
by Chef Sunny for Food Magazine
မြန်မာစားဖိုမှူးများအတွက် လုပ်ငန်းခွင် လက်တွေ့အသုံးချပညာရပ်များကို
“Myanmar Chefs Development Center” ရဲ့ “Chefs Education Page” မှာ လစဉ် ဖော်ပြပေးနေပါတယ်။ ဒီလမှာလည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ တိုင်းမှာ သင်ကြားလိုက်နာနေပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းများ မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများသိရှိနေပြီး လက်တွေ့အသုံးချဆောင်ရွက်ကြရမယ့် အသိပညာ၊ အတတ်ပညာများကို အခန်းဆက်ပုံစံမျိုးဖြင့် မြန်မာပြန် ရေးသားမျှဝေ ပေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် “ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းများ” ထဲမှ အစားအစာပြင်ဆင်ချက်ပြုတ်ခြင်း (Food Production) နှင့် သက်ဆိုင် သော အပိုင်းများကို အထူးပြုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အချက် အလက်များကို ဩစတြေးလျနိုင်ငံရှိ “Australian AID” နှင့် အရှေ့တောင်အာရှနိုင်ငံ များအသင်း “ASEAN” အဖွဲ့အစည်းနှစ်ခု၏ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအတွက် “William Angliss Institute of TAFE “တက္ကသိုလ်မှ “ASEAN Australia Development Cooperation Program(AADCP) Phase II: Toolbox Development for Tourism Division: Front Office, Food & Beverages Servise, Food Production “Project”အတွက် အထူး ပြင်ဆင်ထုတ်ဝေပေးထားသည့် “Booklet” မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆိုရေးသား ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက်ဖော်ပြပေးလိုတဲ့ “စွမ်းဆောင် နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ ” စားဖို ဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” (Clean and Maintain Kitchen Equipment & Utensils) (D1.HRS.CL1.03) နှင့် သက်ဆိုင်သော အသိပညာများအား ယခင်လမှအဆက်အဖြစ် ဖော်ပြပေးသွားမှာဖြစ်ပါ တယ်။
ဒီလမှာတော့ “ဘာသာရပ်ခေါင်းစဉ်” (Unit Descriptor) အနေနဲ့ “စားဖိုဆောင် သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” (Clean and Maintain Kitchen Equipment & Utensils) နှင့် သက်ဆိုင်သော ခေါင်းစဉ်၏ သတ်မှတ်အမှတ်စဉ်နံပါတ် (Unit Code) (D1.HRS.CL1.03) အတွက်”သင်ကြား လေ့လာရန် လိုအပ်သည့် ကြာမြင့်ချိန်နာရီစုစုပေါင်း” (Nominal Hours) အနေဖြင့်
၂၀ နာရီ ကြာမြင့်မည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားပါတယ်။ ဒီဘာသာရပ် ခေါင်းစဉ်ကို သင်ကြားရာမှာ သင်ယူလေ့လာသူ သင်တန်းသား များအနေဖြင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု(Skill) နှင့် လုပ်ငန်းခွင်အတွေ့အကြုံ (Knowledge) တို့ရှိသင့်တဲ့ အဆင့် တစ်ခုမှာ သိရှိပြီးဖြစ်ဖို့ရာ ဦးစွာလိုအပ်ပါတယ်။ သို့မှသာ ဟိုတယ်နှင့် စက်မှုလုပ်ငန်းကြီး များရဲ့ တည်ဆောက်ပုံနှင့် လုပ်ငန်းခွင်အပြင်အဆင်သဘောသဘာဝများကို ဆက်စပ် သိရှိထားပြီး မည်ကဲ့သို့ လိုက်နာဆောင်ရွက်ရမည်ကို သိရှိထားရန် လိုအပ်ပါတယ်။
ယခုလမှာလည်း လုပ်ငန်းဆိုင်ရာ အပိုင်းလိုက် ခွဲခြမ်းစိတ်ဖြာထားသော
“Elements” ခေါင်းစဉ်များအလိုက် Performance Criteria (လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အသေးစိတ်ခေါင်းစဉ်များ) ဖြင့် ဖော်ပြပေးခဲ့တဲ့ အရည်အသွေးစံနှုန်းများကို သတ်မှတ်နိုင်ရန်အတွက် သတ်မှတ်ပေးထားသော “အရည်အချင်းစစ်ဆေးသည့် ပုံစံ” (Assessment Matrix) တစ်နည်းအားဖြင့် “မေးခွန်းပုံစံ” လို့ ခေါ်နိုင်သော သတ်မှတ် မေးခွန်းပုံစံကို အရည်အချင်းအစစ်ဆေးခံမည့် ဝန်ထမ်းများအနေဖြင့် သိရှိထားနိုင်ရန် လေ့လာထားသင့်ပါတယ်။ သို့မှသာ မိမိအား မည်သို့စစ်ဆေးမည်နှင့် မည်သို့ ဖြေဆိုရမည် ကို ကြိုတင်သိရှိပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ်။ စစ်ဆေးသော ပုံစံများစွာရှိသည့်အထဲမှ ယခု ဖြေဆိုရမည့် အမျိုးအစားများမှာ (၁) လက်တွေ့လုပ်ဆောင်ဖြေဆိုရခြင်း (Practical Test or Work Project)၊ (၂) စာဖြင့် ရေးဖြေရခြင်း (Written Question)၊ (၃) နှုတ်ဖြင့် ဖြေဆိုရခြင်း (Oral Question) စသည်ဖြင့် ဖြေဆိုနည်း (၃) မျိုးဖြင့် ဖြေဆိုရမှာ ဖြစ်ပါ တယ်။ အောက်မှာ ဖြေဆိုရမယ့် မေးခွန်းပုံစံ (၃) နှင့် မေးခွန်းအရေအတွက်များကို အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။
( “Assessment Matrix” မေးခွန်းပုံစံ (၃) နှင့် (၄) ကို ဇယားဖြင့် ဖော်ပြပေး ထားပါတယ်။)
မြန်မာစားဖိုမှူးများ ဖွံ့ ဖြိုးတိုးတက်ရေးစင်တာ၊ ရန်ကုန်မြို့။ (Myanmar Chefs Development Centre-MCDC, Yangon) ရဲ့ “Chef Education Page” ကို လစဉ်
လက်တွေ့လုပ်ငန်းခွင်အသုံးချအတတ်ပညာ၊ အသိပညာများအား ရေးသားဖော်ပြပေး နေပါတယ်။ လာမယ့်လတွေမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ “ဟိုတယ် နှင့် စားသောက် ဆိုင် ဝန်ဆောင်မှုလုပ်ငန်းများ” နှင့် သက်ဆိုင်သောအပိုင်းများကို အထူးပြု ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့ အချက်အလက်များကို ဩစတြေးလျနိုင်ငံရှိ
“Australia AID” နှင့် “အရှေ့တောင်အာရှနိုင်ငံများအသင်း “ASEAN” အဖွဲ့အစည်း
နှစ်ခု၏ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအတွက် “William Angliss Institute of TAFE “တက္ကသိုလ်မှ “ASEAN Australia Development Cooperation Program(AADCP) Phase II: Toolbox Development for Tourism Division: Front Office, Food & Beverages Servise, Food Production “Project” အတွက် အထူးပြင်ဆင်ထုတ်ဝေပေးထားသည့် “Booklet” မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆို ရေးသားဖော်ပြပေးနေတာဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက်ဖော်ပြပေးခဲ့တဲ့ “စွမ်းဆောင်နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်း များအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” (Clean and Maintain Kitchen Equipment & Utensils) (D1.HRS.CL1.03) နှင့်သက်ဆိုင်သော အသိပညာများထဲမှ ခေါင်းစဉ် Element 3: Perform Basic Maintenance Kitchen Equipment, Utensils & Premises (စားဖိုဆောင်သုံးကိရိယာများ၊ ဆက်စပ်ပစ္စည်းများနှင့် သန့်ရှင်းထားရမည့် ဧရိယာများအား အခြေခံအားဖြင့် ထိန်းသိမ်းဆောင်ရွက်ခြင်း) နှင့် Element 4: Handle Waste and Laundry Requirements (စားဖိုဆောင်၏ စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်ရန် ဆောင်ရွက်ခြင်းများနှင့် လျှော်ဖွပ်ခြင်း ဆိုင်ရာ လိုအပ်ချက်များအား ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခြင်း) များကို Performance (လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အသေးစိတ် ခေါင်းစဉ်များ) နှင့် ပတ်သက်သည်များကို မေးခွန်းပုံစံနှင့်တကွ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Assessment Matrix [သတ်မှတ်ထားသည့် အရည်အချင်းစစ်ဆေးသည့် မေးခွန်းပုံစံ (၃) နှင့် (၄) ၏ စစ်ဆေးသည့် နည်းများ] နှင့် ပတ်သက်သည်များကို အသေး စိတ် ဖော်ပြပေးသွားခဲ့တာ ဖြစ်ပါတယ်။ ရှေ့လတွေမှာ ဆက်လက်ဖော်ပြပေးသွားမှာမို့ လေ့လာ ဖတ်ရှုနိုင်ပါတယ်။ …Welcome to MCDC, Yangon. !!! Be a Chef by your self !!! See you next month!!!!
Chef Sunny
ASEAN National Trainer & Assessor
Secretary Genearl
Myanmar Chefs Development Centre, Yangon
(MCDC, Yangon)