တောရှုံးပင် (အနံ့စူးရှသော ဟင်းခတ်အမွှေးအကြိုင်)

by နှင်းဦးဝေ for Food Magazine

Pizza Spice ဟုလည်း သိကြသည့်  တောရှုံးပင် သည် မြေထဲပင်လယ်ဒေသတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်သော်လည်း အပူအအေးမျှတသော ရာသီဥတုမျိုးတွင်လည်း အလွယ်တကူပေါက်ရောက် သော အကြမ်း ခံ အပင်တစ်မျိုးဖြစ်သည်။ ပူဒီနာမျိုးနွယ်ဝင် စူးရှသော အနံ့ရှိသည့် ゞင်းအပင်တွင် သေးငယ်ပြီး ဘဲဥပုံသဏ္ဌာန်ရှိသော အရွက်စိမ်းစိမ်းများ ရှိသည်။ နေရောင်အပြည့်အဝ ရသောနေရာနှင့် အက်စစ်ဓာတ် အနည်းငယ်ပါဝင်သော မြေဆီလွှာပေါ်တွင် ရှင်သန်နိုင် သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အစား အစာနှင့် ဆေးဝါးပစ္စည်း တို့တွင် အသုံးပြုခဲ့ကြသည်။

တောရှုံးပင်၏ စူးရှမွှေးကြိုင်သောအနံ့နှင့် အနည်း ငယ်  ခါးသက်သော အရသာတို့က လတ်ဆတ်သည်။ အိမ်တွင်းမီးဖိုချောင်သုံးအဖြစ် တောရှုံးပင်ကို အလွယ်

တကူ စိုက်ပျိုးနိုင်သော်လည်း ပျစ်ပြီး ခြောက်သွေ့သော ပုံစံကို အသုံးများသည်။ ပီဇာဆိုင်များတွင် တောရှုံးရွက် အခြောက်များ ထည့်ထားသော ပလတ်စတစ်ဘူးများကို ကြည့်ပါ။ ဒုတိယကမ္ဘာစစ်ကြီး စတင်ချိန်တွင် ပီဇာ၊ စပါဂက်တီခေါက်ဆွဲနှင့် ကြက်သွန်ဖြူပေါင်မုန့် စသည့် အီတလီအစားအစာများကို  အမေရိကန်လူမျိုးတို့ စွဲလမ်း ခဲ့ကြပြီး ဥရောပမှ ပြန်လာသည့် စစ်သားများအတွက် ပီဇာမှုန့်များ လုံလုံလောက်လောက်မရရှိခဲ့ကြပေ။

တောရှုံးပင်ကို Wild Marjoram  ဟု ခေါ်သည့်

ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးနှင့် အထင်မှားတတ်

ကြသော်လည်း ဂရိ (သို့) အီတလီတို့ရှိ သေးငယ်သော တောရှုံးရွက်ကလေးများတွင် ရှိသည့် စမုန်ဖြူကဲ့သို့ မွှေးကြိုင်သောရနံ့သည် Majoram ထက် အရသာပိုပြင်း သည်။ မက္ကဆီကိုဟင်းလျာများတွင် အသုံးပြုလေ့ရှိသော အရသာစူးရှပြီး ဆောင်တော်ကူးမျိုးနှင့် ဆက်နွှယ်သည့် မက္ကဆီကန် တောရှုံးရွက်ဖြင့်လည်း မမှားယွင်းသင့်ပါ။

တောရှုံးရွက်နှင့် ပင်စည်တို့မှရရှိသော ကနဦးအဆီ တွင် Thymol  နှင့် Carvacol ဓာတ်တို့ ပါဝင်နေသည်။ ဆေးဖော်စပ်နည်းများတွင် အသုံးပြုသည့် တောရှုံးရွက်နှင့် ၄င်း၏အဆီကို ဟစ်ပိုကရေးတီးတို့သာမက ဥရောပ၊ အာရှနှင့် တောင်အမေရိက ယဉ်ကျေးမှုများနှင့် နောက် ပိုင်း ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင်ပါ အသုံးပြုခဲ့ကြ သည်။ သွေးလွှတ်ကြောကျုံ့စေသည့် အတားအဆီးများ တည်ဆောက်မှုကို နှေးကွေးစေသော (သို့) တားဆီးပေး သော LDL ခေါ် သိပ်သည်းဆနည်းသော ပရိုတင်းဓာတ် တစ်မျိုးနှင့် ကိုလက်စထရောလျှော့ချသည့် အကူပစ္စည်း တို့အဖြစ်သော်လည်းကောင်း၊ မှက္ခရုနှင့် အခြားသော အရေပြားကူးစက်ရောဂါများအတွက် အထောက်အကူ ပြုသည့် သန့်စင်ဆေးရည်အဖြစ်သော်လည်းကောင်း တောရှုံးဆီကို အသုံးပြုနိုင်သည့် လေ့လာမှုများလည်း ရှိနေသည်။ လတ်လတ်ဆတ်ဆတ် စဉ်းထားသော တောရှုံးရွက် စားပွဲဇွန်း ၁ ဇွန်း (တောရှုံးရွက်ခြောက် စားပွဲဇွန်း ၂ ဇွန်း)၊ လိမ္မော်ခွံအနည်းငယ်နှင့် အချိုအရသာ အတွက် လေးညှင်းပွင့်တို့ကို ရေတစ်ခွက်နှင့် ရောထည့် ကာ လိမ္မော်တောရှုံးဆီ ပြုလုပ်နိုင်သည်။ အဖုံးဖြင့်အုပ်ပြီး ၅ မိနစ်မှ ၈ မိနစ်အထိ ထားလိုက်ပါက အရွက်များ လိပ်လာ သည်ကို တွေ့ ပြီး သုံးဆောင်နိုင်ပြီဖြစ်သည်။

အနံ့စူးရှသော ယင်းအရွက်များကို အခြောက်ခံ၍ ပီဇာမှုန့်အဖြစ်သော်လည်းကောင်း၊ ဂရိဟင်းရွက်သုပ် များတွင် စားမြိန်ရည်အဖြစ်သော်လည်းကောင်း ထည့် သွင်းအသုံးပြုကြသည်။                                                      ကိုယ်တိုင်ပြုလုပ်ထားသည့် တောရှုံးရွက်တို့ကို  လေ (သို့) နေပြပြီး အခြောက်ခံမည်ဆိုပါက မီးဖိုကထွက် သည့် အားမပြင်းသော အပူရှိန်ကြောင့် ゞင်း၏အဆီဓာတ် များ လျော့ကျစေသည်။ တောရှုံးရွက်အခြောက်များကို မိမိ၏ ဖီးဖိုချောင်ထဲတွင် လုံခြုံစွာသိမ်းဆည်းထားမည် ဆိုပါက တစ်နှစ်အထိ တာရှည်ခံသည်။

Facebook Comments