စားဖိုဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း (၂)

by Chef Sunny for Food Magazine

          မြန်မာစားဖိုမှူးများအတွက် လုပ်ငန်းခွင် လက်တွေ့အသုံးချပညာရပ်များကို “Myanmar Chefs Development Centre”  ရဲ့ “Chef Education Page” မှာ လစဉ် ဖော်ပြပေးနေပါတယ်။ ဒီလမှာလည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းမှာ သင်ကြားလိုက်နာနေပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းများမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းများ သိရှိနေပြီး လက်တွေ့အသုံးချဆောင်ရွက်ကြရမည့် အသိပညာ၊ အတတ်ပညာများကို အခန်းဆက်ပုံစံမျိုးဖြင့် မြန်မာဘာသာပြန်ပြီး ရေးသားမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် “ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းများ” နှင့် သက်ဆိုင်သော အပိုင်းများကို အထူးပြုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အချက်အလက်များကို ဩစတြေးလျနိုင်ငံရှိ “Australian AID” နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း “ASEAN” အဖွဲ့ အစည်းနှစ်ခု၏ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအတွက် “Wiliam Angliss Institute of TAFE” တက္ကသိုလ်မှ  “ASEAN Australia Development Cooperation Program (AADCP) Phase II:’’ Toolbox Development for Tourism Divisions: Front Office, Food & Beverages Services, Food Production “Project’’ အတွက် အထူးပြင်ဆင်ထုတ်ဝေပေးထားသော “Booklet”  မှ တိုက်ရိုက် မြန်မာဘာသာပြန်ပြီး ရေးသားဖော်ပြပေးနေခြင်း ဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက်ဖော်ပြပေးလိုတဲ့ “စွမ်းဆောင်နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maintain Kitchen Equipment & Utensils (D1.HRS.CL1.03)” နှင့်သက်ဆိုင်သော အသိပညာများကို ယခင်လမှအဆက်အဖြစ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

          ဒီလမှာတော့ “ဘာသာရပ် ခေါင်းစဉ်” Unit Descriptor အနေနဲ့ “စားဖိုဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maintain Kitchen Equipment & Utensils နှင့်သက်ဆိုင်သော” ခေါင်းစဉ်၏  သတ်မှတ် အမှတ်စဉ်နံပါတ် “(Unit Code) (D1.HRS.CL1.03)”  အတွက် “သင်ကြားလေ့လာရန် လိုအပ်သည့် ကြာမြင့်ချိန် နာရီစုစုပေါင်း” (Nominal Hours) အနေဖြင့် နာရီ  ၂၀ ကြာမြင့်မယ်လို့ ယျေဘုယျအားဖြင့် သတ်မှတ်ထားပါတယ်။ ဒီဘာသာရပ်ခေါင်းစဉ်ကို သင်ကြားရာမှာ သင်ယူလေ့လာသူ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု (Skill)  နှင့် လုပ်ငန်းခွင်အတွေ့အကြုံ (Knowledge) တို့ ရှိသင့်တဲ့အဆင့်တစ်ခုမှာ သိရှိပြီးဖြစ်ဖို့ရာ ဦးစွာလိုအပ်ပါတယ်။ သို့မှသာ ဟိုတယ်နှင့် စက်မှုလုပ်ငန်းကြီးများရဲ့ တည်ဆောက်ပုံနှင့် လုပ်ငန်းခွင်အပြင်အဆင် သဘောသဘာဝများကို ဆက်စပ်သိရှိထားပြီး မည်ကဲ့သို့ လိုက်နာဆောင်ရွက်ရမည်ကို သိရှိထားရန် လိုအပ်ပါတယ်။

          လုပ်ငန်းဆိုင်ရာ အပိုင်းလိုက် ခွဲခြမ်းစိတ်ဖြာထားသော “(Elements)” ခေါင်းစဉ်များထဲမှ ဒုတိယမြောက် ခေါင်းစဉ်ငယ်တစ်ခုဖြစ်တဲ့

Element 2: Clean and Maintain Kitchen Equipment & Utensils

(စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း)

          Performance Criteria (လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အသေးစိတ် ခေါင်းစဉ်ငယ်များ) မှာ-

လုပ်ဆောင်ချက် (၂.၁) စားဖိုဆောင်အတွင်းနှင့် အပြင် ဧရိယာများတွင် အမှန်တကယ် သန့်စင်ရမည့် ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား တစ်ခုချင်းစီ၏ သန့်စင်ရမည့် အကြိမ်အရေအတွက် အတိုင်း ဦးစွာမှန်ကန်စွာ သတ်မှတ်လုပ်ဆောင်ရပါမည်။     

လုပ်ဆောင်ချက် (၂.၂)  သန့်စင်ရမည့် ကိရိယာတန်ဆာပလာနှင့် အသုံးပြုသန့်စင်မည့် ဓာတုဗေဒပစ္စည်းများကို မှန်ကန်စွာ ရွေးချယ်ဆောင်ရွက်ရပါမည်။

လုပ်ဆောင်ချက် (၂.၃)  လုပ်ငန်းနှင့် လုပ်ငန်းလိုအပ်ချက်အရ ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိရိယာတန်ဆာပလာများကို စနစ်တကျသန့်စင်ခြင်း နည်းစနစ်များအတိုင်း မှန်ကန်စွာ သန့်စင်ရမည်။

လုပ်ဆောင်ချက် (၂.၄)  စနစ်တကျသန့်စင်ပြီး နောက်တစ်ကြိမ် ထပ်မံအသုံးပြုနိုင်မည့် ကိရိယာတန်ဆာပလာများကို သေချာသန့်စင်စွာ သိုလှောင်သိမ်းဆည်းဖုံးအုပ်ထားရပါမည်။

လုပ်ဆောင်ချက် (၂.၅)  သန့်စင်မှုပြီးမြောက်အောင်ပြုလုပ်ဆောင်ရွက်ပြီးပါက အသုံးပြုသန့်စင်သော ဓာတုဗေဒပစ္စည်းများနှင့် သန့်စင်ပြီး ကိရိယာ တန်ဆာပလာများကို သေချာစွာသိမ်းဆည်းထားပြီး လိုအပ် သည့်အခါ အဆင်သင့်အသုံးပြုနိုင်ရန် အသင့်ဆောင်ရွက်ထားရပါမည်။

လုပ်ဆောင်ချက် (၂.၆) သန့်စင်မှုပြုလုပ်ဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများအတိုင်း တကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများနှင့် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာကိစ္စရပ်များ မဖြစ်ပေါ်စေရန် အထူးဂရုပြုဆောင်ရွက်ရမည်။ (ရှေ့လတွင် ဆက်လက်ဖော်ပြပေးပါမည်။)

          မြန်မာစားဖိုမှူးများ ဖွံ့ ဖြိုးတိုးတက်ရေးစင်တာ၊ ရန်ကုန်မြို့။ (Myanmar Chefs Development Centre, MCDC, Yangon) ရဲ့ “Chef Education Page” ကို လစဉ် လုပ်ငန်းခွင် လက်တွေ့အသုံးချအတတ်ပညာ၊ အသိပညာများကို ရေးသားဖော်ပြပေးနေပါတယ်။ လာမယ့်လတွေမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ “ဟိုတယ်နှင့်စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းများ” နှင့် သက်ဆိုင်သောအပိုင်းများကို အထူးပြုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့အချက်အလက်များကို ဩစတြေးလျနိုင်ငံရှိ “Australian AID” နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း “ASEAN” အဖွဲ့အစည်းနှစ်ခု၏  အာဆီယံ နိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအတွက် “Willian Angliss Institute of TAFE” တက္ကသိုလ်မှ “ASEAN Australia Development Cooperation Program (AADCP) Phase II:’’  Toolbox Development for Tourism Divisions: Front Office, Food & Beverages Services, Food Production “Project’’ အတွက် အထူးပြင်ဆင်ထုတ်ဝေပေးထားသော “Booklet” မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆို ရေးသားဖော်ပြပေးနေခြင်း ဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက် ဖော်ပြပေးခဲ့တဲ့ “စွမ်းဆောင်နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maintain Kitchen Equipment & Utensils (D1.HRS.CL1.03)’’  နှင့် သက်ဆိုင်သော အသိပညာများထဲမှ ခေါင်းစဉ်ငယ်တစ်ခုဖြစ်တဲ့ Element 2: Clean and Maintain Kitchen Equipment & Utensils  (စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း) နှင့်ပတ်သက်သည်များကို လက်တွေ့လုပ်ဆောင်ရမည့် အသေးစိတ်လုပ်ဆောင်ချက် “Performance Criteria” ခေါင်းစဉ်ငယ်များဖြင့် ဆက်လက်ဖော်ပြပေးသွားခဲ့တာ ဖြစ်ပါတယ်။ ရှေ့လတွေမှာ ဆက်လက်ဖော်ပြပေးသွားမှာမို့ လေ့လာဖတ်ရှုနိုင်ပါတယ်။ Welcome to MCDC, Yangon.!!! Be a Chef by your self !!! See you next month!!!

Chef Sunny

Secretary General

Myanmar Chefs Development Centre, Yangon (MCDC, Yangon)     

Facebook Comments