by Chef Sunny for Food Magazine
မြန်မာစားဖိုမှူးများအတွက် လုပ်ငန်းခွင် “Myanmar Chefs Development Centre’’ ရဲ့ “Chefs Education Page’’ မှာ လစဉ် ဖော်ပြပေးနေပါတယ်။ ဒီလမှာလည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းမှာ သင်ကြားလိုက်နာနေပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းများမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းများ သိရှိနေပြီး လက်တွေ့အသုံးချဆောင်ရွက်ကြရမယ့် အသိပညာ၊ အတတ်ပညာများကို အခန်းဆက်ပုံစံမျိုးဖြင့် မြန်မာဘာသာပြန်ပြီး ရေးသားမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် “ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများ” နှင့် သက်ဆိုင်သောအပိုင်းများကို အထူးပြုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အချက်အလက်များကို ဩစတြေးလျနိုင်ငံရှိ “Australian AID” နှင့် အရှေ့တောင် အာရှနိုင်ငံများအသင်း “ASEAN” အဖွဲ့အစည်းနှစ်ခုရဲ့ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအတွက် “William Angliss Institute of TAFE” တက္ကသိုလ်မှ “ASEAN Australia Development Cooperation Program (AADCP) Phase II: “Toolbox Development for Tourism Divisions: Front Office, Food & Beverages Services, Food Production “Project’’ အတွက် အထူးပြင်ဆင် ထုတ်ဝေပေးထားသည့် “Booklet” မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆိုရေးသား ဖော်ပြပေးနေတာဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက်ဖော်ပြပေးလိုတဲ့ “စွမ်းဆောင် နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” (Clean and Maintain Kitchen Equipment & Utensils) (D1.HRS.CL1.03)” နှင့် သက်ဆိုင်သော အသိပညာများအား ယခင်လမှ အဆက်အဖြစ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီလမှာတော့ ဘာသာရပ် ခေါင်းစဉ် (Unit Descriptor) အနေနဲ့ “စားဖိုဆောင် သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” (Clean and Maintain Kitchen Equipment & Utensils) နှင့် သက်ဆိုင်သော ခေါင်းစဉ်၏ သတ်မှတ်အမှတ်စဉ်နံပါတ် “(Unit Code) (D1.HRS.CL1.03)” အတွက် “သင်ကြား လေ့လာရန်လိုအပ်သည့် ကြာမြင့်ချိန်နာရီ စုစုပေါင်း” (Nominal Hours) အနေဖြင့် ၂၀ နာရီကြာမြင့်မည်ဟု ယျေဘုယျအားဖြင့် သတ်မှတ်ထားပါတယ်။ ဒီဘာသာရပ် ခေါင်းစဉ်ကို သင်ကြားရာမှာ သင်ယူလေ့လာသူသင်တန်းသားများ အနေဖြင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု (Skill) နှင့် လုပ်ငန်းခွင်အတွေ့အကြုံ (Knowledge) တို့ ရှိသင့်တဲ့ အဆင့်တစ်ခုမှာ သိရှိပြီးဖြစ်ဖို့ရာ ဦးစွာလိုအပ်ပါတယ်။ သို့မှသာ ဟိုတယ်နှင့် စက်မှုလုပ်ငန်းကြီးများရဲ့ တည်ဆောက်ပုံနှင့် လုပ်ငန်းခွင်အပြင်အဆင် သဘောသဘာဝများကို ဆပ်စပ် သိရှိထားပြီး မည်သို့လိုက်နာဆောင်ရွက်ရမည်ကို သိရှိထားရန် လိုအပ်ပါတယ်။
“လုပ်ငန်းဆိုင်ရာ အပိုင်းလိုက်ခွဲခြမ်းစိတ်ဖြာထားသော” (Elements) ခေါင်းစဉ်များထဲမှ ပထမဦးဆုံး ခေါင်းစဉ်ငယ်တစ်ခုဖြစ်တဲ့ Element 1: “Clean Kitchen Premises (သက်ဆိုင်ရာ စားဖိုဆောင်အတွင်းနှင့် စားဖိုဆောင်သုံး ကိရိယာတန်ဆာ ပလာများ သန့်ရှင်းရန် လုပ်ဆောင်ချက်များ)” ကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အသေးစိတ် ခေါင်းစဉ်ငယ်များ “(Performance Criteria) များနှင့်တကွ အောက်မှာ ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။
Performance Criteria (လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အသေးစိတ် ခေါင်းစဉ်ငယ်များ)မှာ-လုပ်ဆောင်ချက် ( ၁ . ၁ ) ။ ဦးစွာပထမ လုပ်ဆောင်ရမည်မှာ သန့်ရှင်းရေးလုပ်ဆောင်ရမည့် စားဖိုဆောင်အတွင်း ဧရိယာများအား သေချာစွာ သတ်မှတ်ထားပြီး မည်သည့်ဧရိယာများအား အကြိမ်မည်မျှ သန့်ရှင်းရေးပြုလုပ်ရမည်ကို သေချာစွာ သတ်မှတ်လုပ်ဆောင်ရပါမည်။
လုပ်ဆောင်ချက် (၁ . ၂) ။ သန့်ရှင်းရေးပြုလုပ်ရမည့် ကိရိယာတန်ဆာပလာများနှင့် မှန်ကန်စွာအသုံးပြုသန့်စင်ရမည့် ဓာတုဗေဒပစ္စည်းများ၊ ဆပ်ပြာများ၊ အက်စစ်များ စသည်တို့ကို သေချာမှန်ကန်စွာ ရွေးချယ်ထားရပါမည်။
လုပ်ဆောင်ချက် (၁ . ၃) ။ သန့်ရှင်းရေးလုပ်ဆောင်မည့် စီမံကိန်းကို တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းခွင်လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ဥပဒေပြဋ္ဌာန်းထားရန် လိုအပ်ပါသည်။
လုပ်ဆောင်ချက် (၁ . ၄) ။ သန့်ရှင်းရေးပြုလုပ်နေစဉ်အတွင်း ထပ်မံပေါ်ပေါက်လာသည့် သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်သည့် ဧရိယာများရှိလာပါက စီမံကိန်းအား ဖြည့်စွက်ရေးဆွဲပြီး လိုအပ်သည့် စီမံဆောင်ရွက်မှုများ ပူးတွဲလုပ်ဆောင်နိုင်ရမည်။
လုပ်ဆောင်ချက် (၁. ၅) ။ သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်သည့် ဓာတုဗေဒပစ္စည်းများ၊ အက်စစ်များ၊ ဆပ်ပြာများနှင့် သန့်ရှင်းရေးပြုလုပ်စဉ် အသုံးပြုရန်လိုအပ်သည့် ကိရိယာ တန်ဆာပလာများအား ကြိုတင် သိုလှောင်သိမ်းဆည်းထားရန် လိုအပ်ပါသည်၊ သန့်ရှင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပြီးသည့်အခါ သင့်လျော်မှု ရှိမရှိနှင့် လိုအပ်ချက်များရှိပါက မှတ်တမ်းများရေးမှတ်ထားပြီး ပြန်လည်မှီငြမ်းကိုးကား အသုံးပြုနိုင်ရန် ဆောင်ရွက် မှတ်သားထားရပါမည်။
လုပ်ဆောင်ချက် (၁ . ၆) ။ သန့်ရှင်းရေး လုပ်ဆောင်နေစဉ်အတွင်း မလိုလားအပ်သော၊ အခြားသူများအား စိတ်နှင့်ကိုယ် အနှောင့်အယှက်ဖြစ်စေသော လုပ်ဆောင်ချက်များနှင့် မတော်တဆထိခိုက်မှုတို့ဖြစ်ပေါ်ခြင်းများ မရှိ၊ မဖြစ်စေရန် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား လိုက်နာရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများအား အစဉ်အမြဲလိုက်နာ ဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။ (ရှေ့လ၌ ဆက်လက်ဖော်ပြပါမည် ။)
မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ရန်ကုန်မြို့ (Myanmar Chefs Development Centre, MCDC, Yangon) ရဲ့ “Chef Education Pag” ကို လစဉ် လက်တွေ့လုပ်ငန်းခွင်အသုံးချအတတ်ပညာ၊ အသိပညာများကို ရေးသားဖော်ပြပေးနေပါတယ်။ လာမယ့်လတွေမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ “ဟိုတယ်နှင့် စားသောက် ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများ” နှင့် သက်ဆိုင်သောအပိုင်းများကို အထူးပြုဖော်ပြပေးသွား မှာ ဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့အချက်အလက်များကို ဩစတြေးလျနိုင်ငံရှိ “Australian AID” နှင့် “အရှေ့တောင်အာရှနိုင်ငံများအသင်း” ASEAN ” အဖွဲ့အစည်းနှစ်ခု၏ အာဆီယံ နိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအတွက် “William Angliss Institute of TAFE” တက္ကသိုလ်မှ “ASEAN Australia Development Cooperation Program (AADCP) Phase II :’’ Toolbox Development for Tourism Divisions : Front Office, Food & Beverages Services, Food Production “Project’’ အတွက် အထူးပြင်ဆင်ထုတ်ဝေပေးထားသည့် “Booklet” မှ တိုက်ရိုက် မြန်မာ ဘာသာပြန်ဆို ရေးသားဖော်ပြပေးနေတာဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက်ဖော်ပြ ပေးခဲ့တဲ့ “စွမ်းဆောင်နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” (Clean and Maintain Kitchen Equipment & Utensils)
(D1.HRS.CL1.03) နှင့်သက်ဆိုင်သော အသိပညာများထဲမှ ခေါင်းစဉ်ငယ်တစ်ခုဖြစ်တဲ့ ‘‘Element 1: Clean Kitchen Premises (သက်ဆိုင်ရာ စားဖိုဆောင်အတွင်းနှင့် စားဖိုဆောင်သုံးကိရိယာတန်ဆာပလာများ သန့်ရှင်းရန်လုပ်ဆောင်ချက်များ)” နှင့် ပတ်သက်သည်များကို လက်တွေ့လုပ်ဆောင်ရမယ့် အသေးစိတ်လုပ်ဆောင်ချက် ခေါင်းစဉ်ငယ်များဖြင့် ဆက်လက်ဖော်ပြပေးသွားခဲ့တာ ဖြစ်ပါတယ်။ ရှေ့လတွေမှာလည်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ လေ့လာဖတ်ရှုနိုင်ပါတယ်။ Welcome to MCDC, Yangon.! Be a Chef by your self !!! See you next month !!!!
Chef Sunny
Secretary General
Myanmar Chefs Development Centre, Yangon
(MCDC, Yangon)