
by Chef Sunny for Food Magazine
မြန်မာစားဖိုမှူးများအတွက် လုပ်ငန်းခွင် လက်တွေ့အသုံးချပညာရပ်များကို “Myanmar Chefs Development Centre” ရဲ့ “Chefs Education Page” မှာ လစဉ် ဖော်ပြပေးနေပါတယ်။ ဒီလမှာလည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းမှာ သင်ကြားလိုက်နာနေပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသောလုပ်ငန်းများမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများသိရှိနေပြီး လက်တွေ့အသုံးချဆောင်ရွက်ကြရမယ့် အသိပညာ၊ အတတ်ပညာများကို အခန်းဆက်ပုံစံမျိုးဖြင့် မြန်မာပြန် ရေးသား မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် “ဟိုတယ်နှင့် စားသောက်ဆိုင် ဝန်ဆောင်မှု လုပ်ငန်းများ” ထဲမှ အစားအစာပြင်ဆင်ချက်ပြုတ်ခြင်း (Food Production) နှင့် သက်ဆိုင်သော အပိုင်းများကို အထူးပြုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အချက်အလက်များကို ဩစတြေးလျနိုင်ငံရှိ “Australian AID” နှင့် အရှေ့  တောင်အာရှနိုင်ငံများအသင်း “ASEAN” အဖွဲ့အစည်း နှစ်ခု၏ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များအတွက် “William Angliss Institute of TAFE” တက္ကသိုလ်မှ ASEAN Australia Development Cooperation Program (AADCP) Phase II: Toolbox Development for Tourism Divisions: Front Office, Food & Beverages Services, Food Production “Project” အတွက် အထူးပြင်ဆင်ထုတ်ဝေပေးထားတဲ့ “Booklet” မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆို ရေးသား ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက်ဖော်ပြပေးလိုတဲ့ “စွမ်းဆောင် နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖို ဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maintain Kitchen Equipment & Utensils (D1.HRS.CL1.03)” နှင့်သက်ဆိုင်သော အသိပညာများအား ယခင်လမှ အဆက်အဖြစ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီလမှာတော့ “ဘာသာရပ်ခေါင်းစဉ်” (Unit Descriptor) အနေနဲ့ ”စားဖိုဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” Clean and Maintain Kitchen Equipment & Utensils နှင့်သက်ဆိုင်သော ]ခေါင်းစဉ်၏ သတ်မှတ် အမှတ်စဉ်နံပါတ် (Unit Code) (D1.HRS.CL1.03) အတွက် “သင်ကြားလေ့လာရန် လိုအပ်သည့် ကြာမြင့်ချိန် နာရီစုစုပေါင်း” (Nominal Hours) အနေဖြင့် ၂၀ နာရီ ကြာမြင့်မယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ထားပါတယ်။ ဒီဘာသာရပ်ခေါင်းစဉ်ကို သင်ကြားရာမှာ သင်ယူလေ့လာသူ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု (Skill) နှင့် လုပ်ငန်းခွင် အတွေ့အကြုံ (Knowledge) တို့ ရှိသင့်တဲ့ အဆင့်တစ်ခုမှာ သိရှိပြီးဖြစ်ဖို့ရာ ဦးစွာ လိုအပ်ပါတယ်။ သို့မှသာ ဟိုတယ်နှင့် စက်မှု လုပ်ငန်းကြီးများရဲ့ တည်ဆောက်ပုံနှင့် လုပ်ငန်းခွင် အပြင်အဆင် သဘောသဘာဝများကို ဆပ်စပ်သိရှိထားပြီး မည်ကဲ့သို့လိုက်နာဆောင်ရွက်ရမည်ကို သိရှိထားရန် လိုအပ်ပါတယ်။
ယခုလမှာလည်း လုပ်ငန်းဆိုင်ရာ အပိုင်းလိုက် ခွဲခြမ်းစိတ်ဖြာထားသော “Elements” ခေါင်းစဉ်များအလိုက် Performance Criteria (လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အသေးစိတ် ခေါင်းစဉ်များ) ဖြင့် ဖော်ပြပေးခဲ့တဲ့ အရည်အသွေး စံနှုန်းများကို သတ်မှတ်နိုင်ရန်အတွက် သတ်မှတ်ပေးထားသော “အရည်အချင်းစစ်ဆေးသည့် ပုံစံ” (Assessment Matrix) တစ်နည်းအားဖြင့် “မေးခွန်းပုံစံ” လို့ခေါ်နိုင်သော သတ်မှတ် မေးခွန်းပုံစံကို အရည်အချင်း အစစ်ဆေးခံမည့် ဝန်ထမ်းများအနေဖြင့် သိရှိထားနိုင်ရန် လေ့လာထားသင့်ပါတယ်။ သို့မှသာ မိမိအား မည်သို့စစ်ဆေးမည်နှင့် မည်သို့ဖြေဆိုရ မည်ကို ကြိုတင်သိရှိ ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ စစ်ဆေးသော ပုံစံများစွာရှိသည့် အထဲမှ ယခုဖြေဆိုရမည့် အမျိုးအစားများမှာ ( ၁ ) လက်တွေ့လုပ်ဆောင်ဖြေဆိုရခြင်း (Practical Test or Work Project)၊ (၂) စာဖြင့် ရေးဖြေရခြင်း (Written Question) ၊ (၃) နှုတ်ဖြင့် ဖြေဆိုရခြင်း (Oral Question) စသည်ဖြင့် ဖြေဆိုနည်း (၃) မျိုးဖြင့် ဖြေဆိုရမှာ ဖြစ်ပါတယ်။ အောက်မှာ ဖြေဆိုရမယ့် မေးခွန်းပုံစံ-၂ နှင့် မေးခွန်းအရေအတွက်များကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။
(မေးခွန်းအမျိုးအစားများနှင့် မေးခွန်းပုံစံ (၂) ကို ဇယားဖြင့် ဖော်ပြပေးထားပါတယ်)
မြန်မာစားဖိုမှူးများ ဖွံ့ ဖြိုးတိုးတက်ရေးစင်တာ ရန်ကုန်မြို့။ (Myanmar Chefs Development Centre-MCDC, Yangon) ရဲ့ “Chef Education Page” ကို လစဉ် လက်တွေ့လုပ်ငန်းခွင်အသုံးချ အတတ်ပညာ၊ အသိပညာများအား ရေးသားဖော်ပြပေးနေပါတယ်။ လာမယ့်လတွေမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ “ဟိုတယ်နှင့် စား သောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းများ” နှင့် သက်ဆိုင်သောအပိုင်းများကို အထူးပြု ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့ အချက်အလက်များကို ဩစတြေးလျနိုင်ငံရှိ “Australian AID” နှင့် အရှေ့ တောင်အာရှ နိုင်ငံများအသင်း “ASEAN” အဖွဲ့  အစည်း နှစ်ခု၏ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအတွက် “William Angliss Institute of TAFE” တက္ကသိုလ်မှ ASEAN Australia Development Cooperation Program (AADCP) Phase II: Toolbox Development for Tourism Divisions: Front Office, Food & Beverages Services, Food Production “Project” အတွက် အထူးပြင်ဆင်ထုတ်ဝေပေးထားသည့် “Booklet” မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆို ရေးသား ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက်ဖော်ပြပေးခဲ့တဲ့ “စွမ်းဆောင်နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maintain Kitchen Equipment & Utensils (D1.HRS.CL1.03)” နှင့်သက်ဆိုင်သော အသိပညာများထဲမှ ခေါင်းစဉ်ငယ်တစ်ခုဖြစ်တဲ့ Assessment Matrix (သတ်မှတ်ထားသော အရည်အချင်းစစ်ဆေးသည့် မေးခွန်း ပုံစံ-၂ ၏ စစ်ဆေးသည့်နည်းများ) နှင့် ပတ်သက်သည်များကို အသေးစိတ် ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ရှေ့လတွေမှာ ဆက်လက်ဖော်ပြပေးသွားမှာမို့  လေ့လာဖတ်ရှုနိုင်ပါတယ်။ Welcome to MCDC, Yangon. !!! Be a Chef by your self !!! See you next month !!!!
Chef Sunny
ASEAN National Trainer & Assessor
Secretary General
Myanmar Chefs Development Centre, Yangon
(MCDC, Yangon)