
by Chef Sunny for Food Magazine
မြန်မာစားဖိုမှူးများအတွက် လုပ်ငန်းခွင် လက်တွေ့ အသုံးချ ပညာရပ်များကို “Myanmar Chefs Development Centre” ရဲ့ “Chefs Education Page” မှာ လစဉ်ဖော်ပြပေးနေပါတယ်။ ဒီလမှာလည်း မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းမှာ သင်ကြား လိုက်နာနေပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းများမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများ သိရှိနေပြီး လက်တွေ့အသုံးချဆောင်ရွက်ကြရမယ့် အသိပညာ၊ အတတ်ပညာများကို အခန်းဆက်ပုံစံမျိုးဖြင့် မြန်မာပြန် ရေးသားမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့်
“ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းများ” ထဲမှ အစားအစာပြင်ဆင်ချက်ပြုတ်ခြင်း (Food Production) နှင့် သက်ဆိုင်သောအပိုင်းများကို အထူးပြု ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အချက် အလက်များကို ဩစတြေးလျနိုင်ငံရှိ “Australian AID “နှင့် “အရှေ့တောင်အာရှနိုင်ငံများအသင်း” ASEAN အဖွဲ့ အစည်းနှစ်ခု၏ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ အတွက် “William Angliss Institute of TAFE” တက္ကသိုလ်မှ “ASEAN Australia Development Cooperation Program (AADCP) Phase II: Toolbox Development for Tourism Divisios: Front Office, Food & Beverages Services, Food Production”Project” အတွက် အထူးပြင်ဆင်ထုတ်ဝေပေးထားသည့် “Booklet” မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆိုရေးသား ဖော်ပြပေးနေတာဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက် ဖော်ပြပေးလိုတဲ့ “စွမ်းဆောင်နိုင်သော စံနှုန်းသတ်မှတ် ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့
“စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ အား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maaintain Kitchen Ewuipment & Utensils (D1.HRS.CL1.03)” နှင့်သက်ဆိုင်သော အသိပညာများအား ယခင် လမှအဆက်အဖြစ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီလမှာတော့ “ဘာသာရပ် ခေါင်းစဉ်” (Unit Descriptor) အနေနဲ့ “စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maaintain Kitchen Ewuipment & Utensils “နှင့် သက်ဆိုင်သောခေါင်းစဉ်၏ သတ်မှတ် အမှတ်စဉ် နံပါတ် (Unit Code) (D1.HRS.CL1.03) အတွက် “သင်ကြားလေ့လာရန် လိုအပ်သည့်ကြာမြင့်ချိန် နာရီစုစုပေါင်း” (Nominal Hours) အနေဖြင့် ၂၀ နာရီ ကြာမြင့် မည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားပါတယ်။ ဒီဘာသာရပ်ခေါင်းစဉ်ကို သင်ကြားရာမှာ သင်ယူလေ့လာ သူ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု (Skill) နှင့် လုပ်ငန်းခွင်အတွေ့အကြုံ (Knowledge) တို့ ရှိသင့်တဲ့အဆင့်တစ်ခုမှာ သိရှိပြီးဖြစ်ဖို့ရာ ဦးစွာ လိုအပ် ပါတယ်။ သို့မှသာ ဟိုတယ်နှင့် စက်မှုလုပ်ငန်းကြီးများရဲ့ တည်ဆောက်ပုံနှင့် လုပ်ငန်းခွင်အပြင်အဆင် သဘော သဘာဝများကို ဆက်စပ်သိရှိထားပြီး မည်သို့လိုက်နာ ဆောင်ရွက်ရမည်ကို သိရှိထားရန်လိုအပ်ပါတယ်။
“ယခုလမှာတော့ စားဖိုဆောင်အတွင်းရှိ ကိရိယာ တန်ဆာပလာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်ရှင်း ရေးပြုလုပ်ရန်အတွက် လိုအပ်သော လုပ်ဆောင်ရမည့် အချက်များကို ခေါင်းစဉ်ငယ်များဖြင့် ဖော်ပြပေးထား
တဲ့အထဲက ပထမဆုံး ခေါင်းစဉ်ငယ်တစ်ခုဖြစ်တဲ့
“လုပ်ဆောင်ချက် (၁၊ ၁) စားဖိုဆောင်အတွင်း သန့်ရှင်းရေး လုပ်ဆောင်ရမည့် နေရာများအား စနစ်တကျသတ်မှတ်၍ သန့်ရှင်းရေးပြုလုပ်ခြင်း။” (Element 1, Clean Kitchen Premises) (Criteria(1.1)Identify the areas that may require cleaning in a Kitchen premises environment and the frequency of cleaning for each identified area.) မှာ ပါဝင်တဲ့ အချက်အလက်တွေကို် ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၂။ လုပ်ငန်းခွင်အတွင်း ဧရိယာမည်မျှအား သန့်ရှင်းရေး ပြုလုပ်ရန် လိုအပ်သည်ကို သင်သတ်မှတ်နိုင်မည် နည်း။
- လုပ်ငန်းခွင်အတွင်း မည်မျှသန့်ရှင်းရေး ဆောင်ရွက် သနည်း။
- မည်သူများက မည်သည့်ဧရိယာများအား တာဝန် ယူ၍ သန့်ရှင်းရေးပြုလုပ်သနည်း။
- သန့်ရှင်းရေးကို မည်သို့မည်ပုံဆောင်ရွက် လုပ်ကိုင် ကြသနည်း။
- အထူးသန့်ရှင်းရေးဆောင်ရွက်ရန် လိုအပ်သော ဧရိယာများအား ဓာတုဗေဒပစ္စည်းများအသုံးပြု၍ သန့်ရှင်းရေးဆောင်ရွက်ပါသလား။
- ဓာတုဗေဒပစ္စည်းများ အသုံးပြု၍ သန့်ရှင်းရေး ဆောင်ရွက်ရန် မည်သည့် ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသုံးအဆောင်များ အသုံးပြုမည် နည်း။
- လုပ်ငန်းခွင်အတွင်း မည်သည့်ဧရိယာများအား သန့်ရှင်းရေးကို မည်သို့ဆောင်ရွက်မည်နည်း။
လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေး ဆောင်ရွက်ရ မည့်ဧရိယာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) လုပ်ငန်းခွင်သုံး စားပွဲရှည်များ
လုပ်ငန်းခွင်သုံးစားပွဲရှည်များသည် အထူးအားဖြင့် အစဉ်အမြဲ သန့်ရှင်းရေးဆောင်ရွက်ရပါမည်။
- လုပ်ငန်းခွင်သုံး စားပွဲရှည်များအား အလုပ်ချိန် တစ်ခုနှင့်တစ်ခု ပြောင်းလဲတာဝန်ယူချိန်တိုင်း
သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရပါမည်။ သန့်ရှင်း ရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ…
- သာမန်မျက်စိဖြင့် မြင်နိုင်သော အမှိုက်နှင့် စွန်း ထင်းစွန့်ပစ်ပစ္စည်းများအား ဦးစွာဖယ်ရှား ရှင်းလင်း ရပါမည်။
- စွန်းထင်းနေသော အဆီမျိုးစုံအား ရေနွေးဖြင့် ဖယ်ရှားရှင်းလင်းနိုင်ပြီး ဆပ်ပြာဖြင့် အညစ်အကြေး များအား ဖယ်ရှားသန့်စင်နိုင်ရန် သတ်မှတ်ထားသော မှန်ကန်သော ဆပ်ပြာနှင့် ရေနွေးရောစပ်ပြီး သန့်ရှင်း ရေး ဆောင်ရွက်ရပါမည်။
- အမျှင်ကြမ်းသောအဝတ်စကို် အသုံးပြု၍ အက်ကွဲ ပျက်စီးနေသော မျက်နှာပြင်များကို သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရပါမည်။
- ရေနွေးပူပူဖြင့် အလုံးစုံသန့်စင်နေအောင် ဆေးကြော ရပါမည်။
- ရေနွေးဖြင့် သန့်စင်ထားသော မျက်နှာပြင်များကို လေသလပ်ခံ၍ အခြောက်ခံပေးရပါမည်။
- ခြောက်သွေ့သွားသော စားပွဲရှည်များ၏ မျက်နှာပြင် များကို သတ်မှတ်ထားသည့် ပိုးသတ်ဆေးရည် ပက်ဖျန်းပေးရပါမည်။ ဟအချို့သော ပိုးသတ်ဆေး များသည် လေထဲတွင် ပြန့်ကြဲပျောက်ကွယ်သွား နိုင်ပြီး အချို့သောပိုးသတ်ဆေးများသည် ပက်ဖျန်း ပြီး ၅ မိနစ်ခန့်အကြာတွင် သန့်ရှင်းသော တစ်ရှူး ပေပါ (သို့) လက်သုတ်အဝတ်သန့်ဖြင့် ဖယ်ရှား သန့်စင်ပေးရန် လိုအပ်ပါသည်။]
( ခ ) လုပ်ငန်းခွင်သုံး အိုးခွက်ကိရိယာတန်ဆာပလာများ။
သန့်ရှင်းရေးဆောင်ရွက်ရန်လိုအပ်သည့် မီးဖိုဆောင် သုံး အိုးခွက်ကိရိယာတန်ဆာပလာများမှာ…
- မီးဖိုဆောင်သုံး ဓားများ၊
- မီးဖိုဆောင်သုံး စဉ်းတီတုံးများ၊
- မီးဖိုဆောင်သုံး စတီးဇလုံမျိုးစုံ၊
- မီးဖိုဆောင်သုံး အိုးမျိုးစုံ၊
- မီးဖိုဆောင်သုံး ဒယ်အိုးမျိုးစုံ၊
- မီးဖိုဆောင်နှင့် တည်ခင်းဧည့်ခံရန် အသုံးပြုသော ပန်းကန်ခွက်ယောက်များ။
- မီးဖိုဆောင်နှင့် တည်ခင်းဧည့်ခံရန် အသုံးပြုသော ပန်းကန်ကြီးများ၊ စောက်နက်ကျယ်ပြန့်သော ပန်းကန်ကြီးများ ပါဝင်ပါသည်။
သန့်ရှင်းရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်စနစ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- စားဖိုဆောင်အတွင်းအသုံးပြုမည့် မည်သည့် အိုးခွက် ကိရိယာတန်ဆာပလာများကိုမဆို အသုံးမပြုမီနှင့် အသုံးပြုပြီးတိုင်း ဦးစွာဆေးကြောသန့်စင်ပါ။ ပြီးလျှင် ပိုးသတ်သန့်စင်ပါ။ ပြိီးလျှင် အခြောက်ခံသန့်စင်ထား ပါ။
- အထူးသဖြင့် အသားဟင်းလျာများ၊ ပင်လယ်စာ ဟင်းလျာများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ထောပတ် နှင့် ချိစ်များ၊ ချက်ပြုတ်ပြီးသော ထမင်းနှင့် ပါစတာ ခေါက်ဆွဲမျိုးစုံတို့ကို ချက်ပြုတ်တည်ခင်းမည့် အိုးခွက်ကိရိယာတန်ဆာပလာများအား အထက်ပါ အတိုင်း သန့်စင်ထားရန် လိုအပ်ပါသည်။
- ဂျုံမှုန့်၊ သကြားနှင့် အစိုဓာတ်ပါဝင်မှုနည်းသော စားသောက်ကုန်များ၊ ကုန်ခြောက်များအား အသုံးပြု ရန်အတွက်မှာမူ သာမန်အားဖြင့် အရေးကြီး ထူးခြားစွာ သန့်စင်ရန် မလိုအပ်ပါ။ (ရှေ့လဆက် လက် ဖော်ပြပေးပါမည်။)
မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ ရန်ကုန်မြို့။ (Myanmar Chefs Development Centre-MCDC, Yangon) ရဲ့ “Chef Education Page “ကို လစဉ် လက်တွေ့လုပ်ငန်းခွင်အသုံးချအတတ်ပညာ၊ အသိပညာ များအား ရေးသားဖော်ပြပေးနေပါတယ်။ လာမယ့် လတွေ မှာလည်း အထက်မှာဖော်ပြခဲ့တဲ့ “ဟိုတယ်နှင့် စားသောက် ဆိုင် ဝန်ဆောင်မှုလုပ်ငန်းများ” နှင့် သက်ဆိုင်သော အပိုင်း များကို အထူးပြုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီလ အတွက် ဆက်လက်ဖော်ပြပေးခဲ့တဲ့ “စွမ်းဆောင်နိုင်သော စံနှုန်းသတ်မှတ် ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်း ခြင်း” “Clean and Maintain Kitchen Equipment & Utensils(D1.HRS.CL1.03) ” နှင့်သက်ဆိုင်သော အသိပညာများ ထဲမှ ခေါင်းစဉ်ငယ် တစ်ခုဖြစ်တဲ့ “လုပ်ဆောင်ချက်
( ၁ ၊ ၁ ) စားဖိုဆောင်အတွင်း သန့်ရှင်းရေးလုပ်ဆောင်ရမည့် နေရာများအား စနစ်တကျသတ်မှတ်၍ သန် ့ရှင်းရေးပြုလုပ် ခြင်း။” (Element 1, Clean Kitchen Premises) [Criteria(1.1)Identify the areas that may require cleaning in a Kitchen premises environment and the frequency of cleaning for each identified area.]မှာ ပါဝင်တဲ့အချက်အလက်တွေကို ဖော်ပြပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ရှေ့လတွေမှာ ဆက်လက်ဖော်ပြပေးသွား မှာမို့ လေ့လာဖတ်ရှုနိုင်ပါတယ်။ Welcome to MCDC, Yangon. ! Be a Chef by your self ! See you next month !
Chef Sunny
Asean National Trainer & Assessor
Secretary General
Myanmar Chef Development Centre, Yangon
(MCDC, Yangon)