ဖာလာစေ့ (အသုံးများသော ဟင်းခတ်အမွှေးအကြိုင်)

by နှင်းဦးဝေး for Food Magazine

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဟင်းခတ်အမွှေးအကြိုင်များ၏ တတိယနေရာတွင်ရှိသော ဖာလာစေ့သည် ရသာမှုန့်နှင့် ဆေးဝါးအဖြစ် အသုံးပြုနိုင်ပြီး စူးရှသည့် ရနံ့ရှိခြင်းကြောင့် ရာစုနှစ်များစွာတိုင်အောင် ဧကရာဇ်မင်းများနှင့် စွန့်စားသူတို့ကို ဆွဲဆောင်သော ဟင်းခတ် အမွှေးအကြိုင်တို့၏ ထိပ်ခေါင်ဖြစ်နေသည်။ ချင်းမျိုးနွယ်ဝင်နှင့် မဆက်စပ်ဘဲ ခံတွင်းနံ့ဆိုးခြင်းမှစ၍ အစာအိမ်ပြဿနာများအထိ အစာခြေစနစ်နှင့်ပတ်သက်သော ဝေဒနာများကို နှစ်ပေါင်း ထောင်နှင့်ချီ၍ ကုသလာခဲ့သော ရိုးရာဆေးတစ်မျိုးလည်း ဖြစ်သည်။ အငွေ့ ပြန်လွယ်သော ဖာလာစေ့အဆီအား သွေးပေါင်ချိန်ကျဆင်းခြင်းကို ကုသရန် အသုံးပြုကြသည်။ ဗက်တီးရီးယားနှင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတို့ရှိသော အဆီကြည် (cineole) ကို ပန်းနာနှင့် အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် စမ်းသပ်အသုံးပြုကြသည်။

အိန္ဒိယတောင်ပိုင်း Cardamom တောင်တန်းဒေသတွင် ဖာလာစေ့ကို တွေ့ရှိနိုင် သည်။ ယခုအခါ အိန္ဒိယနှင့် ဂွါတီမာလာဒေသတို့တွင် ဖာလာပင်များကို ချုံပုတ်အလိုက် စီးပွားဖြစ် လှိုင်လှိုင်စိုက်ပျိုးပြီး ဆွတ်ခူးကြသည်။ ဖာလာသီးအတောင့်များကို ချုံပုတ် တစ်ခုစီ၏ အောက်ခြေမှ ဆွတ်ခူးကြသည်။

စွဲမက်ဖွယ်ကောင်းသော ဖာလာစေ့ရနံ့တွင် ရှောက်၊ သံပရာမျိုးနွယ်ဝင်၊ အမြဲစိမ်း ပင်၊ လေးညှင်းပွင့်၊ ပရုတ်နှင့် ငရုတ်ကောင်း စသည့် ရနံ့တို့ပါဝင်သည်။ မီးဖိုချောင်အတွင်းရှိ စွယ်စုံရဟင်းခတ်တစ်မျိုးအဖြစ် စားဖိုမှူးများ သုံးစွဲကြသော ဖာလာစေ့ကို အိန္ဒိယနှင့်

တရုတ်ဟင်းခတ်အမွှေးအကြိုင်အရောများ၊ မီးအေးအေးနှင့်ချက်ပြုတ်သော အသား ပြုတ်ချက်များ၊ အာရှဟင်းလျာများ၊ စကင်ဒီဗေးနီးယားပေါင်မုန့်နှင့် အချိုပွဲများတို့တွင် ထည့်သွင်းအသုံးပြုပြီး စမုန်စပါး၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်၊ ဇီရာစေ့၊ ကရဝေး၊ ငရုတ်ကောင်း၊ ချင်း၊ အရောင်တင်ပန်းငရုတ်မှုန့်၊ ကုံကုမံ၊ သစ်ခွရည်စသည့် အချိုနှင့် အဆိမ့်အရသာရှိသော ဟင်းခတ်အမွှေးအကြိုင်များ ရောနှောပါဝင် ပေါင်းစပ်နေသည်။ ၁၅ ရာစု အရေးအသားများအရ ဖာလာစေ့ကို ရှာလပတ်ရည်နှင့် ထမင်းရောချက်သော ဟင်းလျာများတွင် သုံးကြပြီး ထူးခြားသောအရသာရှိသည့် ထမင်းပေါင်းရရှိစေရန် ယနေ့အထိတိုင်အောင် ထည့်သွင်းအသုံးပြုကြဆဲဖြစ်သည်။ ဖာလာစေ့အများစုကို ယခုအခါ အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယတို့တွင် တာရှည်ခံသော အနံ့အရသာနှင့် စွဲမက် ဖွယ် ပူပူနွေးနွေးသောက်စရာတစ်ခု ဖန်တီးနိုင်ရန် ရိုးရာကော်ဖီဖျော်စပ်နည်းများ၌ ထည့်သွင်းအသုံးပြုကြသည်။ အာရပ်ကျွန်းဆွယ်ဒေသတွင် လှည့်လည်နေထိုင်သော အာရပ်လူမျိုးများသည်လည်း ဖာလာစေ့ထည့်ထားသည့် ဘူးအသေးလေးများကို ကော်ဖီအိုးနှင့် တစ်တွဲတည်း သယ်ဆောင်လေ့ရှိကြသည်။ ဗြိတိန်၊ ဥရောပနှင့် စကင်ဒီ ဗေးနီးယားတို့တွင် အသုံးပြုသော ဖာလာစေ့အဖြူသည် အချိုအရသာ ထပ်ရောစပ်ရန် ပရုတ်ရနံ့ထွက်အောင် အစိမ်းရောင် အသီးတောင့်ကို အရောင်ချွတ်ထားခြင်းဖြစ်သည်။

အစိမ်းရောင်ရှိ အတောင့်သေးသေးနှင့် ချောမွေ့နေသော အသီးတောင့်များကို ရွေးဝယ်လျှင် ပိုကောင်းပါသည်။ အလုံပိတ်ဘူးထဲ၌ ထည့်သွင်း၍ နေရောင်မရှိသော နေရာတွင် သိမ်းဆည်းမည်ဆိုပါက နှစ်နှင့်ချီ၍ ကြာရှည်ခံသည်။ အငွေ့ ပြန်လွယ်သော အဆီသည် စူးရှသောရနံ့နှင့် အမွှေးရနံ့တို့ အလွယ်တကူ ပြယ်နိုင်သောကြောင့် တစ်ကြိမ်လျှင် အစေ့နည်းနည်းထွက်နိုင်သော ပမာဏ ဘူးကိုဖွင့်၍ နည်းနည်းစီကြိတ် ယူပါ။ ဖာလာမှုန့် ဝယ်ယူထားပြီးလျှင် ခြောက်လအတွင်း အသုံးပြုပါ။

ဟင်းခတ်အမွှေးအကြိုင် မျိုးနွယ်ဝင်ပင်ဖြစ်သော ဖာလာမှုန့်အနက်တွင် အနံ့ အရသာတစ်မျိုးရှိသည်။

အသီးတောင့်များကိုခူးဆွတ်ပြီး ခြောက်သွားသောအခါ ငရုတ်ကောင်းကဲ့သို့သော မီးခိုးရနံ့တစ်မျိုး ရရှိပြီး မီးအေးအေးနှင့် ချက်ပြုတ်ရသော အသားပြုတ်ချက်များနှင့်

ဟင်းသီးဟင်းရွက်ပြုတ်ချက်များတွင် ထည့်သွင်းချက်ပြုတ်ကြသည်။

 

Facebook Comments