ကရဝေးရွက် (မြင့်မြတ်သော ဟင်းခတ်အမွှေးအကြိုင်)

by နှင်းဦးဝေ for Food Magazine

မြေထဲပင်လယ်ဒေသတွင် ဟင်းခတ်အမွှေးအကြိုင် မျိုးဖြစ်သော Bay Laurel (Laurus Mobills) သည် ငုကိုင်း သစ်ကြံပိုးခေါက်၊ Ceylon သစ်ကြံပိုးခေါက်၊ Sassafras နှင့် Avocado တို့ပါဝင်သည့် Lauraceae မျိုးနွယ်ဝင် တစ်မျိုးဖြစ်သည်။ အိန္ဒိယရှိ ကရဝေးရွက် များမှာ သစ်ကြံ ပိုးရွက်များနှင့် ဆင်တူပြီး ကရဝေးရွက်၏ Cineloe အဆီများမပါဝင်သော ကယ်လီဖိုးနီးယား ကရဝေးရွက် စသည်ဖြင့် အမျိုးအစားမျိုးစုံရှိသည်။ သေး သွယ်ပြီး ကြာရှည်ခံသည့် အရွက်များနှင့် အမြဲစိမ်းပင် အမျိုးအစားဖြစ်သော ကရဝေးပင်သည် ထိပ်ပိုင်းတွင် အစိမ်းရင့်ရောင်ရှိပြီး အောက်ဘက်တွင် အရောင်ဖျော့ သွားသည်။ အပူ၊ အအေးအသင့်အတင့် မျှတသောနေရာ များတွင် ကရဝေးပင်ကို စိုက်ပျိုးကြသော်လည်း လသာ ဆောင်များတွင်လည်း အတော်များများ စိုက်ပျိုးလေ့ ရှိကြသည်။ ကရဝေးရွက်မှာ မီးဖိုချောင်ထဲတွင် အသုံး များသော ဟင်းခတ်အမွှေးအကြိုင်များထဲမှ တစ်မျိုးဖြစ် သည်။

ရှေးဂရိအိုလံပစ်ပြိုင်ပွဲများတွင် အနိုင်ရရှိသူများအား ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် စသည့် ဆုတံဆိပ် များ ပေးအပ်ခြင်းမရှိဘဲ Kotinos ဟု ခေါ်သော သံလွင် (သို့) ကရဝေးကိုင်းများနှင့် ပြုလုပ်ထားသည့် သရဖူ နှင့် ချီးမြှောက်ပေးအပ်လေ့ရှိသည်။ ကရဝေးရွက်များကို အောင်နိုင်ခြင်းသင်္ကေတအဖြစ် ဂရိပညာရှင်ကြီး အပိုလို က အလေးအမြတ်ထားခဲ့ပြီး ကရဝေးကိုင်းဖြင့် ပြုလုပ် ထားသောသရဖူကို ကဗျာဆရာများ၊ ပညာရှင်များနှင့် သူရဲကောင်းများအား ချီးမြှင့်ခဲ့ကြသည်။ ယနေ့ထိတိုင် လည်း ကိုယ်အား၊ Óဏ်အား ထူးချွန်မှုသင်္ကေတတစ်ခု အဖြစ် မှတ်ယူနေကြဆဲဖြစ်သည်။ Baccalaureate ဘွဲ့ သည် (Becca ၏ အဓိပ္ပာယ်မှာ ဘယ်ရီပန်းနှင့် လော်ရယ် ပင်ဖြစ်ပြီး ဘယ်ရီသီးများြွပတ်သိပ်နေသော သစ်ကိုင်းများ ဟု အဓိပ္ပာယ်ရသည်။) ရီနေးဆန့်ကာလအတွင်း ဘွဲ့ရ ကျောင်းသားများအား ပါရဂူဘွဲ့ချီးမြှင့်ရာတွင် ဘယ်ရီ လော်ရယ်ခက်တစ်ခက်နှင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ဆရာဝန်တစ်ယောက်အဖြစ် စတင်၍ တာဝန်မထမ်း ဆောင်ခင် လော်ရယ်ကိုင်းများပေါ်တွင် ထိုင်၍ ပျော်ရွှင် ဖွယ် အခိုက်အတန့်များ ဖန်တီးခဲ့ကြသည်။

ကရဝေးဆီတွင် ပါရှိသော Cineole ဓာတ်တစ်မျိုး တွင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်သည်။ ဗီတာမင်စီ ကဲ့သို့ အခြားသော သဘာဝထွက်ပစ္စည်းများတွင် ပါဝင် သည့် ဓာတုပစ္စည်းများထက် ဓာတ်တိုးဆန့်ကျင်သတ္တိ

ပိုမိုပါဝင်ပြီး အစားအစာများတွင် ပေါင်းစပ်သွားသော ကရဝေးရနံ့ကို ကရဝေးရွက်ရှိ ဓာတ်တိုးဒြပ်ပေါင်းများမှ ထုတ်လုပ်ပေးသည်။ ကရဝေးရွက်ကို စားသုံးခြင်းဖြင့် ဆီးချိုရောဂါတိုက်ထုတ်ရာတွင် အထောက်အကူဖြစ်ပြီး သွေးတွင်းသကြားဓာတ်နှင့် LDL ကိုလက်စထရောတို့ကို လျှော့ချပေးသည်။

ကရဝေးရွက်တွင် ချိုမြိန်သောရနံ့နှင့် ခါးသက်သော အရသာတို့ရှိသော်လည်း ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်သည့်အခါ ခရင်မ်များပြီး တန်ဖိုးကြီးသည့် အစားအသောက်တစ်မျိုးဖြစ်သွားသည်။ ခြောက်သွား သည့်တိုင် အရသာနှင့် အာဟာရဓာတ်များကို ထိန်းထား နိုင်သည့် ဟင်းခတ်အရွက်တစ်မျိုးဖြစ်ပြီး မီးအေးအေးနှင့် ချက်ပြုတ်သည့် စွပ်ပြုတ်များ၊ အသားပြုတ်ချက်နှင့် ဆော့စ်များတွင် အနံ့၊ အရသာကို ကြိုင်လှိုင်စေသည်။ ဟင်းမွှေးအိတ်၏ မရှိမဖြစ်သော ပါဝင်ပစ္စည်းဖြစ်ပြီး အထူးခြားဆုံး ဟင်းခတ်အမွှေးအကြိုင်အရာ (စမုန်ဖြူနှင့်  တရုတ်နံနံတို့ ပါဝင်သော) ကို အသားနှင့်အသီးအရွက် ပြုတ် ဟင်းချိုများနှင့် ငါးအသားပြုတ်ရည်များတွင် အရသာအဖြစ် ထည့်သွင်းချက်ပြုတ်ကြသည်။ ထို့ပြင် ငါးပြုတ်ဟင်းအတွက် ဟင်းချိုရည်အဖြစ် ကရဝေးရွက် သည် မရှိမဖြစ်ပါဝင်ပစ္စည်းဖြစ်ပြီး ပင်လယ်ကမ်းခြေမှ ရသော ကျောက်ပုစွန်၊ ခုံးကောင်နှင့် ယောက်သွား စသည် တို့နှင့်လည်း တွဲဖက်စားသုံးနိုင်သည်။ ဟင်းခတ်အမွှေး အကြိုင်အရောများတွင် ကရဝေးသည် မရှိမဖြစ် ဖြစ်ပြီး အသားအစိမ်းနှပ်၊ အာလူးဟင်းလျာများ၊ ခရင်မ် (သို့)ကြက်ဥတို့နှင့် အဓိကပြုလုပ်သော Hollandaise နှင့် ဆော့စ်အဖြူများ ပြုလုပ်ရာတွင်လည်း အသုံးများသည်။ ကြက်ဥနို့ပေါင်း၊ နို့ပူတင်းတို့တွင် ကရဝေးရွက်များ၏ ရနံ့ ကို ပြင်းစွာရရှိပြီး ကျွန်မဆိုလျှင် ရေခဲမုန့်နှင့် အီတလီ အချိုပွဲစားစရာများတွင်ပါ ထည့်သွင်းစားသုံးတတ်သည်။ ကရဝေးရွက်၏ ခရင်မ်ပျစ်နှစ်မှုသည် နို့ထွက်စားသောက် ကုန်များ၏ အရသာကို ပိုမိုြွကယ်ဝစေသည်။

 

 

Facebook Comments