
by ဒေါက်တာညီညီကျော် for Food Magazine
ဇင့် (သွပ်)ဓာတ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ Trace Element လို့ခေါ်တဲ့ အနည်းငယ်သာရှိတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ သတ္တုဓာတ်ကတော့ ခန္ဓာကိုယ်မှာ အဘက်ဘက်ကနေ အကျိုးပြုနေတာတွေ အခုနောက်ပိုင်း သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိလာပါတယ်။
မည်သည့်နေရာတွေမှာ အကျိုးပြုလဲဆိုတော့-
၁။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် ယခုလို ဆောင်းရာသီမှာ အဖြစ်များတတ်တဲ့ နှာစေးချောင်းဆိုးရောဂါ၊ အအေးမိတုပ်ကွေးရောဂါ ဖြစ်ပွားမှုကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးနိုင်ပါတယ်။
၂။ ယခုနောက်ပိုင်း မျက်လုံးအားကောင်းစေတယ်ဆိုပြီးတော့လည်း ပြောဆိုလာကြပါတယ်။
၃။ သွေးတိုးရောဂါ
၎။ ဆီးချိုကြောင့် နောက်ဆက်တွဲဖြစ်တတ်တဲ့ အာရုံကြောရောဂါကို ကာကွယ်ပေးပါတယ်။
၅။ HIV, AIDS ဝေဒနာရှင်တွေမှာလည်း ကိုယ်ခံအားတက်စေပါတယ်။
၆။ သွေးထဲ ငြူငမကဘငည များနေခြင်းကို သက်သာစေခြင်း။
၇။ အစားအသောက်ပျက် (Anorexia Nervosa) ရောဂါ ကုသတဲ့နေရာမှာ ခံတွင်းလိုက်လာအောင် ပြုလုပ်ပေးနိုင်ခြင်း။
၈။ OCD (Obsessive Compulsive Disorder) ရောဂါ
၉။ စိတ်ကစဥ့်ကလျားရောဂါ
၁၀။ စိတ်ကျရောဂါ
၁၁။ ကလေးငယ်တွေမှာ အဖြစ်များတဲ့ Ateention Deficit-hyperactivity Disorder (ADHA) ရောဂါ
၁၂။ ခံတွင်းပျက်ခြင်း
၁၃။ အသည်းရောဂါကြောင့် ဦးနှောက်အာရုံကြောထိခိုက်သည့်ရောဂါ (Hepatic Encephalopathy)
၁၄။ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ
၁၅။ အူလမ်းကြောင်းရောဂါများဖြစ်တဲ့ (Crohn’s Disease, Ulcerative Colitis, Inflammatory Bowel Disease)
၁၆။ အစာအိမ်အနာရောဂါ (Gastric Ulcer)
၁၇။ ခြေထောက်မှာ အနာဖြစ်ခြင်း
၁၈။ Bed Sores
၁၉။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း
၂၀။ ပန်းသေ၊ ပန်းညှိုးဖြစ်ခြင်း
၂၁။ အရိုးပွရောဂါ
၂၂။ အဆစ်အမြစ်ရောင်ရောဂါ
၂၃။ မမျိုးဥအိမ်မှာ အရည်အိတ်တည်ခြင်း
၂၄။ ဆံပင်ကျွတ်ခြင်း
၂၅။ ပွေး
၂၆။ ဝက်ခြံ
၂၇။ ကြွက်နို့
၂၈။ Thalassemia ရောဂါ
၂၉။ အယ်ဇိုင်းမားရောဂါ
၃၀။ Down Syndrome စတဲ့ ရောဂါတွေမှာဆိုရင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုပေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇင့် (သွပ်) ဓာတ်က ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့အတွက်-
၁။ အစာမျိုပြွန်ကင်ဆာ
၂။ အူမကြီးကင်ဆာ
၃။ အစာအိမ်ကင်ဆာ
၎။ ဦးနှောက်ကင်ဆာ
၅။ ဆီးကျိတ်ကင်ဆာ
၆။ သွေးကင်ဆာအချို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သုတေသနပညာရှင်အချို့က ဆိုပါတယ်။
ယခုနောက်ပိုင်း ဆီးချိုဝေဒနာရှင်တွေများလာတာနှင့်အမျှ ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ ခြေထောက်အနာ မြန်မြန်ကျက်အောင်လည်း အထောက်အကူပြုစေပါတယ်။
ဇင့် (သွပ်) ဓာတ်က ကလေးငယ်တွေမှာဆိုရင် ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးမှုကိုလည်း အားပေးပါတယ်။
ဇင့် (သွပ်) ဓာတ်က တော်ရုံတန်ရုံ မြန်မာအစားအစာတွေနဲ့ဆိုရင် ချို့တဲ့လေ့မရှိပါဘူး။ တချို့ရောဂါနှင့် အခြေအနေတွေမှာဆိုရင်တော့ ချို့တဲ့လေ့ရှိပါတယ်။ ဥပမာ-
၁။ အပြင်းအထန်ဝမ်းလျှောခြင်း
၂။ အသည်းခြောက်ရောဂါ
၃။ အရက်အလွန်အကျွံသောက်ခြင်း
၎။ အကြီးစား ခွဲစိတ်မှုပြုလုပ်ပြီးချိန်
၅။ နှာခေါင်းထဲ အစာပိုက်ရည် အရှည်ထည့်ထားတဲ့သူတွေမှာ ချို့တဲ့လေ့ရှိတာ တွေ့ရပါတယ်။
အထက်မှာ ဖော်ပြထားတဲ့အခြေအနေတွေမှာသာ ဇင့် (သွပ်) ဓာတ်ပြည့်ဝအောင် ဖြည့်စွက်အားဆေးသောက်ဖို့ လိုကောင်းလိုအပ်ပေမယ့်လည်း သာမန်လူတွေကတော့ ဇင့်ဓာတ် (Zinc) ကို ဖြည့်စွက်အားဆေးအနေနဲ့ သောက်စရာမလိုပါဘူး။ သဘာဝ အစားအစာတွေကနေ ဇင့် (သွပ်) ဓာတ်က လုံလုံလောက်လောက်ရပါတယ်။
မည်သည့်အစားအစာတွေက ဇင့်(သွပ်)ဓာတ် ကြွယ်ဝသလဲ။
၁။ အသား၊ ငါး အမျိုးမျိုး
၂။ ပင်လယ်စာ
၃။ နို့နှင့် နို့ထွက်ပစ္စည်းများ
၎။ အစေ့အဆန်များ
၅။ ပဲအမျိုးမျိုး
၆။ နှံစား၊ ကောက်နှံ စသည်တို့ကို စားလျှင်လည်း ဇင့် (သွပ်) ဓာတ်ကြွယ်ဝစွာ ရရှိနိုင်ပါတယ်။
ဒါကြောင့် အစားအစာတော်တော်များများမှာ ပါဝင်တဲ့အတွက် အထက်မှာ ဖော်ပြထားတဲ့ အခြေအနေမရှိရင်တော့ သောက်စရာမလိုပါဘူး။ သဘာဝအစားအစာကိုသာ စားပေးဖို့ တိုက်တွန်းချင်ပါတယ်။
ဆေးသောက်နေရတဲ့သူတွေမှာလည်း တစ်ရက်ကို 40 mg ထက် မပိုသင့်ပါဘူး။ 40 mg ထက် ပိုခဲ့ရင်တော့-
၁။ အသားအရေ ပူစပ်ပူလောင်ဖြစ်ခြင်း
၂။ အော့အန်ခြင်း
၃။ ခံတွင်းပျက်ခြင်း
၎။ အစာအိမ်နှင့် ကျောက်ကပ်ထိခြင်း
၅။ ယားယံခြင်း
၆။ ကျဉ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ဆေးသောက်မည်ဆိုလျှင် မိမိသဘောနှင့် သောက်တာမျိုးမလုပ်ဘဲ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဆရာဝန်များနှင့်သာပြပြီး ဆွေးနွေးတိုင်ပင်ပါလို့ အကြံပြုပါရစေ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်