
ကိုရီးယားအစားအစာမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Lotte Hotel Yangon ၏ Mugunghwa Korean Restaurant တွင် ဇွန်လ ၂၈ ရက်နေ့၌ ကျင်းပခဲ့သည်။ Mugunghwa Korean Restaurant တွင် နှစ်ပေါင်း ၃၀ ကြာ ဝါရင့်အတွေ့အကြုံရှိသည့် ကိုရီးယားစားဖိုမှူးကြီး Chef Chung ၏ လက်တွေ့ ချက်ပြုတ် ပြင်ဆင်ပြသမှုနှင့်အတူ ကိုရီးယား၌ လူကြိုက်အများဆုံးဖြစ်သည့် Seafood Pancake နှင့် ကိုရီးယားအသားကင် (Bulgogi) ကို ချက်ပြုတ်ပြင်ဆင်ပြသခဲ့သည်။
Lotte Hotel Yangon ၏ ပထမထပ်တွင် ဖွင့်လှစ်ထားသော Mugunghwa ၌ ကိုရီးယားအရသာစစ်စစ်များ ရရှိနိုင်သည့် High end restaurant တစ်ခုဖြစ်ပါသည်။ ဝါရင့် ထိပ်တန်းကိုရီးယားစားဖိုမှူးကြီးများ ချက်ပြုတ်ထားသည့် အစားအစာများကို မြည်းစမ်းရင်းနှင့် ရင်သပ်ရှုမောဖွယ် အင်းလျားကန်ရေပြင်၏အလှကိုလည်း ခံစားနိုင် မည်ဖြစ်သည်။
Mugunghwa ကိုရီးယားစားသောက်ဆိုင်ကြီးကို နေ့စဉ် နံနက် ၁၁ နာရီခွဲ မှ မွန်းလွဲ ၂ နာရီခွဲ၊ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားမည်ဟု သိရသည်။ မြန်မာ နိုင်ငံတွင်လည်း လူကြိုက်များသည့် ကိုရီးယားရိုးရာအစားအစာ A La Carte menu များနှင့် set menu တို့ကို USD 11 မှ စတင်ပြီး ရရှိနိုင်ပါသည်။ အင်းလျားကန်ရေပြင်ကျယ် မြင်ကွင်းကို ခံစားရမည့် Outdoor နေရာတို့အပြင် သီးသန့်စားသုံးနိုင်သည့် Private room ၅ ခန်းလည်းရှိ၍ သွားရောက်မြည်းစမ်းကြည့်နိုင်ပါသည်။