စားဖိုဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း (၄)

by Chef Sunny for Food Magazine

          မြန်မာ စားဖိုမှူးများအတွက် လုပ်ငန်းခွင် လက်တွေ့အသုံးချပညာရပ်များကို ‘‘Myanmar Chefs Development Centre’’ ရဲ့ ‘‘Chefs Education Page’’ မှာ လစဉ် ဖော်ပြပေးနေပါတယ်။ ဒီလမှာလည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းမှာ သင်ကြားလိုက်နာနေပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းများမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းများ သိရှိနေပြီး လက်တွေ့အသုံးချဆောင်ရွက်ကြရမည့် အသိပညာ၊ အတတ်ပညာများကို အခန်းဆက်ပုံစံမျိုးဖြင့် မြန်မာဘာသာပြန်ပြီး ရေးသားမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် “ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများ” ထဲမှ အစားအစာပြင်ဆင်ချက်ပြုတ်ခြင်း (Food Production) နှင့် သက်ဆိုင်သော အပိုင်းများကို အထူးပြုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အချက် အလက်များကို ဩစတြေးလျနိုင်ငံရှိ ‘‘Australian AID’’ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း ‘‘ASEAN’’ အဖွဲ့အစည်းနှစ်ခု၏ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုအစီအစဉ်များအတွက် ‘‘William Angliss Institute of TAFE’’ တက္ကသိုလ်မှ ASEAN Australia Development Cooperation Program (AADCP) Phase II: Toolbox Development for Tourism Divisions: Front Office, Food & Beverages Services, Food Production ‘‘Project’’ အတွက် အထူးပြင်ဆင် ထုတ်ဝေပေးထားသည့် ‘‘Booklet’’ မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆိုရေးသားဖော်ပြ ပေးနေတာ ဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက်ဖော်ပြပေးလိုတဲ့ “စွမ်းဆောင်နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင် သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maintain Kitchen Equipment & Utensils (D1.HRS.CL1.03)” နှင့် သက်ဆိုင်သော အသိပညာများအား ယခင်လမှအဆက်အဖြစ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

          ဒီလမှာတော့ “ဘာသာရပ်ခေါင်းစဉ်” (Unit Descriptor) အနေနဲ့  “စားဖိုဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” ‘‘Clean and Maintain Kitchen Equipment & Utensils’’ နှင့်သက်ဆိုင်သော  ခေါင်းစဉ်၏ သတ်မှတ် အမှတ်စဉ်နံပါတ် (Unit Code) (D1.HRS.CL1.03) အတွက် “သင်ကြားလေ့လာရန် လိုအပ်သည့် ကြာမြင့်ချိန် နာရီစုစုပေါင်း” (Nominal Hours) အနေဖြင့် နာရီ ၂၀ ကြာမြင့်မည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားပါတယ်။ ဒီဘာသာရပ် ခေါင်းစဉ်ကို သင်ကြားရာမှာ သင်ယူလေ့လာသူ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု (Skill)  နှင့် လုပ်ငန်းခွင်အတွေ့အကြုံ (Knowledge) တို့ ရှိသင့်တဲ့ အဆင့်တစ်ခုမှာ သိရှိပြီးဖြစ်ဖို့ရာ ဦးစွာလိုအပ်ပါတယ်။ သို့မှသာ ဟိုတယ်နှင့် စက်မှုလုပ်ငန်းကြီးများရဲ့ တည်ဆောက်ပုံနှင့် လုပ်ငန်းခွင် အပြင်အဆင်သဘောသဘာဝများကို ဆက်စပ်သိရှိထားပြီး မည်ကဲ့သို့လိုက်နာဆောင်ရွက်ရမည်ကို သိရှိထားရန် လိုအပ်ပါတယ်။

          လုပ်ငန်းဆိုင်ရာအပိုင်းလိုက် ခွဲခြမ်းစိတ်ဖြာထားသော (Elements) ခေါင်းစဉ်များထဲမှ စတုတ္ထမြောက်ခေါင်းစဉ်ငယ် တစ်ခုဖြစ်တဲ့ Element 4: Handle Waste and Laundry Requirements (စားဖိုဆောင်၏ စွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်ရန် ဆောင်ရွက်ခြင်းများနှင့် လျှော်ဖွပ်ခြင်းဆိုင်ရာ လိုအပ်ချက်များအား ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ခြင်း) များကို Performance Criteria (လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အသေးစိတ်ခေါင်းစဉ်များ) ဖြင့် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

          Performance Criteria (လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့်  အသေးစိတ် ခေါင်းစဉ်ငယ်များ)မှာ-

လုပ်ဆောင်ချက် (၄ . ၁) လုပ်ငန်းမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများအား သတ်မှတ်ထားသည့် စက်မှုလုပ်ငန်းညွှန်ကြားချက်များနှင့်အညီ လျော်ညီစွာ လိုက်နာဆောင်ရွက်ရပါမည်။

လုပ်ဆောင်ချက် (၄ . ၂) စွန့်ပစ်ပစ္စည်းများစွန့်ပစ်သည့် ဧရိယာများအား စနစ်တကျ ပိုးသတ်သန့်စင်ခြင်းကို အစဉ်အမြဲ ထိန်းသိမ်းလိုက်နာဆောင်ရွက်ရပါမည်။

လုပ်ဆောင်ချက် (၄ . ၃) စားဖိုဆောင်နှင့် အခြားဆက်စပ်ဌာနများမှ ညစ်ပေသော လျှော်ဖွပ်ရန်လိုအပ်သည့် အဝတ်အထည်၊ အခင်းမျိုးစုံတို့ကို လုပ်ငန်းစဉ်အတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရပါမည်။ (ရှေ့လဆက်လက်ဖော်ပြပေးပါမည် )

          မြန်မာစားဖိုမှူးများ ဖွံ့ ဖြိုးတိုးတက်ရေးစင်တာ၊ ရန်ကုန်မြို့။ ဟပြညောမေ [Myanmar Chefs Development Centre (MCDC), Yangon] ရဲ့ ‘‘Chef Education Page’’ ကို လစဉ် လက်တွေ့လုပ်ငန်းခွင် အသုံးချအတတ်ပညာ၊ အသိပညာများအား ရေးသားဖော်ပြပေးနေပါတယ်။ လာမယ့်လတွေမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ “ဟိုတယ်နှင့်စားသောက်  ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများ” နှင့်သက်ဆိုင်သော အပိုင်းများကို  အထူးပြုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့အချက်အလက်များကို ဩစတြေးလျနိုင်ငံရှိ ‘‘Australian AID’’ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း ‘‘ASEAN’’ အဖွဲ့အစည်းနှစ်ခု ၏ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအတွက် ‘‘William Angliss Institute of TAFE’’ တက္ကသိုလ်မှ ASEAN Australia Development Cooperation Program (AADCP) Phase II: Toolbox Development for Tourism Divisions: Front Office, Food & Beverages Services, Food Production ‘‘Project’’ အတွက် အထူးပြင်ဆင်ထုတ်ဝေပေးထားသည့်   ‘‘Booklet’’ မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆိုရေးသား ဖော်ပြပေးနေတာဖြစ်ပါတယ်။ ဒီလအတွက်    ဆက်လက်ဖော်ပြပေးခဲ့တဲ့ “စွမ်းဆောင်နိုင်သောစံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” ‘‘Clean and Maintain Kitchen Equipment & Utensils (D1.HRS.CL1.03)’’ နှင့်သက်ဆိုင်သော အသိပညာများထဲမှ ခေါင်းစဉ်ငယ် တစ်ခုဖြစ်တဲ့ Element 4: Handle Waste and Laundry Requirements (စားဖိုဆောင်၏ စွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်ရန် ဆောင်ရွက်ခြင်းများနှင့် လျှော်ဖွပ်ခြင်းဆိုင်ရာ လိုအပ်ချက်များအား ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခြင်း) နှင့် ပတ်သက်သည်များကို  လက်တွေ့လုပ်ဆောင်ရမည့် အသေးစိတ်လုပ်ဆောင်ချက် ‘‘Performance Criteria’’ ခေါင်းစဉ်ငယ်များဖြင့် ဆက်လက်ဖော်ပြပေးသွားခဲ့တာ ဖြစ်ပါတယ်။ ရှေ့လတွေမှာ ဆက်လက်ဖော်ပြပေးသွားမှာမို့ လေ့လာဖတ်ရှုနိုင်ပါတယ်။ …Welcome to MCDC, Yangon. !!! Be a Chef by your self !!! See you next month !!!!

Chef Sunny

Secretary General

Myanmar Chefs Development Centre, Yangon

(MCDC, Yangon)

Facebook Comments