မလေးရှားဟင်းလျာများ၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒို နီးရှား၊ အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိကဒေသ အစားအစာများတွင် အသုံးပြုသည်။ မလိုင်ပြည့် ဒိန်ချဉ် အပေါ်တွင် မန်ကျည်းရည် (သို့) မန်ကျည်းယိုကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်းခန့် ဆမ်း၍ ပစ်စတာ ချီယို (အစိမ်းရောင်ရှိ ဆိမ့်သော အဆန်ပါသည့် အခွံမာ သီးတစ်မျိုး) နှင့် ဘလူးဘယ်ရီသီး လက်တစ်ဆုပ်စာကို ဖြူး၍ အရသာရှိသည့် နံနက်စာတစ်ပွဲကိုလည်း ပြုလုပ် နိုင်သည်။ ဝိုးစတော့(စ်)ရှိုင်းယား (Worcestershire) တွင် အနံ့စူးရှသည့် ပါဝင်ပစ္စည်းတစ်မျိုးအဖြစ်လည်း

ကောင်း၊ အညိုရောင်ဆော့စ်များ၊ အသားကင်နှင့် အမဲသားကင်ဆော့စ်များနှင့် Angostura Bitters များ တွင်လည်းကောင်း ပါဝင်အသုံးပြုနိုင်သည်။ မီးလင်း သကြား (Caramel) နှင့် တူသည့် ၄င်း၏ အချဉ်အနံ့ အရသာသည် ပုံမှန်သံပရိုဖျော်ရည်ကို အရသာ ကောင်းမွန်စေပြီး ကျန်းမာရေးနှင့် ညီညွတ်သော

ယင်း၏ အာဟာရဓာတ်များနှင့် အနံ့အရသာတို့ကြောင့် ဆန်းသစ်သည့် ဖျော်ရည်များကို ဖန်တီးရရှိစေနိုင်သည်။

မန်ကျည်းသီးသည် ရင့်မှည်လာသည်နှင်အမျှ အရသာချိုလာတတ်သော်လည်း အက်စစ်ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် အချဉ်အရသာ ပျက်ပြယ်သွားခြင်း မရှိပေ။ သို့ရာတွင် ကြာရှည်သိမ်းဆည်းထားပါက မာသွား တတ်သည်။

Tartaric အက်စစ်ြွကယ်ဝမှုကြောင့် လွန်ကဲစွာ ချဉ်သည့် မန်ကျည်းသီးတွင် ဗီတာမင်ဘီဓာတ်ြွကယ်ဝပြီး၊ အထူးသဖြင့် ခန္ဓာကိုယ်ခွန်အားအတွက် Thiamine ဓာတ်၊ အရိုးတည်ဆောက်ရန် လိုအပ်သည့် သတ္တုဓာတ် များ၊ ပိုတက်ဆီယမ်နှင့် ဗီတာမင်ကေဓာတ်၊ လူ့ကျန်းမာ ရေးနှင့် ရောဂါကာကွယ်ရေးအတွက် အရေးပါသော Phytonutrient နှင့် Antioxidant တစ်မျိုးမှ နှစ်မျိုးခန့် ပါဝင်သည်။ မန်ကျည်းသီး၏ တိုင်းရင်းဆေးဆိုင်ရာ ကျန်းမာရေးအကျိုးကျေးဇူးများတွင် အစာခြေစနစ်နှင့် အစာအိမ်ဆိုင်ရာ ရောဂါများနှင့်တကွ မျက်လုံးခြောက် ခြင်းနှင့် အခြားသော အမြင်အာရုံဆိုင်ရာ ရောဂါများကို သက်သာစေခြင်းတို့ ပါဝင်သည်။ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်မှုကြောင့် သည်းခြြွေပန်ဆိုင်ရာ ရောဂါများ ခံစားနေ ရသူများအတွက်လည်း ရောဂါသက်သာစေသည်ဟု ပြောစမှတ်ပြုကြသည်။

Facebook Comments

by နှင်းဦးဝေ for Food Magazine

ပါ၀င္ပစၥည္းမ်ား

မန်ကျည်းသီး-  လက်တစ်ဆုပ် (အရည်ဖျော်ထားပါ)

ထန်းလျက် –  ၂၊ ၃ လုံး (ကျိုထားပါ)

ရေ –  ၁ ခွက်

ဆား –  ပါရုံမျှ

ခ်က္နည္း

ဖန်ခွက်ထဲသို့ ရေစိမ်ထားသော မန်ကျည်းသီးကို ဆန်ခါဖြင့် စစ်ထည့်ပါ။ ပြီးလျှင် ကျန်ပါဝင် ပစ္စည်းများ အားလုံးကို ထည့်ပြီး သမအောင် ရောမွှေပေးပါ။