မုန့်စိမ်းပေါင်း

by တင်တင်ဦး for Food Magazine

ပါဝင်ပစ္စည်းများ

ဆန်အစိမ်းမှုန့်-  ၃ဝဝ ဂရမ်

အုန်းနို့-  ၈၀ ဂရမ်

ထန်းလျက်ရည်-  ၈၀ ဂရမ်

ကောက်ညှင်းမှုန့်-  ၇၀ ဂရမ်

ဆား-  အနည်းငယ်

ဆီ-  အနည်းငယ်

ရေ-  အနည်းငယ်

ပြုလုပ်နည်း

၁။        ဆန်မှုန့်တစ်ဝက်ထဲ ကောက်ညှင်းမှုန့်ရောပြီး မွှေပါ။ အဖြူရောင်မုန့်သားအတွက် အုန်းနို့ထည့်ပြီး ဆား အနည်းငယ် ထည့်မွှေပါ။ ရေကိုလည်း နည်းနည်းစီထည့်ပြီး နယ်ပါ။ ပြီးလျှင် ဆန်ခါတိုက်ချ ပေးပါ။

၂။         ကျန်တဲ့ဆန်မှုန့်တစ်ဝက်ကို ကောက်ညှင်းမှုန့်ထည့်၊ ထန်းလျက်ရည်ထည့်၊ ဆား အနည်းငယ် ထည့်ပြီး နယ်ပါ။ ပြီးလျှင် ဆန်ခါတိုက်ချပေးပါ။

၃။        ပေါင်းမည့်ခွက်ကို ဆီသုတ်၍ အညိုတစ်လွှာ၊ အဖြူတစ်လွှာ ထည့်ပြီး ပေါင်းမည့် အိုးထဲမှာ မိနစ် ၅၀ ခန့် ပေါင်းပါ။

Facebook Comments