
by ဆုမြတ်ဦး for Food Magazine
စားနေကျရေခဲမုန့်တွေထဲက ခွဲထွက်ပြီး အသစ်အသစ်တွေကို ခံစားချင် တယ်ဆိုတဲ့ သူများနှင့် အသစ်အဆန်းတွေလုပ်ချင်တဲ့သူတွေ လုပ်စားကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ တချို့က ဝါဆာဘိကို အရမ်းကြိုက်ကြတာမို့ ဝါဆာဘိ အချိန်အဆကို မိမိကြိုက်နှစ်သက်တဲ့ အရသာရတဲ့အထိ ထည့်လို့ရပါတယ်။ ဆုမြတ်ကတော့ အရမ်းမကြိုက်ဘူး။ နည်းနည်းစားလိုက်တာနဲ့ ငယ်ထိပ်အထိ ဝါဆာဘိမွှန်တာက တောက်လျှောက်လာတာ။ အဲဒါကြောင့် နည်းနည်းပဲ ထည့်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
ဗနီလာရေခဲမှုန့် – ၅၀ဝ ဂရမ်
ဝါဆာဘိအမှုန့် (သို့) ဝါဆာဘိအနှစ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နွားနို့ – စားပွဲဇွန်း ၅ ဇွန်း
ဒိန်ချဉ် – စားပွဲဇွန်း ၉ ဇွန်း
အစားအသောက်အရောင် (အစိမ်းရောင်) – အနည်းငယ်
ပြုလုပ်နည်း
၁။ ဝါဆာဘိအမှုန့်နှင့် နွားနို့ကို သမအောင်ရောမွှေပြီး ဘေးမှာ ခဏထား ထားပါ။
၂။ ဗနီလာရေခဲမှုန့်ကို အခန်းအပူချိန်မှာ အရည်ပျော်အောင်ထားပြီး ဝါဆာဘိ နွားနို့အရော၊ ဗနီလာရေခဲမှုန့်နှင့် ဒိန်ချဉ်တို့ကို ရောပါ။ အစိမ်းရောင်ကို လိုချင်တဲ့အရောင် ရတဲ့အထိ ထည့်ပြီး သမအောင်မွှေပါ။ ရေခဲသေတ္တာထဲမှာ ခဲတဲ့အထိ ထားပါ။