
by Jenny for Food Magazine
မုန့်အချိုကို ပါဝင်ပစ္စည်း (၂) မျိုး၊ (၃) မျိုး ဖြင့် ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီအုန်းနို့ဆန်ကိတ်လေးက အကောင်းဆုံးပါပဲ။ လုပ်ရတာ လွယ်ကူရိုးရှင်းတယ်။ အချိန်သိပ်ပေးစရာ မလိုဘူး။ အရသာကလည်း ထူးကဲကောင်းမွန်တယ်။ အိမ်ရှင်မတွေ အိမ်မှာ လုပ်မယ်ဆိုရင်တော့ အသင့်တော်ဆုံး မုန့်အချိုတစ်ခုဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
အုန်းနို့ခရင်မ် – ၂၃၀ ဂရမ်
အုန်းနို့ – ၂၇၁ ဂရမ်
ကောက်ညှင်းမှုန့် – ၂၁၀ ဂရမ်
သကြား – ၁၇၃ ဂရမ်
ဆား – အနည်းငယ်
ပြုလုပ်နည်း
၁။ ဦးစွာ အုန်းနို့ခရင်မ်ကို ခြောက်ပြီး ြွကပ်လာသည်အထိ မီးအေးအေးဖြင့် မွှေပါ။ နီပြီးြွကပ်လာလျှင် ဆီစစ်ပြီး အအေးခံထားပါ။
၂။ ဇလုံတစ်လုံးထဲ ကောက်ညှင်းမှုန့်၊ အုန်းနို့၊ သကြားနှင့် ဆားထည့်ပြီး သမအောင် နယ်ပါ။
၃။ မုန့်ထည့်မည့်ခွက်ထဲ ငှက်ပျောရွက်ခင်း၍ အပေါ်မှ ထောပတ်သုတ်ပေးပြီး မုန့်သားလောင်းထည့်ပါ။
၄။ ရေနွေးဆူဆူမှာ ၂၅ မိနစ်ခန့် ပေါင်းပါ။
၅။ အြွကပ်ကြော်ထားတဲ့ အုန်းနို့ခရင်မ်ကို အပေါ်မှာဖြူးပြီး သုံးဆောင်နိုင်ပါပြီ။