by ေဒါ်ဆန်းဆန်းဦး for Food Magazine
ချစ်စွာသော စာရှုသူများရှင်-
ဒီလအတွက်တော့ “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာ မိုးရာသီစာ သီးနှံတစ်မျိုးဖြစ်တဲ့
“စောင်းလျားသီး” ရဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြထားပါတယ်။
စောင်းလျားသီးကိုတော့ စာရှုသူများ မြင်ဖူး၊ ကြား ဖူး၊ စားဖူးကြမှာပါ။ စောင်းလျားသီးဆိုတဲ့အတိုင်း ဇောင်း လေးတွေ မို့မို့မောက်မောက်နဲ့ အသီးတစ်လုံးမှာ ဇောင်း (၅)ဇောင်းပါရှိပါတယ်။ စောင်းလျားသီးကို ပါးပါးလှီးလိုက် တဲ့အခါ ကြယ်ပွင့်လေးလို ဖြစ်နေတာမို့ မျက်စိပသာဒ လည်း ရှိပါတယ်။
စောင်းလျားသီးအပင်ကနေ စောင်းလျားသီးတွေ သီးတဲ့အခါ အသီးတွေ ြွပတ်ခဲနေအောင် သီးလေ့ရှိတာမို့ မြင်ရတာ အားရစရာကောင်းပါတယ်။ အသီးလှိုင်တာမို့ စောင်းလျားပင်တစ်ပင် စိုက်ထားရင် စားသုံးလို့ ပိုလျှံရုံ သာမက အိမ်အနီးအနားက မိတ်ဆွေများကိုပါ ဝေငှနိုင် ပါတယ်။
စောင်းလျားသီးကိုတော့ ချိုချဉ်မြမြအရသာရှိတာမို့ သုပ်လို့တစ်မျိုး၊ ယိုထိုးလို့တစ်မည်၊ အချဉ်ခြောက် ပြုလုပ် လို့တစ်ဖုံ၊ စောင်းလျားလက်ဖက်လုပ်လို့တစ်နည်း နည်း မျိုးစုံ အသုံးပြုနိုင်ပါတယ်။ စောင်းလျားသီးသုပ်မယ်ဆိုရင် တော့ အချဉ်ကြိုက်သူများအတွက် စောင်းလျားသီး အစိမ်း နဲ့ အချိုကြိုက်သူများအတွက်တော့ စောင်းလျားသီး အမှည့်ကို သုံးသင့်ပါတယ်။ ပထမဆုံး စောင်းလျားသီး အလုံးလိုက်ကို ရေစင်အောင်ဆေးပြီး ဇောင်းလေးတွေကို သပ်ပေးရပါမယ်။ ပြီးလျှင် အစေ့နဲ့ အူတိုင်ကို ထုတ်ပြီး ပါးပါးလှီးရပါမယ်။ အဲဒီနောက် ပုစွန်ခြောက်၊ ဆီချက်၊ ငံပြာ ရည်၊ ငရုတ်သီးမှုန့်နဲ့အတူ ကြက်သွန်နီကို ပါးပါးလှီးထည့် ပြီး သုပ်စားရင် အရသာရှိတဲ့ စောင်းလျားသီးသုပ် တစ်ပွဲ ကို ရရှိနိုင်ပါတယ်။ အိမ်မှာ ငါးသလောက်ပေါင်းလေး ထည့်ပြီး သုပ်စားရင် ထိပ်တန်းစောင်းလျားသီးသုပ် တစ်ပွဲကို ရရှိနိုင်ပါတယ်။
စောင်းလျားချဉ်ခြောက်ပြုလုပ်မယ်ဆိုရင်တော့ စောင်းလျားသီးအသား ၁ ပိဿာ၊ သကြား ၁၀ ကျပ်သား၊ ဆား ၇ ကျပ်ခွဲသား၊ နွယ်ချိုမှုန့် ၂ ကျပ်သားနဲ့ ငရုတ်သီးမှုန့် ၃ ကျပ်ခွဲသား လိုအပ်ပါတယ်။ ပထမဆုံး စောင်းလျားသီး တွေကို ဇောင်းသတ်ရပါမယ်။ အလေးချိန် အသား
၁ ပိဿာရရင် ရေစင်အောင်ဆေးပြီး ရေစစ်ထားရပါမယ်။ ပြီးလျှင် စောင်းလျားသီး၊ သကြားနှင့် ဆားတို့ကို သမ အောင်နယ်ပြီး အင်တုံမှာထည့်ကာ အဖုံးအုပ်ပြီး နေလှမ်း ရပါမယ်။ စောင်းလျားသီးတွေ နပ်သွားပြီဆိုရင် ထွက် လာတဲ့ စောင်းလျားရည်မှာ ပြန်စိမ်ရပါမယ်။ နောက် တစ်နေ့မနက်ရောက်တဲ့အခါ စောင်းလျားဖတ်တွေကို
ပြန်ဆယ်ယူပြီး နေပြန်လှန်းရပါမယ်။
အဲဒီလိုနဲ့ နူးနပ်တဲ့အထိ ၃ ရက်လောက် ပြုလုပ် ပေးရပါမယ်။ ၃ ရက်လောက်ကြာတဲ့အခါ စောင်းလျားသီး ဖတ်တွေကို ဆယ်ယူပြီး ခြောက်တဲ့အထိ နေလှမ်းပေးရ ပါမယ်။ ခြောက်ခါနီးမှာ နွယ်ချို၊ ငရုတ်သီးမှုန့် စသည်တို့နဲ့ နယ်ပြီး ခြောက်တဲ့အထိ နေပြန်လှန်းရပါမယ်။ ခြောက် သွားပြီဆိုရင်တော့ ချိုချဉ်စပ်မွှေး အရသာမသေးလှတဲ့ စောင်းလျားသီးချဉ်ခြောက်ကို ရရှိပါပြီ။ အိပ်ချင်ပြေပြီး ခံတွင်းရှင်းစေတဲ့ သရေစာ စောင်းလျားသီးချဉ်ခြောက်ကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပါတယ်။
စောင်းလျားသီးကို စောင်းလျားယို ပြုလုပ်ပြီးတော့ လည်း စားသုံးနိုင်ပါတယ်။ စောင်းလျားသီး အလုံးလိုက် ယိုထိုးမယ်ဆိုရင် စောင်းလျားသီးအလုံး ၂ ပိဿာနဲ့ သကြား (သို့) ကြံသကာ ၇၅ ကျပ်သား လိုအပ်ပါတယ်။ ပထမဆုံး စောင်းလျားသီးကို ဆူးနဲ့ဖောက်ရပါမယ်။ အဲဒီ နောက် ထုံးရည်မှာ နာရီဝက်စိမ်ပြီး ရေစင်အောင် ဆေး ရပါမယ်။ ပြီးလျှင် စောင်းလျားသီးတွေကို ဆူးနဲ့ ဖောက် ရပါမယ်။ အဲဒီနောက် ထုံးရည်မှာ နာရီဝက်ခန့် စိမ်ပြီး ရေစင်အောင် ဆေးရပါမယ်။ ပြီးလျှင် ရေနွေးဆူဆူမှာ
၅ မိနစ်ခန့် ထည့်ပြုတ်ပြီး စောင်းလျားသီးတွေကို ဆယ် ယူကာ ရေစစ်ထားရပါမယ်။ သကြားရည်စေးပြီး ညောင် စေးကျလာတဲ့အခါ မီးဖိုပေါ်က ချပြီး သကြားရည်ကို အအေးခံထားရပါမယ်။ သကြားရည်အေးသွားတဲ့အခါ စောစောက ပြုတ်ပြီး ရေစစ်ထားတဲ့ စောင်းလျားသီး တွေကို သကြားရည်ထည့်ပြီး စိမ်ထားရပါမယ်။ နောက်နေ့ မနက်မှာ စောင်းလျားသီးဖတ်များ ဆယ်ယူပြီး နေလှမ်း ထားရပါမယ်။ စောင်းလျားသီးစိမ်ထားတဲ့ သကြားရည် တွေကို ညောင်စေးကျအောင် ပြန်ကျိုပြီး အအေးခံရ ပါမယ်။ ပြီးလျှင် အခြောက်လှမ်းထားတဲ့ စောင်းလျားသီး တွေကို ပြန် စိမ်၊ နောက်နေ့မနက်မှ ဆယ်ပြီး နေပြန်လှမ်းနဲ့ ရက်အနည်းငယ် သကြားကျွေးလိုက်၊ နေလှမ်းလိုက် လုပ်ရပါမယ်။ ဒီလိုနဲ့ သကြားရည်ခြောက်တဲ့အထိ နေကို ဆက်တိုက် လှမ်းတဲ့အခါမှာတော့ အရသာချိုမြနဲ့ စောင်းလျားသီးအလုံးလိုက် ယိုကို ရရှိနိုင်ပါမယ်။
စောင်းလျားသီးကို အလုံးလိုက် ယိုအပြင် အမြွှာ လိုက် လှီးပြီး စောင်းလျားသီးအမြွှာကို ယိုထိုးလို့လည်း ရပါတယ်။ စောင်းလျားသီးအမြွှာကို ယိုထိုးမယ်ဆိုရင် တော့ စောင်းလျားသီးအသား ၁ ပိဿာ၊ သကြား
၅၀ ကျပ်သားနဲ့ ထုံးအနည်းငယ်လိုအပ်ပါတယ်။ သကြား အစား ထန်းလျက် (သို့) ကြံသကာကို သုံးလို့လည်း ရပါတယ်။
ပထမဆုံး စောင်းလျားသီးတွေကို ရေစင်အောင် ဆေးပြီး ဇောင်းသတ်ပေးရပါမယ်။ ပြီးလျှင် အရှည်လိုက် အမြွှာလေးတွေဖြစ်အောင် လှီးပြီး အစေ့နဲ့ အူတိုင်ကို ထုတ်ပစ်ရပါမယ်၊ အဲဒီနောက် အသားချည်း ၁ ပိဿာ ရတဲ့အခါ ထုံးရည်နောက်မှာ ၁၅ မိနစ်ခန့် စိမ်ရပါမယ်။ အဲဒီနောက် ရေနွေးဆူဆူမှာ ပြုတ်လျှောပြုလုပ်ရပါမယ်။ ပြုတ်လျှောပြုလုပ်တဲ့အခါ အသီး အစိမ်း/အမှည့်အပေါ် မူတည်ပြီး အချိန်အတိုးအလျှော့ လုပ်ရပါမယ်။ ပြုတ်လျှော ပြုလုပ်ထားတဲ့ စောင်းလျားသီးတွေကို အအေးခံထားရ ပါမယ်။ ပြီးလျှင် အအေးခံထားတဲ့စောင်းလျားသီးတွေကို သကြားနဲ့ သမအောင် မွှေရပါမယ်။ ဒီအခါ သကြားနဲ့ စောင်းလျားသီးကနေ အရည်တွေထွက်လာပါလိမ့်မယ်။ နောက်တစ်နေ့မနက်မှာ စောင်းလျားသီးအဖတ်တွေကို ဆယ်ယူပြီး နေလှမ်းရပါမယ်။ ကျန်နေတဲ့အရည်တွေကို ပျစ်လာအောင် မီးအေးအေးနဲ့ ပြန်ကျိုပြီး အအေးခံထား ရပါမယ်။ ညနေရောက်တဲ့အခါ အဲဒီသကြားရည်ထဲကို နေလှန်းထားတဲ့စောင်းလျားသီးတွေ ပြန်ထည့်ပြီး မနက် အထိ စိမ်ရပါမယ်။ အဲဒီနည်းအတိုင်း ၃ ရက် ဆက်တိုက် ပြုလုပ်ပြီး ၄ ရက်မြောက်တဲ့နေ့မှာတော့ စောင်းလျား သီးအသားနဲ့ သကြားကို မီးအေးအေးမှာ အနည်းငယ် စေးပျစ်လာတဲ့အထိ လှိမ့်ပေးရပါမယ်။ အဲဒီအချိန်မှာ စောင်းလျားသီးအသားတွေ ေြွကမွသွားတတ်တာမို့ ခပ် ဖွဖွလေးသာ အထပ်အောက် လှိမ့်ပေးသင့်ပါတယ်။ သကြားရည်စေးလာတဲ့အခါ မီးဖိုပေါ်ကချပြီး အအေးခံ ကာ အဖတ်တွေကို ဆယ်ယူရပါမယ်။ ဒီအခါမှာတော့ ပထမတန်စား သန့်ရှင်းလတ်ဆတ်ပြီး မွှေးပျံ့လှတဲ့
စောင်းလျားသီး အမြွှာယိုကို ရရှိနိုင်ပါမယ်။
အခုလိုအမျိုးမျိုးပြုလုပ်စားသုံးနိုင်တဲ့ စောင်းလျား သီးကို ဆေးဖက်ဝင် သစ်သီးအဖြစ်လည်း အသုံးပြုနိုင်ပါ တယ်။ ရင်ပြည့်ရင်ကယ် ဖြစ်ပြီး နေထိုင်မကောင်းတဲ့အခါ စောင်းလျားသီးမှည့် အလုံးလိုက်ကို ရေစင်အောင်ဆေးပြီး ဇောင်းသတ်၊ ပါးပါးလှီးကာ အဝကျယ်ဖန်ပုလင်းမှာ ထည့် ရပါမယ်။ ပြီးလျှင် အပေါ်ကနေ သကြားနိုင်နိုင်ထည့်ရပါ မယ်။ မနက်ဘက်က ထည့်ထားရင် ညနေလောက်မှာ စောင်းလျားသီးနဲ့ သကြားကနေ အရည်လေးတွေ ထွက် လာပါလိမ့်မယ်။ အဲဒီအရည်ကို သောက်သုံးပေးရင် အစာ ကြေ၊ ရင်ချောင်ပြီး ရင်တွင်းအေးစေပါတယ်ရှင်။ အမျိုး သားများ မှန်မှန်သောက်သုံးပေးရင် ဒူလာရောဂါ သက်သာပျောက်ကင်းစေပါတယ်။
စောင်းလျားသီးနဲ့ပတ်သက်လို့ “ဓာတုရသ လေး စောင်တွဲကျမ်း”မှာ “စောင်းလျားသီးသည် ချဉ်၏။ ပူ၏။ တက်၏။ လေကိုနိုင်စေ၏။” လို့ ရေးသားထားပြီး “ဒဗ္ဗရဏ ပကာသနီကျမ်း” မှာတော့ “စောင်းလျားသီးစိမ်းသည် တက်၏။ ပူ၏။ ချဉ်သောရသာ၊ ခါးသောအရသာ၊ ဖန်သော အရသာရှိ၏။ လေကို နိုင်၏။” ဟု ရေးသားထားပါတယ်။
“ရှုတော်မူဆေးအဘိဓာန်ကျမ်း” မှာတော့ “စောင်း လျားသီးအမှည့်သည် ချို၊ ချဉ်ရသာရှိ၏။ စဉ်းငယ်ဖန်၏။ လေသလိပ်ကို နိုင်၏။ ကိုယ်၏စည်ပင်ခြင်း၊ နှုတ်မြိန်ခြင်း တို့ကို ပြုအပ်၏။ နှလုံးကို ကြည်လင်စေတတ်၏။” လို့ ဖော်ပြထားပါတယ်၊
စောင်းလျားသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်များက တော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ “မြန်မာ့ အစားအစာ၏ အာဟာရ” စာအုပ်အလိုအရ စောင်းလျား သီးစားသုံးမူ ၁ဝဝ ဂရမ်မှာ ကစီဓာတ် ၆.၇ ဂရမ်၊ ဗီတာမင် အေ ၈၉ အင်တာနေရှင်နယ်ယူနစ်နဲ့ ဗီတာမင်စီ ၃၈ မီလီဂရမ် ပါဝင်ပါတယ်။
ချစ်စွာသော စာရှုသူများရှင်-
ယခုလမှာတော့ စောင်းလျားသီးရဲ့ အာဟာရ တန်ဖိုး များအကြောင်း တင်ပြအစီရင်ခံရင်း “မြန်မာ့ရိုးရာ အစား အစာနှင့် အာဟာရ” အခန်းကို ဒီမှာတင်ပဲ ရပ်နားခွင့်ပြု ပါရှင်။