မုန်ညင်းစေ့ (ရောဂါကာကွယ်ပေးသော ဟင်းခတ်အမွှေးအကြိုင်)

ဆုမြတ်ဦး

Food Magazine  စာဖတ်ပရိသတ်ကြီး မင်္ဂလာပါ။ ဆုမြတ်တို့ နောက်တစ်ကြိမ် ထပ်တွေ့  ကြပြန်ပြီနော်။ ဒီလရဲ့ ဟင်းခတ်အမွှေးအကြိုင်

ကဏ္ဍမှာ ဝါဆာဘိနှင့် မုန့်ညင်းစေ့အကြောင်း တင်ပြပေးသွားမှာဖြစ်လို့ သူတို့ရဲ့ သမိုင်းကြောင်းလေးတွေ၊ သိကောင်းစရာလေးတွေနဲ့ ဘယ်လို ဟင်းပွဲတွေချက်မလဲဆိုတာကို ဆက်လက်ဖတ်ရှုပေးပါဦးနော်။

မုန်ညင်းစေ့ (ရောဂါကာကွယ်ပေးသော ဟင်းခတ်အမွှေးအကြိုင်)

သေးငယ်၍ အနက်ရောင်ရှိသော မုန်ညင်းစေ့ (Brassica Nigra) လေးများသည် အခြားမုန်ညင်းမျိုးထက် ပိုပူ၍ အိန္ဒိယနှင့်အရှေ့တိုင်း ဟင်းလျာများတွင် အကျယ်တဝင့် အသုံးပြုကြသည်။ ပူစပ်သောအရသာကို ထိန်းချုပ်နိုင်ရန်နှင့် ဆိမ့်သောအရသာ ထွက် လာစေရန် မုန်ညင်းစေ့များကို ဆီပူပူထဲတွင် ထည့်ကြော်ကြသည်။

အညိုရောင်ရှိ မုန်ညင်းစေ့နှင့် အခြားသော မုန်ညင်းမျိုးစိတ်များမှ မုန်ညင်းဆီ ထုတ်လုပ်သည်။ အရှေ့တိုင်း ဟင်းလျာများတွင် အသုံးပြုပြီး အသီးအရွက်သနပ်များနှင့် ချတ္တနီးတို့တွင် အများဆုံးထည့်သွင်းစားသုံးကြသည်။ မုန်ညင်းဆီကို ဆံပင်သန်စေရန် ရိုးရာဆေးနည်းတစ်မျိုးအဖြစ် ထူးထူးခြားခြားအသုံးပြုကြသည်။

မုန်ညင်းစေ့အမျိုးအစားပေါင်းများစွာရှိသည်။ သို့သော် မုန်ညင်းအနှစ်ဟုခေါ်သည့် မုန်ညင်းဆီကို အစာနှင့် အစာဆေးဝါးများအတွက် အသုံးများကြသည်။ ဒေသထွက် အပင်တစ်မျိုးဖြစ်ပြီး ယင်းဒေသတွင်သာ ဈေးအသင့်အတင့်နှင့် ဝယ်ယူနိုင်၍ လှိုင်လှိုင် ပေါများသော မျိုးစိတ်ဖြစ်သောကြောင့် ဥရောပတွင် မုန်ညင်းဆီကို တန်ဖိုးထားသုံးစွဲ ကြသည်။ Sinapas Alba အမည်ရှိ အဖြူရောင် သို့မဟုတ် အဝါရောင်ရှိ မုန်ညင်းကို ရှလကာရည်၊ နနွင်း၊ ဆားနှင့် အရောင်တင်မှုန့်တို့ဖြင့် ရောနှောပြင်ဆင်ပြီး ဘူးထဲထည့်၍ ရောင်းချလေ့ရှိသည်။ အမေရိကတွင် ဟမ်ဘာဂါနှင့် ဟော့ဒေါ့တို့တွင် အချဉ်အဖြစ်ဆမ်း၍ စားသုံးကြသည်။ ဗြိတိန်တွင် အဝါရောင်မုန်ညင်းမှုန့်အခြောက်ကို ရေဖြင့်ရော၍ အပူ၊ အအေး အကင်စုံဖြင့်လည်းကောင်း၊ အဝါရောင်ရှိ အသီးအရွက်သနပ်ပြုလုပ်ရန် အသီး အရွက်၊ ရှလကာရည်တို့ဖြင့် ရော၍လည်းကောင်း ချက်ပြုတ်ကြသည်။ ချိုသောအရသာ ရှိပြီး အနံ့အရသာစူးရှသည့် အီတလီစားဖွယ်  Mostarda di frutta ကို မုန်ညင်းမှုန့်၊ ချဉ်စော်ကားသီး၊ အခြားလတ်ဆတ်သော အသီးများဖြင့်ပြုလုပ်သည်။ ချိစ်အမျိုးမျိုးဖြင့် တွဲဖက်၍လည်းကောင်း၊ အေးအောင်ခဏထားပြီး တည်ခင်းဧည့်ခံသော ကြက်သား ဟင်းလျာဖြင့် တွဲဖက်၍လည်းကောင်း သုံးဆောင်နိုင်သည်။

တရုတ်မုန်ညင်းဟုခေါ်သော အညိုရောင်ရှိ Brassica Juncea ကို စပျစ်ခြောက် သို့မဟုတ် ရှလကာဝိုင်၊ ပျားရည် မုန်ညင်းစေ့တို့ဖြင့် ကြိတ်ခြေပြီး အသုံးပြုကြသည်။ ထိုကဲ့သို့ ပြုလုပ်ပြင်ဆင်ထားသော မုန်ညင်းနှစ်သည် ဥရောပတစ်လွှားတွင် လူကြိုက် များသည်။ ပြင်သစ်တွင် အမြတ်တနိုး အသုံးပြုကြသော မုန်ညင်းဆီ (၃) မျိုးရှိသည်။ အညိုရောင်ရှိပြီး အရသာပျော့သော ရှလကာရည်၊ သကြား၊ွှTarragon ရွက်နှင့် အခြား သော ဟင်းရွက်များပါဝင်သည့် Bordeaux မုန်ညင်းဆီ၊ ခရင်မ်ဝါရောင်ရှိပြီး အရသာ စူးရှသော Dijion မုန်ညင်းဆီနှင့် အရသာပျော့ပြီး မုန်ညင်းစေ့များကို ကြိတ်၍ ပြုလုပ် ထားသော moutarade a’ l’ancienne မုန်ညင်းဆီတို့ဖြစ်သည်။ ဂျာမနီနိုင်ငံတွင် Bordeaux စတိုင် ကိုယ်ပိုင် မုန်ညင်းဆီမျိုးရှိသည်။ တစ်ခါတစ်ရံ ဘီယာပါထည့်သွင်း ချက်လုပ်ပြီး ကမ္ဘာကျော် အသားအူချောင်းများဖြင့် တွဲဖက်စားသုံးကြသည်။ မုန်ညင်းဆီ သည် ရှေးကပင် စားသုံးခဲ့ကြသော ဂေါ် ဖီထုပ်ချဉ်နှင့် အခြားသော အချဉ်ဖောက်ထား သည့် စားစရာများတွင် အရေးကြီးသော ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်သည်။

ဂေါ်ဖီထုပ်မျိုးနွယ်ဝင် (ပန်းဂေါ်ဖီစိမ်း၊ ကွမ်းသီးဂေါ်ဖီထုပ်နှင့် ကိုက်လန်တို့ အပါ အဝင်) မုန်ညင်းမှရရှိသော မုန်ညင်းစေ့သည် အာဟာရဓာတ်များစွာပါဝင်ပြီး ရောဂါတို့ကို တားဆီးကာကွယ်ပေးနိုင်သည့် ဂုဏ်သတ္တိရှိသည်။ ယင်းအစေ့လေးများသည် ရနံ့မရှိသော်လည်း ရေ၊ ရှလကာရည်တို့နှင့် ရောစပ်လိုက်သည့်အခါ ပြင်းထန်စွာ နှာချေခြင်းကို ဖြစ်ပေါ်စေသည့် အင်ဇိုင်းတစ်မျိုးအဖြစ်

လည်းကောင်း စီလီနီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B-complex နှင့် ဓာတ်တိုးဆန့်ကျင်သတ္တိ A, C, K တို့အပါအဝင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ထုတ်လုပ်ပေးသည်။ မုန်ညင်းစေ့ကို အချိန် အကန့်အသတ်မရှိ သိမ်းထားနိုင်သည်။

မုန်ညင်းစေ့သည် ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေ သော isothiocyanates ဓာတ် (ထူးခြားသောအရသာရှိ ဂေါ်ဖီထုပ်မျိုးနွယ်ဝင် အသီးအနှံများမှ ထုတ်လုပ်ပေးသော ရောဂါ ကာကွယ်နိုင်စွမ်းရှိ ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် ဆာလဖာဖိုက်တို ခယ်မီကယ်) ၏ နွေးထွေးသောဂုဏ်သတ္တိပေါင်းစပ်ပါဝင်သည့် သွေး လည်ပတ်မှုစနစ်ကို ထောက်ပံ့ပေးသော သတ္တုဓာတ်များစွာ (အိုင်းယွန်း၊ မန်ဂနိနှင့် ကော့ပါး) ပါဝင်ပြီး ကိုယ်ခံအားကို တိုးစေသည်။

နှင်းဦးဝေ

Facebook Comments