
မြန်မာ့ရိုးရာ မုန့်ဦးနှောက်လုပ်နည်းလေကို ဖော်ပြပေးလိုက်ပါတယ်။
by ပန်းခရေ for Food Magazine
ပါ၀င္ပစၥည္းမ်ား
မွှေးရှယ်ဆန်စိမ်းမှုန့်- ၁ဝဝ ဂရမ်
ရေ- ၁ /၂ လီတာ
သာဂူစေ့- ၂၀ ဂရမ်
သကြား- ၁၁၀ ဂရမ်
အုန်းနို့- စားပွဲဇွန်း ၅ ဇွန်း
ထုံးရည်ကြည်- ကော်ဖီခွက် ၃ ခွက် (မုန့်သားပြုလုပ်ရန်)
ဆား- လက်ဖက်ဇွန်း ၁/၂ ဇွန်း
အုန်းဆီချက်ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ
အုန်းနို့- ၂၅၀ မီလီလီတာ
ဆား- အနည်းငယ်
သကြား- စားပွဲဇွန်း ၃ ဇွန်း
ခ်က္နည္း
၁။ ဆန်မှုန့်ကို ရေဖြင့် သမအောင် ရောဖျော်ပြီး ၁ နာရီခန့် စိမ်ထားပါ။ ပြီးလျှင် ရေပွက် ပွက်ဆူတဲ့ အိုးထဲ သာဂူစေ့ကိုထည့်၍ မျက်ဆံပျောက်အောင် ရေနည်းနည်းချင်း ထည့်ပြီး အဆက်မပြတ်မွှေပါ။ ပြီးလျှင် ခွက်တစ်ခုထဲ လောင်းထည့်ထားပါ။
၂။ ပြီးလျှင် အိုးထဲ ထုံးရည်ကြည်နှင့် ဖျော်ထားသော ဆန်မှုန့်ရည်တို့ကို ထည့်ပြီး မီး အသင့်အတင့်ဖြင့် ကျိုပါ။ ဆားထည့်ပြီး မွှေပါ။ ပြီးလျှင် ကျိုထားသော သာဂူ၊ သကြားနှင့် အုန်းနို့တို့ကို ထည့်ပြီး မုန့်သား ြွကက်မြီးတန်းသည်အထိ သမအောင် မွှေပြီး ကျိုပါ။
၃။ မုန့်သားအအေးခံမည့်ဗန်း (သို့) ခွက်ကို ဆီသုတ်ပါ။ ပြီးလျှင် ကျိုထားသော မုန့်သား ကို ခွက်ထဲထည့်ပြီး မုန့်သားခဲသွားအောင် ၂ နာရီခန့် အအေးခံပါ။
၄။ အုန်းဆီချက်ပြုလုပ်ရန်အတွက် ဒယ်အိုးထဲ အုန်းနို့နှင့် ဆားထည့်ပြီး အဆက် မပြတ်မွှေပါ။ ပြီးနောက် သကြားထည့်ပါ။ အုန်းဆီထွက်လာသည်အထိ အဆက် မပြတ်မွှေပြီး ကျိုပါ။ ပြီးလျှင် အအေးခံထားသော မုန့်ဦးနှောက်ကို မုန့်ခွက်ထဲမှ ထုတ်ယူ၍ အနေတော်အရွယ် အတုံးလေးများတုံးပြီး ပန်းကန်ထဲ ထည့်ပါ။ ပြီးလျှင် မုန့်အပေါ်မှာ အုန်းဆီချက်ဆမ်းပြီး စားသုံးနိုင်ပါတယ်။